life is short

in #life6 years ago

![IMG_20180509_005318.png]( ယတြာ ဆိုတာ ရှေးရှေးမင်းများလက်ထပ်ထဲက အရေးပါခဲ့သော ယုံကြည်မှုတစ်ခုပင်ဖြစ်ပါတယ်။ ဈေးသုံးလဲမပယ်နဲ့ ရှေးသုံးလဲမပယ်နဲ့ ဆိုတာပေါ့ဗျာ။

IMG_20180509_005242.png

၇ ရက် သားသမီးများ အတွက် ကံကြမ္မာ

တနင်္ဂနွေသားသမီးများ

ဒီရက်အတွင်း ငွေအထူးရွှင်မယ်။ နိုင်ငံခြား ၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့အလုပ်တွေ အောင်မြင်မယ့်အချိန် ဖြစ်ပါတယ်။ အိမ်အဆောက်အဦးကိစ္စအောင်မြင်မယ်။ အထည် ၊ ထီး ၊ ဖိနပ် ၊ လျှပ်စစ်ပစ္စည်း ၊ ထီ ၊ ကား ၊ ကျောက် ၊ ကွန်ပျူတာ ၊ ကင်မရာ ၊ ကြက် ၊ ငါးအလုပ်တွေ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ အိမ်ထောင်ရှင်တွေအဖို့ အဆင်မပြေမှုတွေ များနေတတ်ပါတယ်။ ချစ်သူရည်းစားတွေအတွက်ကတော့ ကြည်နူးချမ်းမြေ့ဖွယ်သတင်းကောင်းတွေ ကြားရတတ်တဲ့ ကိန်းမျိုးပါပဲ။ ရှေ့ဆုံးမှာ ၂၇ အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်တွေ ရှာပြီးထိုးသင့်ပါတယ်။

တနင်္လာသားသမီးများ

ဒီရက်အတွင်း စိတ်လေ စိတ်နှစ်ခွဖြစ်စရာတွေ ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါတယ်။ အထင်လွဲစွပ်စွဲခံရတာ ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ၀န်ထမ်း ၊ ရာထူး ၊ နိုင်ငံခြားကိစ္စတွေကတော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူရည်းစားများအနေနဲ့ လမ်းခွဲရမတတ်ဖြစ်တာ ၊ ခွဲခွာနေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အကြောအဆစ် ၊ အစာမှားဆေးမှား ၊ သွား ၊ သွေး ကျန်းမာရေးသတိထားဖို့လိုပါတယ်။ ထီဝါသနာပါရင် ၅၇ ပူးနေတဲ့ ဂဏန်းရှေ့ကထားပြီးထိုးပါ။

အင်္ဂါသားသမီးများ

ဒီရက်အတွင်း အစစအရာရာ သတိကြီးစွာထားဖို့လိုပါတယ်။ ရန်ပတ်လည်ဝိုင်းနေသလိုဖြစ်နေပါတယ်။ ဆီး ၊ မျက်စိ ၊ နား ၊ နှာခေါင်း ၊ အစာအိမ်ဒုက္ခပေးတတ်ပါတယ်။ အိမ်ကိစ္စ ၊ အဖိုးတန်ပစ္စည်းဝယ်ရောင်း ကိစ္စတွေ အောင်မြင်မယ်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ဖက်ရဲ့ သတင်းကောင်းကြားရတတ်ပါတယ်။ ချစ်သူရည်းစားတွေအတွက်ကတော့ ဝေးလေကောင်းလေဆိုတဲ့ ကိန်းမျိုးဖြစ်နေပါတယ်။ ထီဝါသနာပါရင် ၁၆ အတွဲလိုက်ပူးနေတဲ့ ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်အတွင်း အိမ် ၊ ဆိုင် ၊ စက် ၊ အသုံးအဆောင်သစ်တွေ တစ်ခုပြီးတစ်ခု ၀င်လာတတ်ပါတယ်။ ခရီးသွားလာရေးကိစ္စအလွဲလွဲ အချော်ချော်ဖြစ်နေတတ်ပါတယ်။ နိုင်ငံခြားရပ်ဝေးနဲ့ပတ်သက်လို့ မထင်မှတ်ပဲ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာတတ်ပါတယ်။ အိမ်ထောင်ရှင်တွေ အထစ်အငေါ့တွေ ပြေလည်သွားမယ်။ ချစ်သူရည်းစားတွေ ကံနိမ့်နေတဲ့ ကိန်းမျိုးဖြစ်ပါတယ်။ ထီဝါသနာပါရင် ၁၃ အတွဲလိုက်ပူးနေတဲ့ ဂဏန်း ရှေ့မှာထားပြီး ထိုးပါ။

ကြာသပတေးသားသမီးများ

ဒီရက်အတွင်း ထွက်နေ ဆုံးရှုံးနေတာတွေ ပြန်ရတတ်ပါတယ်။ ငွေဟောင်း ၊ ပစ္စည်းအဟောင်း ၊ အလုပ်ဟောင်း ၊ နေရာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။ ပြဿနာဟောင်း ၊ ရောဂါဟောင်းတွေလည်း ပြန်ပေါ်လာတတ်ပါတယ်။ ငွေတအားရွှင်မယ်။ ရတနာပစ္စည်းတွေ ၀င်တတ်တယ်။ ဆီး ၊ မျက်စိ ၊ အစာအိမ် ၊ သွား ၊ သွေး ဂရုစိုက်ပါ။ အိမ်ထောင်ရှင်တွေ ကောင်းတဲ့ခွဲခြင်း ကြုံရတတ်ပါတယ်။ ငယ်ရွယ်သူတွေအတွက်ကတော့ မင်္ဂလာလမ်းပွင့်တဲ့အချိန်ဖြစ်ပါတယ်။ ထီဝါသနာပါရင် ၂၄ အတွဲလိုက်ပူးနေတဲ့ ဂဏန်း ရှေ့မှာထားပြီး ထိုးပါ။

သောကြာသားသမီးများ

ဒီရက်အတွင်း အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အခါသမယပါပဲ။ စပ်တူရှယ်ယာအလုပ် ၊ ပြည်တွင်းပြည်ပခရီး ၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ချစ်သူရည်းစားတွေ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေပါတယ်။ ထီထိုးမယ်ဆိုရင် ရှေ့မှာ ၃၅ ပူးနေတဲ့ ထီလက်မှတ်တွေထိုးသင့်ပါတယ်။

စနေသားသမီးများ

ဒီရက်အတွင်း လုပ်ငန်းသစ်စခြင်း ၊ နေရာပြောင်းခြင်း ၊ အခြေအနေပြောင်းတဲ့ကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ ပြည်တွင်း ၊ ပြည်ပခရီးတွေ အောင်မြင်မယ်။ ငွေတအားဝင်ပြီး တအားထွက်နေပါလိမ့်မယ်။ ၀မ်းဗိုက် ၊ ဦးခေါင်း ၊ အဆစ်အမြစ် ၊ ကျန်းမာရေးဂရုစိုက်ဖို့လိုပါတယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ်။ ထီဝါသနာပါသူများ ရှေ့ဆုံးမှာ ၄၆ ပူးနေတဲ့ ဂဏန်းကို ထိုးပါ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by thanhtikezaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63526.15
ETH 3387.82
USDT 1.00
SBD 2.56