သင်​ခန်းစာ

in #life6 years ago

သင်​ခန်းစာ
✏ ✏ ✏
image
လူကြီး တစ်​​ယောက်​ ပလိုင်းတစ်​လုံးလွယ်​ပြီး
ရေအိုင်​ထဲဆင်းပြီ ကွန်​ပစ်​​နေတယ်
ဒါကို ကုန်း​ပေါ်က ​၅ တန်း အရွယ်​ 
ကျောင်းသား​လေးတစ်​​ယောက်​ စိတ်​ဝင်​တစား
ရပ်​ကြည့်​​နေတယ်

ကွန်​ပစ်​​နေတဲ့ လူကြီး ကြာ​လာတော့
သတိထားမိသွားတယ်
ဟိုက​လေး မင်း​ကျောင်းမသွားဘူးလား

ဟုတ်​ကဲ့ ​ကျောင်းမတတ်​ချင်​လို့

လူကြီးက ကုန်း​ပေါ်ပြန်​တက်​လာတယ်
ရေ​လေးဘာ​လေး​သောက်​ထိုင်​ချလိုက်​ပြီး

တကယ်​​ကျောင်းမတက်​ချင်​တာလား
ဟုတ်​ကဲ့
မင်းအ​ဖေဘာလုပ်​လဲ
ဆံပင်​ညှပ်​ ဆရာပါ

အင်း မင်း​ရော ဆံပင်​ညှပ်​ တတ်​ပြီလား

မညှပ်​တတ်​​သေးပါဘူး

ရော့ ဒါ ငါပုဆိုး မင်းအဝတ်​စား​တွေချွတ်
ဘာလုပ်​ဖို့လဲ
ငါနဲ့အတူ ကွန်​ပစ်​​လေ
တကယ်​လားဦး
တကယ်​​ပေါ့ကွ

ဟုတ်​ကဲ့
ကျောင်းသား​လေးလည်း
ပျော်​​ပျော်​ရွှင်​ရွှင်​ အဝတ်​​တွေလှဲလိုက်​တယ်

ပြီး​တော့ လူကြီးနဲ့ ကန်​ထဲဆင်းလိုက်​တယ်
ရော့ က​လေး
ပိုက်​ကွန်​ကို လက်​ဖျံ​ပေါ်ဒီလိုတင်
ပြီးရင်​ စ​ကောလှဲ့သလို ဒီလိုပစ်
ပစ်​ပြီးတာနဲ့ ပြန်​မဆွဲနဲ့
ခဲသီး​လေး​တွေ ​​အောက်​​ရောက်​​အောင်​ ခဏ​စောင့်
ပြီးရင်​ ဖြည်းဖြည်း ချင်း ပြန်​သိမ်း

လူကြီးက သုံး​လေးခါပြတယ်
ပြီး​တော့ ​ကောင်​​လေးကိုပစ်​ခိုင်းတယ်

ပထမဆုံးစလုပ်​​တုန်းက​တော့ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ပဲ
ဆယ်​ခါ ဆယ့်​ငါးခါ​လောက်​ကျ​တော့
ကောင်​​လေး​ချွေးအရမ်းထွက်​လာတယ်
လူလည်းအရမ်းပင်​ပန်းလာတယ်
ကျောင်းဆင်းချိန်​ ​ရောက်​ကာနီး​တော့
ကောင်​​လေးကို​ခေါ်းပြီး အိုင်​တစ်​ဖက်​ကိုဖြတ်​တယ်
ဟိုဖက်​ခြမ်းက ​ချောင်းက​လေးမှာ ​ရေချိုးသန့်​စင်​ခိုင်းပြီး
ပြန်​လွတ်​လိုက်​တယ်

ပြန်​ခါနီး ​ကောင်​​လေးကိုမှာလိုက်​တယ်
မနက်​ဖြန်​ ​ကျောင်းမတက်​ချင်​ရင်​လာခဲ့ပါ
မင်းအတွက်​ငါ လက်​​ဆောင်​​ပေးမယ်

နောက်​​နေ့ ကြ​တော့ ​ကောင်​​လေး​ရောက်​လာတယ်
အဖြူအစိမ်း​လေးနဲ့
လာ ​ကောင်​​လေး ထမင်းကြမ်းစား
ဒါမ​နေ့က မင်းပစ်​ခဲ့လို့မိတဲ့ငါး​တွေ

ဦးတစ်​​နေ့ကုန်​ လုပ်​တာ ဒါ​လေးပဲရတယ်​​နော်
အေး​လေကွာ
ကွန်​ဘယ်​​လောက်​ကြီးကြီး
အပြည့်​ငြိရိုးမရှိပါဘူး
ကွန်​ဆိုတာ အတတ်​ပညာတစ်​ခုပဲ
ငါးဆိုတာ ကွန်​ပစ်​သူရဲ့​မျှော်​လင့်​ချက်​​လေ

လာ​ကျောင်းဖွင့်​ဖို့ ၁၅မိနစ်​လို​သေးတယ်
မင်းပုဆိုး ခါး​ထောင်းကျိုက်​လိုက်
ပြီးရင်​ ဒီအိုင်​ကိုဖြတ်​ပြီး​ချောင်းနဲ့အိုင်​ကြားက
ကုန်း​လေး​ပေါ်တက်

ကောင်​​လေးမင်းကြည့်​စမ်း
ဒီဘက်​က ​ရေအမြဲစီး​နေတဲ့​ချောင်း
ဒီဘက်​က​တော့ ငါ့တို့မ​နေ့က ကွန်​ပစ်​ခဲ့တဲ့အိုင်

ရော့ ခွက်​နှစ်​ခွက်
ချောင်းထဲက ​ရေကိုခပ်​ခဲ့
ပြီးရင်​အိုင်​ထဲက​ရေကိုခပ်​ခဲ့

မင်းသာ​ရေအရမ်းဆာတယ်​ဆိုရင်
ဘယ်​ဟာကို​သောက်​မလဲ
ချောင်းထဲက​ရေကို​သောက်​မှာ​ပေါ့
သူက ​စီးဆင်း​နေတယ်​ အေးတယ်​ ကြည်​လင်​တယ်

အိုင်​ထဲက​ရေက​တော့ ဗွက်​ပုပ်​နံ့​​တွေ
သစ်​ရွက်​ပုပ်​​တွေနဲ့ ​နောက်​ကျိ​နေတယ်

မင်းအတွက်​ငါ​ပေးတဲ့လက်​​ဆောင်​ပဲက​လေး
ပညာသင်​တယ်​ဆိုတာ စီးဆင်း​နေတဲ့​ရေလိုပဲ
စိတ်​ကို ကြည်​လင်​​စေတယ်
ဘဝကို ​​အေးချမ်း​စေတယ်
ကျောက်​​ဆောင်​အခက်​ခဲ​တွေကို
ဖြတ်​သန်းနိုင်​တယ်

မင်း စီးဆင်းတာကိုရပ်​လိုက်​တာနဲ့
မင်းဘဝထဲကို သစ်​ရွက်​​ခြောက်​​တွေကျလာမယ်
ပုပ်​လာမယ်​ အနံ့ဆိုး​တွေထွက်​လာမယ်

စီးဆင်းခွင့်​ရှိ​နေတဲ့မင်းဘဝကို
ဘာလို့ အပုပ်​နံ​တွေနဲ့ပြည့်​​စေမှာလဲ
မင်း ခုလို ​နေနိုင်​ပညာသင်​နိုင်​ဖို့ ရုန်းကန်​​နေရတဲ့
မင်းမိဘရဲ့အခက်​ခဲကိုသိချင်​ရင်
သူဆိုင်​မှာ တစ်​ရက်​​လောက်​​လေ့လာကြည့်​ပါ

အတတ်​ပညာတိုင်းဟာ အသိပညာနဲ့အ​ခြေ ခံရတယ်
ရေပုံးနှစ်​ပုံထမ်းတာ အသိပညာမလိုဘူးလို့
မင်းထင်​နိုင်​ပါတယ်
ရှေ့​နောက်​ဟန်​ချက်​ညီ​အောင်​ တံပိုးကိုထားပြီးထမ်းတတ်​မှ
အဆင်​​ပြေတာပါ ဒါဟာ ပညာပါပဲ

ရှေ့က အသိပညာဆို ​နောက်​ကအတတ်​ပညာပဲ
မင်းရဲ့ကြိုးစားမှုက တံပိုး​ပေါ့
ဒါကို​သေချာ မဖိတ်​မစင်​​အောင်​ထိန်းသိမ်းရမှာ
ထမ်းပိုး​နေတဲ့မင်းပါ က​လေး

မင်း​ငါနဲ့ကွန်​ပစ်​ချင်​​သေးလား......။

အ​တွေးတစ်​ခုခုရပါ​စေ။

Sort:  

You received a 16.67% upvote from @brotherhood thanks to @tinkoko!,
join on @brotherhood community on discord channel:https://discord.gg/3HZdaGk and share your post there.

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67164.91
ETH 3518.77
USDT 1.00
SBD 2.71