ဘဝမှာ

in #life6 years ago

20190109_094417.jpg

ဘဝမှာ

🍀 လိုအပ်တာထက် ပိုမပြောတတ်သူမို ့……
🍀 အသိမိတ်ဆွေ ရှားပါတယ် ။

🍀 ဟန်ဆောင်ပြီး မဆက်ဆံတတ်သူမို ့……
🍀 လူချစ်လူခင် နည်းပါး ပါတယ် ။

🍀 လိမ်ညာပြီး မပြောတတ်သူမို…… ့
🍀 မိတ်ဆွေစစ်ဆိုတာ နည်းပါတယ် ။

🍀 ကိုယ်က လူတမျိုး မရှိတာကို ရှိတယ်ပြောရမှာ ရှက်တယ် ။
🍀 မသိတာကို သိတယ်ပြောရမှာ ကြောက်တယ် ။

🍀 မဟုတ်တာကို အဟုတ်လုပ်ပြောရမှာထက်……
🍀 ကိုယ့်ပါးကိုပဲ ဖြတ်ရိုက်ခံလိုက်ချင်တယ် ။

🍀 လူအများနဲ ့ ပြောဆိုဆက်ဆံရမှာထက်………
🍀 တစ်ယောက်ထဲ အေးအေးနေရတာကို မက်မောတယ်။

🍀 လူတွေသိအောင် ကြွားဖို ့ထက်……
🍀 ကိုယ်ရှိတာ ကိုယ်သိရင် ရပြီဆိုတဲ့ ခံယူချက်နဲ ့နေထိုင်တယ်။

🍀 လူဆိုတာ ကိုယ့်နှုတ်ထွက်စကားကို ……
🍀တာဝန်မယူနိုင်တာလောက် တန်ဖိုးမဲ့သူမရှိဘူးလို ့ခံယူထားသူပါ ။

🍀 ဒါကြောင့်လည်း နေရာတကာ ငါအသိ ငါအတတ်……
🍀 လုပ်ရမှာကို သိပ်ကြောက်တယ် ။

🍀 ကိုယ့်ဘဝမှာ လူမှန်းသိတတ်ခါစထဲက……
🍀 မိဘရဲ့ ဆုံးမသွန်သင်မှုတွေကြောင့်……
🍀 တပါးသူကို ကိုယ့်အတွက်နဲ ့ ဒုက္ခမရောက်အောင်……
🍀 ကြိုးစားပြီး အကောင်းဆုံးနေထိုင်ခဲ့တယ် ။

🍀 ရှိတာလေးနဲ ့ လှအောင်ဝတ်တယ် ။
🍀 ရတာလေးနဲ ့ လောက်ငအောင် စားပြီး……
🍀 အရိုးသားဆုံး နေခဲ့တာပဲ ။

🍀 ကိုယ်ဟာ လူထဲကလူလေ……
🍀 ကိုယ်တစ်ယောက်ထဲ ကောင်းအောင်နေလို ့……
🍀 မရသလို ဒီလူတွေနဲ ့ မဆက်ဆံချင်လို ့ မရသလို……
🍀 မပါတ်သတ်ချင်လို ့လည်း မရပြန်ဘူး ။

🍀 ဘယ်လ်ိုလူမျိုးတွေနဲ ့ ဆက်ဆံရပါစေ………
🍀သာစေနာစေ ဆိုတဲ့ စိတ်နဲ ့ မဆက်ဆံခဲ့တာ ဘုရားသိပါတယ် ။

🍀လူတိုင်းအပေါ် စိတ်ရင်းအတိုင်း ရိုးသားပွင့်လင်စွာဆက်ဆံခဲ့တယ်
🍀 တတ်နိုင်သလောက် မေတ္တာထား ဆက်ဆံတယ်။

🍀 ပေးနိုင်သလောက် ကူညီပေးလိုက်တယ်။
🍀 ပြန်ရလိုမှုစိတ် တစ်ခါမှ မထားခဲ့ဘူး ။

🍀 ဒါပေမယ့် တခါတလေကျ ………
🍀 ပွင့်လင်းရိုးသားမှုတွေဟာ လူတိုင်းနဲ ့ မတန်ခဲ့ဘူး ။

🍀 ကိုယ်က ဘယ်လောက် ရိုးသားသူဖြစ်နေပါစေ……
🍀 တန်ဖိုးမသိသူက ခပ်များများရယ် ။

🍀 လူတိုင်းကတော့ ပြောကြပါတယ်…
🍀 ရိုးသားမှုကို မြတ်နိုးတယ်ဆိုတဲ့ အကြောင်းတွေလေ……
🍀 တကယ်တော့ လက်ခံနိုင်သူ……
🍀 လိုက်နာနိုင်သူက ခပ်ပါးပါးလေးရှိတာ ။

🍀 ရင့်ကျက်တဲ့စိတ်တွေ ပိုင်ဆိုင်လာခဲ့ပြီမို ့ထင်ပါတယ်……
🍀 စကားတွေ အများကြီး ပြောလိုစိတ်လည်း ကုန်သွားပြီ ။
🍀 ငြင်းခုန်ရမှာလည်း မုန်းသွားပြီ ။

🍀 အလိုက်ထိုက်ပြောဆိုဆက်ဆံရမှာလည်း ပျင်းခဲ့ပြီ ။
🍀 လူအများနဲ ့ဆက်ဆံရမှာလည် ငြီးငွေသွားပြီ ။
🍀 ကိုယ့့်ရဲ့ ရိုးသားမှုတွေက အများဆုံး အသုံးချခံ……
🍀 သက်သက်ဖြစ်ခဲ့ရပေါင်း များခဲ့ပြီလေ ။

🍀 ခုနေတတ်ပြီ ……
🍀 အပေါင်းသင်းဆိုတာ သီးသန် ့ထားနေဖို ့မလိုတော့ဘူး ။
🍀 မိတ်ဆွေစစ်ကိုလည်း ရှာပေါင်းနေဖို ့မလိုတော့ဘူး ။
🍀 တစ်ယောက်ထဲနေတိုင်းလည်း အထီးကျန်မဆန်မှန်း……
🍀 နားလည်ခဲ့ပြီ ။

🍀 တကယ်လည်း……
🍀 ကမ်ဘာ့လူဦးရေ သန်းပေါင်းများစွာထဲက……
🍀 အနေနီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ……
🍀 ကိုယ့်စိတ်နဲ ့ ထပ်တူမကြတောင် သဘောထားချင်း……
🍀 တိုက်ဆိုင်သူ မိတ်ဆွေ အနည်းအကျဉ်းရှိနေရင် ကျေနပ်ပြီ ။

🍀 အနေနီးသလောက် စိတ်ညစ်စရာ ပေးနေသူတွေထက်……
🍀 အဝေးကနေ အားပေးဖော်ကို ပိုခင်တွယ်ဖို ့ကောင်းပါတယ် ။

🍀 မေတ္တာဆိုတာ လူတိုင်းအပေါ်ထားလို ့ ရတယ်……
🍀 လူတိုင်းကိုတော့ မပေးသင့်ဘူး ဆိုတာ သိပြီးနောက်……
🍀 ရိုးသားလို ့ရတယ်။ နေရာတကာရိုးသားနေလို ့ မရဘူး
🍀 ဆိုတာ သိပြီးနောက် ……
🍀 တပါးသူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း……
🍀 ထူးပြီး မတောင်းတတော့ဘူး။

🍀 ကိုယ်ကလည်း လိုတာထက် ပိုမပေးမိတော့ဘူး……
🍀 နေတတ်သလို နေလိုက်တဲ့ဘဝမှာ……
🍀 လွတ်လပ်ပေါ့ပါးစွာနဲ ့ အေးချမ်းခဲ့ပါပြီ ။

🍀 " လူတွေချစ်အောင် တမင်ဟန်ဆောင်ပြုံးပြနေရတာထက်
🍀 လိုတာထက် ပိုမပြောတတ်လို ့……
🍀 ချစ်ခင်သူရှားတဲ့ ဘဝက ပိုလွတ်လပ်တယ် "

Credit_Thi Ha

--------------–-----_____-----------------------

ဘဝမွာ

🍀 လိုအပ္တာထက္ ပိုမေျပာတတ္သူမို ့……
🍀 အသိမိတ္ေဆြ ရွားပါတယ္ ။

🍀 ဟန္ေဆာင္ၿပီး မဆက္ဆံတတ္သူမို ့……
🍀 လူခ်စ္လူခင္ နည္းပါး ပါတယ္ ။

🍀 လိမ္ညာၿပီး မေျပာတတ္သူမို…… ့
🍀 မိတ္ေဆြစစ္ဆိုတာ နည္းပါတယ္ ။

🍀 ကိုယ္က လူတမ်ိဳး မရွိတာကို ရွိတယ္ေျပာရမွာ ရွက္တယ္ ။
🍀 မသိတာကို သိတယ္ေျပာရမွာ ေၾကာက္တယ္ ။

🍀 မဟုတ္တာကို အဟုတ္လုပ္ေျပာရမွာထက္……
🍀 ကိုယ့္ပါးကိုပဲ ျဖတ္ရိုက္ခံလိုက္ခ်င္တယ္ ။

🍀 လူအမ်ားနဲ ့ ေျပာဆိုဆက္ဆံရမွာထက္………
🍀 တစ္ေယာက္ထဲ ေအးေအးေနရတာကို မက္ေမာတယ္။

🍀 လူေတြသိေအာင္ ႂကြားဖို ့ထက္……
🍀 ကိုယ္ရွိတာ ကိုယ္သိရင္ ရၿပီဆိုတဲ့ ခံယူခ်က္နဲ ့ေနထိုင္တယ္။

🍀 လူဆိုတာ ကိုယ့္ႏႈတ္ထြက္စကားကို ……
🍀တာဝန္မယူနိုင္တာေလာက္ တန္ဖိုးမဲ့သူမရွိဘူးလို ့ခံယူထားသူပါ ။

🍀 ဒါေၾကာင့္လည္း ေနရာတကာ ငါအသိ ငါအတတ္……
🍀 လုပ္ရမွာကို သိပ္ေၾကာက္တယ္ ။

🍀 ကိုယ့္ဘဝမွာ လူမွန္းသိတတ္ခါစထဲက……
🍀 မိဘရဲ႕ ဆုံးမသြန္သင္မႈေတြေၾကာင့္……
🍀 တပါးသူကို ကိုယ့္အတြက္နဲ ့ ဒုကၡမေရာက္ေအာင္……
🍀 ႀကိဳးစားၿပီး အေကာင္းဆုံးေနထိုင္ခဲ့တယ္ ။

🍀 ရွိတာေလးနဲ ့ လွေအာင္ဝတ္တယ္ ။
🍀 ရတာေလးနဲ ့ ေလာက္ငေအာင္ စားၿပီး……
🍀 အရိုးသားဆုံး ေနခဲ့တာပဲ ။

🍀 ကိုယ္ဟာ လူထဲကလူေလ……
🍀 ကိုယ္တစ္ေယာက္ထဲ ေကာင္းေအာင္ေနလို ့……
🍀 မရသလို ဒီလူေတြနဲ ့ မဆက္ဆံခ်င္လို ့ မရသလို……
🍀 မပါတ္သတ္ခ်င္လို ့လည္း မရျပန္ဘူး ။

🍀 ဘယ္လ္ိုလူမ်ိဳးေတြနဲ ့ ဆက္ဆံရပါေစ………
🍀သာေစနာေစ ဆိုတဲ့ စိတ္နဲ ့ မဆက္ဆံခဲ့တာ ဘုရားသိပါတယ္ ။

🍀လူတိုင္းအေပၚ စိတ္ရင္းအတိုင္း ရိုးသားပြင့္လင္စြာဆက္ဆံခဲ့တယ္
🍀 တတ္နိုင္သေလာက္ ေမတၱာထား ဆက္ဆံတယ္။

🍀 ေပးနိုင္သေလာက္ ကူညီေပးလိုက္တယ္။
🍀 ျပန္ရလိုမႈစိတ္ တစ္ခါမွ မထားခဲ့ဘူး ။

🍀 ဒါေပမယ့္ တခါတေလက် ………
🍀 ပြင့္လင္းရိုးသားမႈေတြဟာ လူတိုင္းနဲ ့ မတန္ခဲ့ဘူး ။

🍀 ကိုယ္က ဘယ္ေလာက္ ရိုးသားသူျဖစ္ေနပါေစ……
🍀 တန္ဖိုးမသိသူက ခပ္မ်ားမ်ားရယ္ ။

🍀 လူတိုင္းကေတာ့ ေျပာၾကပါတယ္…
🍀 ရိုးသားမႈကို ျမတ္နိုးတယ္ဆိုတဲ့ အေၾကာင္းေတြေလ……
🍀 တကယ္ေတာ့ လက္ခံနိုင္သူ……
🍀 လိုက္နာနိုင္သူက ခပ္ပါးပါးေလးရွိတာ ။

🍀 ရင့္က်က္တဲ့စိတ္ေတြ ပိုင္ဆိုင္လာခဲ့ၿပီမို ့ထင္ပါတယ္……
🍀 စကားေတြ အမ်ားႀကီး ေျပာလိုစိတ္လည္း ကုန္သြားၿပီ ။
🍀 ျငင္းခုန္ရမွာလည္း မုန္းသြားၿပီ ။

🍀 အလိုက္ထိုက္ေျပာဆိုဆက္ဆံရမွာလည္း ပ်င္းခဲ့ၿပီ ။
🍀 လူအမ်ားနဲ ့ဆက္ဆံရမွာလည္ ၿငီးေငြသြားၿပီ ။
🍀 ကိုယ့့္ရဲ႕ ရိုးသားမႈေတြက အမ်ားဆုံး အသုံးခ်ခံ……
🍀 သက္သက္ျဖစ္ခဲ့ရေပါင္း မ်ားခဲ့ၿပီေလ ။

🍀 ခုေနတတ္ၿပီ ……
🍀 အေပါင္းသင္းဆိုတာ သီးသန္ ့ထားေနဖို ့မလိုေတာ့ဘူး ။
🍀 မိတ္ေဆြစစ္ကိုလည္း ရွာေပါင္းေနဖို ့မလိုေတာ့ဘူး ။
🍀 တစ္ေယာက္ထဲေနတိုင္းလည္း အထီးက်န္မဆန္မွန္း……
🍀 နားလည္ခဲ့ၿပီ ။

🍀 တကယ္လည္း……
🍀 ကမ္ဘာ့လူဦးေရ သန္းေပါင္းမ်ားစြာထဲက……
🍀 အေနနီးသည္ျဖစ္ေစ ေဝးသည္ျဖစ္ေစ……
🍀 ကိုယ့္စိတ္နဲ ့ ထပ္တူမၾကေတာင္ သေဘာထားခ်င္း……
🍀 တိုက္ဆိုင္သူ မိတ္ေဆြ အနည္းအက်ဥ္းရွိေနရင္ ေက်နပ္ၿပီ ။

🍀 အေနနီးသေလာက္ စိတ္ညစ္စရာ ေပးေနသူေတြထက္……
🍀 အေဝးကေန အားေပးေဖာ္ကို ပိုခင္တြယ္ဖို ့ေကာင္းပါတယ္ ။

🍀 ေမတၱာဆိုတာ လူတိုင္းအေပၚထားလို ့ ရတယ္……
🍀 လူတိုင္းကိုေတာ့ မေပးသင့္ဘူး ဆိုတာ သိၿပီးေနာက္……
🍀 ရိုးသားလို ့ရတယ္။ ေနရာတကာရိုးသားေနလို ့ မရဘူး
🍀 ဆိုတာ သိၿပီးေနာက္ ……
🍀 တပါးသူေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကိုလည္း……
🍀 ထူးၿပီး မေတာင္းတေတာ့ဘူး။

🍀 ကိုယ္ကလည္း လိုတာထက္ ပိုမေပးမိေတာ့ဘူး……
🍀 ေနတတ္သလို ေနလိုက္တဲ့ဘဝမွာ……
🍀 လြတ္လပ္ေပါ့ပါးစြာနဲ ့ ေအးခ်မ္းခဲ့ပါၿပီ ။

🍀 " လူေတြခ်စ္ေအာင္ တမင္ဟန္ေဆာင္ၿပဳံးျပေနရတာထက္
🍀 လိုတာထက္ ပိုမေျပာတတ္လို ့……
🍀 ခ်စ္ခင္သူရွားတဲ့ ဘဝက ပိုလြတ္လပ္တယ္ "

Credit_Thi Ha

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66094.73
ETH 3446.09
USDT 1.00
SBD 2.66