လိုအပ်တာထက်မပိုစေနဲ့

in #life6 years ago

လူတစ်​ချို့အ​ပေါ် လိုတာထက်​ပိုသွားတဲ့ ကိုယ်​ရဲ့
ခင်​မင်​မှုအတွက်​ ပြန်​ရတာက ကိုယ့်​ဟာ
သူတို့အတွက်​ လူပိုတစ်​​ယောက်​ဖြစ်​သွားတာဘဲအဖတ်​တင်​တယ်​..

လူတစ်​ချို့အ​ပေါ် လိုအပ်​တာထက်​ ​ကောင်းပြမိတဲ့အခါ
ကိုယ့်​ဟာသူတို့အတွက်​ အသုံးချခံ အရာဝတ္တုတစ်​ခုလို့
သ​ဘောထားလာကြတတ်​တယ်​..

လူတစ်​ချို့​ပေါ် လိုအပ်​တာထက်​ဂရုစိုက်​မိတဲ့အခါ
ကိုယ့်​ဟာ သူတို့အတွက်​ အပယ်​ခံလူတစ်​​ယောက်​ဖြစ်​မှန်းမသိဖြစ်​လာတယ်

လူတစ်​ချို့​အပေါ် လိုအပ်​တာထက်​ပေးဆပ်​မိတဲ့အခါ
ကိုယ့်​ဟာ သူတို့အတွက်​ အဖြည့်​ခံလူတစ်​​ယောက်​လို့ ကိုယ်​အ​ပေါ်​တွေးလာတတ်​ကြတယ်​..

လူတစ်​ချို့အ​ပေါ် လိုတာထက်​ပိုပြီး ချစ်​ပြမိခဲ့ရင်
ကိုယ့်​ဟာသူတို့အမြင်​မှာကိုယ်​အ​ပေါ် တန်​ဖိုးထားဖို့ ​မေ့လာတတ်​ကြတယ်​..

လူတစ်​ချို့အ​ပေါ် လိုအပ်​တာထက်​ နားလည်​မှု​ပေးမိခဲ့ရင်
ကိုယ့်​ဟာသူတို့အမြင်​ ဘာမှမသိတဲ့ ခပ်​ညံညံလူတစ်​​ယောက်​လို့ ဆက်​ဆံလာကြတယ်​..

ဒါ​ကြောင့်​မို့ ကျွန်​မလူတစ်​ချို့အပေါ် သူတို့ပြုမူသလို
မှန်​တစ်​ချပ်​ရဲ့ သက်​​ရောက်​မှုအတိုင်း တုန့်​ပြန်​လိုက်​တဲ့အခါ
ကျွန်​မက မာနကြီးတယ်​လို့ သူတို့ ​တွေးကြလိမ့်​မယ်
တစ်​ခါတစ်​​လေ မလိုအပ်​တဲ့ပက်​သက်​မှု​တွေက
သူတို့အတွက်​လည်း ဝန်​ပိုသလို
ကို​ယ့်​စေတနာ​တွေလည်း အလားကား ဖြစ်​သွားတတ်​လို့
လူ​တွေအ​ပေါ်ကျွန်​မ လိုအပ်​တာထက်​ ပိုတဲ့
ဆက်​ဆံ​ရေး​တွေ မပြုမူတတ်​​တော့ဘူး​လေ
သူတို့​နေနိုင်​သလို့ ကျွန်​မလည်း ​နေနိုင်​​အောင်​ကြိုးစားလိုက်​​တော့တယ်​...

Credit to မိုးရည်စက်hm

Jk

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58659.71
ETH 3164.52
USDT 1.00
SBD 2.43