အိုးလှေ

in #life8 years ago

အိုးလှေ
…………………………

ဧရာဝတီမြစ်ရိုးတစ်လျှောက်အိုးလှေကလေး
ကစုန်ချည်ဆန်ချည်း။
အဘိုးရယ် မိတာတို့မောင်နှမရယ် အိုးလှေကလေးပေါ်မှာ။
မိတာက အဘိုးနဲ့မောင်လေးစားဖို့ ချက်ရင်ပြုတ်ရင်း။
image

မိုးတွေကလည်းရွာလို့။အိုးလှေကလေးကမ်းကပ်တော့
အဘိုးနဲ့မောင်လေးကို အိုးရောင်းဖို့ အထမ်းနဲ့ကုန်းပေါ်ကိုတက်သွားကြတယ်။

အိုးလှေကလေးပေါ်မှာ မိတာတစ်ယောက်တည်းချက်ရင်းပြုတ်ရင်း။

ဦးလေးကြီးတစ်ဦးမိုးမိကာဖြင့် အိုးလှေကလေးနား
လျှောက်လာတယ်။
လေကလေးတသုန်သုန် လှိုင်းကလေးကတလှုပ်လှုပ်
ပြာကလေးတစ်လွင့်လွင့်။

လှေရှင်တို့ ဗျို့လှေရှင်တို့
ဦးလေးငါးဖမ်းရင်းမိုးစိုလာလို့မိုးခိုပါရစေ။

မိတာက အို…ရပါတယ်ဦးကြီးလာပါ။
ရေနွေးလေးသောက်ပါအုံးအချမ်းပြေတာပေါ့။
မိတာက ချုပ်လက်စအဝတ်ကအပ်ကိုခဏရပ်လိုက်သည်။

မိန်းကလေးတစ်ယောက်တည်းလားကွဲ့။
ဟုတ်ကဲ့ဦးကြီး အဘိုးတို့ကုန်းပေါ်ကိုအိုးရောင်းသွားတယ်။

ဦးလေးကြီးမိတာအနားသို့တိုးကပ်လာသည်။
အို။အရက်နံ့ကတထောင်းထောင်း။

မိတာပုခုံးတွေကို အားရှိသမျှညှပ်ကိုင်ထားသည်။
မိတာက က ကြောက်လန့်တကြား
အပ်ဖြင့်လက်ကြမ်းကြီးကိုထိုးစိုက်ပစ်လိုက်သည်။
အား။

သူ့လက်အကျမှမိတာကုန်းရုန်းထသည်။
မိတာဘာလုပ်ရပါ့မလဲ။မိုးထစ်ချုံသံကလည်း
လွှမ်းမိုးထားသည်။
ကမ်းပေါ်ကိုအားကိုးတကြီးလှမ်းကြည့်လိုက်တော့
သူရိုက်ထည့်ထားသည့်ကြက်ဆူဝါးကိုဖျက်ကနဲမြင်လိုက်တယ်။
မိတာလက်က တင်းပုပ်ကြီးဆီရောက်သွားတယ်။

လူယုတ်မာကြီးရှေ့မတိုးနဲ့နော် ကျုပ်တကယ်ထုမှာ။
ဦးလေးကြီးရှေ့ကိုတိုးအလာ မိတာ ရှောင်လိုက်ပြီး
အရက်မူးသောသူကအရှိန်မထိန်းနိုင်လှဲကျသွားသည်။
အိုးပုံပေါ်လဲကျသွားတော့ အိုးများကွဲကုန်ပြီ။
image

တင်းပုတ်နဲ့ထုချလိုက်တယ်။
လူယုတ်မာချိုစွန်း သွေးတွေကိုချင်းချင်းနီ
မလုပ်နဲ့မလုပ်နဲ့ မိုးရေနဲ့သွေးရောပြီး ဒယိမ်းဒယိုင်နဲ့
အိုးလှေလေးပေါ်က ခုန်ဆင်းသွားသည်။

အဘိုးပြန်ရောက်လာပြီ။လေအတော်ကြမ်းလားငါ့မြေး
အိုးတွေကွဲကုန်တယ်။
သိပ်……သိပ်တော့မပြင်းပါဘူးအဘိုးရယ်။
မိတာငိုချေပြီ။

မငိုပါနဲ့ငါ့မြေးရယ် အိုးနည်းနည်းကွဲသွားတာ။
အဘိုးအရင်းမပြုတ်သေးပါဘူး။
မြေအိုးကလေးတွေကကွဲလွယ်တာဘဲကွဲ့။
မြေကြီးနဲ့လုပ်ထားတာဘယ်သေချာပါမလဲ။
ကဲ လာလာ ထထ မိုးသည်းနေပြီ။
လှေပေါင်းထဲဝင်ရအောင်။

မိုးစဲလျှင်မိတာကိုယ်စားကွဲသော အိုးလေးတွေကို
ရေထဲလွှင့်ပစ်ရအုံးမည်။

အိုးလှေကလေးက လှိုင်းအပင့်မှာ မြှောက်တက်သွားလိုက် လှိုင်းအကျမှာလျောကနဲပြန်ကျလိုက်။

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 63551.01
ETH 1783.00
USDT 1.00
SBD 0.39