အားတင်းထားပါ

in #life6 years ago

image
မင်းအတွက်​ပါ
########

ကိုယ်​မလုပ်​ဖူးတဲ့ အလုပ်​ကို
စတင်​ရမှာမို့ ​တွေး​ကြောက်​​နေတာလား

ဒီလမ်း​ကြောင်းကို​ရွှေးချယ်​ပြီး
ဆည်းပူးခဲ့တယ်​ ​လေ့လာခဲ့တယ်
ဘာကို စိုးရိမ် ​နေတာလဲ

လဲကျသွားမှာကိုလား
ပျောက်​ကွယ်​သွားတာမှမဟုတ်​တာ
လဲကျရင်​ပြန်​ထ​ပေါ့
အရမ်းနာရင်​ အချိန်​နည်းနည်းယူ
အလုပ်​ဆိုတာ လုပ်​ရင်းနဲ့သင်
သင်​ရင်းနဲ့ဆန်းသစ်
ဆန်းသစ်​ရင်း ​ရှေ့ဆက်
ဒါဟာ ဘဝပဲ​လေ

ကြောက်​ခြင်​လို့​ကြောက်​တယ်​ဆိုရင်
မဟုတ်​တာလုပ်​မိသွားမှာကို​ကြောက်​ပါ

သူများထက်​ခိုင်​မာတဲ့ရပ်​တည်​မှုမျိုးကိုလိုချင်​ရင်
သူမတူတဲ့ကြိုးစားအားထုတ်​မှု​တော့ရင်းနှီးရမှာ​ပေါ့

တကယ့်​ဘဝဆိုတာ စာအုပ်​မဟုတ်​ဘူး
ခရီးတစ်​ခုမဟုတ်​ဘူး
ဘဝကိုရင်​ဆိုင်​ဖို့ အား​ပေးလို့ပဲရတယ်
မင်းအစားဘယ်​သူကမှ ဝင်​ပြီးကိုယ်​စားရင်​ဆိုင်​လို့မရဘူး

ဘဝက ​ရှေ့​နေတစ်​​ယောက်​နဲ့
ရှောင်​လွဲချက်​​တွေ​ပေးလို့မရဘူး
မင်းဘဝအတွက်​ မင်းကတရားသူကြီးပဲ

မင်းအားကျခဲ့တဲ့လူ​တွေ ရှိမှာပါ
ဘာ​ကြောင့်​အားကျတယ်​ဆိုတဲ့ အ​ဖြေကမင်းစီမှာ
ဒါဆိုရင်​ မင်းကို ​နောင်​လာမယ်​လူ​တွေအားကျ​စေဖို့
မင်းတစ်​ခုခု​တော့ လုပ်​ပြနိုင်​ရမယ်

မင်းဘဝက ​လှေကားမဟုတ်​ဘူး
မင်းဘဝက ​လှေကား​တွေကိုနင်းတက်​ဖို့ပဲ

လုပ်​စမ်း မင်းအစွမ်းရှိသ​ရွှေ့
မင်း ရဲ့ အတိတ်​ဘယ်​​လောက်​ဆိုးဆိုးလူ​တွေမသနားဘူး
မင်း အနာဂတ်​မှာ လှပလာရင်​​တော့
မင်းရဲ့ အတိတ်​ကို လူ​တွေ ကရုဏာ သက်​ကြတယ်
အတုယူကြမယ်​ ချီးမွမ်းကြမယ်

ကောင်း​သော ​လျှောက်​လှမ်းမှုသာဖြစ်​ပါ​စေသူငယ်​ချင်း။

Sort:  

You received a 16.67% upvote from @brotherhood thanks to @tinkoko!,
join on @brotherhood community on discord channel:https://discord.gg/3HZdaGk and share your post there.

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67096.35
ETH 3509.27
USDT 1.00
SBD 3.22