အတွေ့အကြုံနဲ့အတွေးအမြင်

in #life7 years ago

ကျွန်တော်တို့ကလေးဘဝတုန်းက ကစားတယ် စားတယ် ပြီးရင်အိပ်မယ် အပိုတွေမတွေးဘူး
နောက်တော့ အသက်ကြီးလာတယ် လူလောကထဲစဝင်တယ်(လူမျိုးစုံနဲ့ကြုံရတယ်)
ကြုံရတော့ အတွေးအမြင်တွေကပြောင်းလာပြီ ပြောင်းလာတော့ အဲ့အပေါမှာဘယ်လိုအကျိုးသက်ရောက်မူတွေဖြစ်လာလဲ တချို့တွေကလဲကောင်းမွန်စွာနေထိုင်ကျတယ် တချို့ကျတော့လဲလမ်းမှားရောက်သွားတယ် ကျွန်တော်စပြောချင်တာ အဲ့လမ်းမှားရောက်သွားတဲ့နေရာကိုစပြောချင်တာ လမ်းမှားရောက်တာဘာနဲ့ဆိုင်လဲဆိုတော့
ကိုယ်ရဲ့ပင်ကိုစိတ်နဲ့ကိုယ်ကျင်လည်တဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တယ် လမ်းမှားရောက်တယ်ဆိုတာအမျိုးမျိုးရှိတယ် လမ်းမှားရောက်တယ်ဆိုတာ မအောင်မြင်တာကိုပြောတာမဟုတ်ဘူး အယူအဆလွဲသွားတာကိုပြောတာ(အဲ့နေရာမှာ image
အောင်မြင်အောင်လုပ်ကျတာ(လူကောင်း လူဆိုး လူလည်)ဆိုပြီး ၃ မျိုးရှိတယ် အကုန်လုံးကလမ်းကြောင်းကတခုထဲကသွားရတာ ဆိုလိုတာအောင်မြင်မူစီရောက်အောင်သွားရတဲ့အထိလုပ်ဆောင်မူကအတူတူပဲ နောက်ဆုံးခံယူချက်တွေမှာကွဲသွားတာ ကွဲသွားတော့ရလာတဲ့အကျိုးရလဒ်တွေကမတူတော့ဘူး (အဲ့လို့ဖြစ်တာမကောင်းဘူးဗျ) ကိစ္စတိုင်းကရိုးရိုးတွေးတာအကောင်းဆုံးပဲ(ပါးနပ်မူမရှိရဘူးလို့ပြောတာမဟုတ်ဘူး)သဘောတရားတခုရှိတယ် အဲ့ဒါကပုံမှန်တွေးရင်လည်ပတ်တယ် ဆိုလိုတာပုံမှန်တွေးတာအကောင်းဆုံးပဲ ဒါပင်မဲ့အောင်မြင်မူစီရောက်သွားရင်ခင်ဗျားအရင်ကတွေးထားသလိုမဟုတ်တော့ဘူး အတွေးတွေကပြောင်းသွားတယ် ကောင်းတဲ့ဘက်ကိုရောက်သွားသလိုဆိုးတဲ့ဘက်ကိုရောက်သွားတာလဲရှိတယ် အဲ့ဒါကကိုယ်ဖြတ်သန်းခဲ့ရတဲ့အတွေအကြုံနဲ့ဆိုင်တယ် အဲ့အချိန်မှာမိတ်ကောင်းဆွေကောင်းတွေရှိရတယ် (စိတ်ပညာရှုထောင့်ကနေကြည့်ရင် အတွေအကြုံမရှိတော့တာ အောင်မြင်မူဆိုတဲ့နေရာစီကိုရောက်သွားရင်ဆက်သွားဖို့က (အတိအကျပုံစံမရှိဘူး) ပြောချင်တာအောင်မြင်အောင်လုပ်တဲ့အထိနားလည်တယ် အောင်မြင်ပြီးသွားရင်ဘာဆက်လုပ်မလဲဒါကကိုယ့်ရဲ့ဖန်တီးမူနဲ့ဆိုင်တယ် ရွေးချယ်တာမှန်ရင်တော့ကောင်းသွားတာပေါ့ မှားရင်တော့ဆိုးသွားတာပေါ့ အဲ့မှာကိုယ့်ပါကိုယ်ဆိုးတာပြသာနာမရှိပင်မဲ့ပတ်ဝန်းကျင်ကိုထိခိုက်လာရင်ပြသာနာရှိတယ်
ကမ္ဘာပေါမှာပေါခဲ့တဲ့လူတော်လူဆိုးတွေလဲအများကြီးပဲ (အဲ့ဒါကြောင့်ခုကမ္ဘာပေါမှာငြိမ်းချမ်းရေးကိုဖော်ဆောင်နေကျတယ် ဥပမာ လူတစ်ယောက်ကိုသတ်တယ် အမြင့်ဆုံးကသေဒဏ်ပဲ လူငါးယောက်သတ်လဲအမြင်ဆုံးကသေဒဏ်ပဲ ဒါတောင်အယူခံဝင်လို့ရတာတွေ အသနားခံတာတွေလုပ်လို့ရသေးတယ် ဘာလိုအဲ့လိုလုပ်ခွင့်တွေပေးတာလဲဆိုတော့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ချင်လို့ လူအခွင့်အရေးတွေကိုပေးလာတာ ဒါပင့်မဲ့ငြိမ်းချမ်းရေးဆိုတာ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်ဖို့လိုတယ်) အဲ့ဒါကြောင့်အယူအဆတွေမမှားပါစေနဲ့

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.030
BTC 59374.25
ETH 2544.66
USDT 1.00
SBD 2.47