ကျွန်တော့ အတွေးများ - ၁

in #life8 years ago (edited)

KimDoveFlyer-e1427718055508.jpg
photo from google

ကျွန်တော့ဘဝမှာ မာနကြီး ဘဝင်မြင့်နေတဲ့ လူတွေ အများကြီး တွေ့ဖူးတယ်။
ပိုက်ဆံရှိတဲ့ လူတချို့က သူတို့ကိုယ်သူတို့ ချမ်းသာတယ်ဆိုပြီး မာနကြီး ဘဝင်မြင့်နေတတ်ကြတယ်။
ရာထူးအာဏာရှိတဲ့ လူတချို့ကလည်း သူတို့ကိုယ်သူတို့ အာဏာရှိတဲ့ အစိုးရဝန်ထမ်း အရာရှိကြီးတွေဆိုပြီး သူတို့ကိုယ်သူတို့ မာနကြီး ဘဝင်မြင့်နေတတ်ကြပြန်တယ်။
အတတ်ပညာနဲ့ အသက်မွေးကြတဲ့ လူတချို့ကြပြန်တော့လည်း သူတို့ကိုယ်သူတို့ ပညာတတ်ကြီးတွေဆိုပြီး မာနကြီး ဘဝင်မြင့်နေကြပြန်တယ်။
အဲ့ဒီ မာနကြီးပြီး ဘဝင်မြင့်တဲ့ လူတွေ အားလုံးဟာ သူတို့ထက် ငွေကြေး ရာထူးဂုဏ်အရှိန်အဝါ ပညာ နိမ့်ပါးတဲ့ သူတွေအပေါ် အထင်အမြင်သေးတတ်ကြပြီး နှိမ့်ချ ဆက်ဆံ တတ်ကြပြန်တယ်။
အဲလိုလူတွေကို တွေ့ရင် ကျွန်တော် ရီချင်တယ်။ ဒါ့ကြောင့် သူတို့ ကိုယ့်ကိုဘယ်လိုပဲ ကြည့်ကြည့် ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ကျွန်တော်ကတော့ အမြဲတမ်း ပြုံးပြပါတယ်။
ပြီးတော့ ကျွန်တော်သူတို့ကို သနားမိတယ်။
တကယ်တော့ လူရယ်လို့ဖြစ်လာရင် ဘယ်သူမဆို ကျွန်တော်တို့အားလုံးဟာ စကြာဝဠာထဲက မြူမှုန်လေးတွေပါပဲ။
ပြီးတော့ ကျွန်တော်တို့တွေ အားလုံးဟာ မွေးကတည်းက သေမိန့်ချခံရထားပြီးသား လူတွေချည်းပါပဲ။
ကဲ-----သူငယ်ချင်းတို့
သူငယ်ချင်းတို့ရှေ့မှာ သေမိန့်ချခံထားရတဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ သေမိန့်ချခံထားရတယ်ဆိုတာကို မသိပဲ မာန်မာနတွေ ထောင်လွှားပြီး မောက်မာနေတာကို မြင်ရင် သူငယ်ချင်းတို့ ဘယ်လိုခံစားရမလဲ?
?????????????????
??????????????????
မေတ္တာလွှမ်းခြုံလို့ အေးချမ်းကြပါစေ။
ရေးသားသူ - zaw

Sort:  

အတွေးကောင်းသလို အရေးလည်းကောင်းပါတယ်

ဖတ်လို့ကောင်းပါတယ် ဆက်ရေးပါဦးဗျ

ဟုတ် ကြိုးစားပါ့မယါ

ပတ်ဝန်းကျင် အဲလိုလူတွေ အများကြီးပါပဲကွယ်

အားပေးနေတယ်နော် ဆက်ရေးဦး

တွေ့ဖူးတယ် တွေ့ဖူးတယ်
ဗီယက်နမ် honda ဆိုင်ကယ်ကို အရစ်ကျနဲ့ ဝယ်စီးပြီး မာန်တက်နေတဲ့ သူတွေ တွေ့ဖူးတယ်

တွေ့ဖူးတယ်
မြို့နယ် အရာရှိအဆင့်က နိုင်ငံတော် သမ္မတ ပုံစံ မျက်နှာပေးမျိုးနဲ့ မာန်တက်နေတာ တွေ့ဖူးတယ် ခ်ခ်ခ်ခ်

ဟုတ်ပ။အမှန်ပဲ။

ဘဝဒသနတွေလား ဘာတွေလား မဆိုးဘူး မိုက်တယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.095
BTC 62095.48
ETH 1737.24
USDT 1.00
SBD 0.39