အလွယ်ကြိုက်တဲ့သူ

in #life9 years ago

telecommuting.jpg

အားနာမှုကြောင့် မြန်မာတို့၏ အိုးအိမ် လယ်ယာ ကျွဲနွားများသည် ချစ်တီးကုလားတို့၏ လက်ထဲသို့ရောက်ခဲ့ရ၏
ချစ်တီးက အလကားနေရင်း ငွေတစ်ရာယူပါ နှစ်ယာယူပါ ချေးသည်ကို အားနာလို့ ယူလိုက်၏ နောက်တွင်
ငွေကိုအလွယ်တကူယူငင် သုံးစွဲနိုင်သောကြောင့် အလွယ်လမ်းသို့လိုက်ကာ သားလေးအတွက်ဘာလေးဝယ်ဖို့
သမီးလေးအတွက် နားဆွဲလေးဝယ်ဖို့ မိန်းမအတွက်တော့ ဘာလေးဝယ်ပေးချင်လို့ဟု စိတ်ကူးပေါ်တိုင်း
ငွေစများ ချေးငှားယူငင်ထားလေသည် သိပ်မကြာခင် နှစ်အနည်းငယ်အတွင်းမှာပင် ချစ်တီး၏ အရင်းနှင့်အတိုးကို
ပြန်မဆပ်နိုင်ဖြစ်လို့လာကာ အိမ်ကနွားကိုးပေးလိုက်ရ၏။ လပိုင်းပင်မခြားသေး လယ်ယာမြေများ ချစ်တီးလက်သို့
ရောက်ပြန်၏။ အခက်အခဲများ ထပ်ကာစုကာဖြင့် ရှေ့ကအကြွေးက မကြေနိုင်သေး နောက်အကြွေးက မယူမဖြစ်ပင်
ယူရပြန်သည် သည်လို့နှင့် လုံးခြာလိုက်ကာ နောက်ဆုံးကျန်သောအိမ်လေးကိုပါပေးလိုက်ရလေ၏။

အင်္ဂလိပ်တို့ရဲ့ဝေါဟာရစကားလုံးများထဲတွင် အားနာခြင်း ဆိုတဲ့စကားမပါရှိဟု မှတ်သားဘူးလေသည်။
အလွန်ပင်သက်သောင့်သက်သာရှိသော လူမှုဆက်ဆံရေးတို့ဖြင့်ထုံမွမ်းနေလိမ့်မည်ဟု ယုံကြည်သည်။
ကျွန်တော်တို့ မြန်မာများကတော့ အလွန်ပင်လျင် အားနာတက်ကြသူများဖြစ်လေသည်။
ရှေးယခင်က ချစ်တီးကုလားတို့သည် မြန်မာများရဲ့ အားနာတက်မှုကို ကောင်းစွာအသုံးချလျှက်
ဂုတ်သွေးစုပ်ခဲ့ကြသည့် အချိန်အခါဆိုး သမိုင်းပုံရိပ် အချို့ရှိခဲ့ရလေသည်။

Sort:  

Calling @originalworks :)
img credz: pixabay.com
Nice, you got a 72.0% @peaceandlove upgoat, thanks to @nightboy
Want a boost? Minnowbooster's got your back!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.085
BTC 60461.97
ETH 1591.47
USDT 1.00
SBD 0.42