မြူနှင်းကြားမှ ဆောင်းအိပ်မက်
မြူနှင်းကြားမှ ဆောင်းအိပ်မက်
❇❇❇❇❇❇❇❇❇❇❇❇❇
Credit to google image
နိဝင်ဘာလ၏ တစ်ခုသောနေ့တစ်နေ့တွင် ဖြစ်သည်။
ထိုအချိန်က ကျွန်တော် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပင် ဖြစ်ပေသည်။ မိသားစုအသိုင်းအဝိုင်းထဲတွင် တစ်ဦးတည်းသော တက္ကသိုလ်တက်ရောက်ရသူ ဖြစ်သဖြင့် မိသားစုအတွင်း အရေးပေးခံရဆုံးဖြစ်သည်။ မန္တလေးတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ သုံးထပ်ဆောင်ဟု ခေါ်ကြသော ရတနာပုံတက္ကသိုလ်တွင် တက်ရောက်သင်ကြားရသည်။ ထိုစဉ်က ရတနာပုံတက္ကသိုလ်မှာ တောင်သမန်သို့ မပြောင်းသေးပါ။ တက္ကသိုလ်တက်ရောက်ရခြင်း၏ အရသာ၊အတွေ့အကြုံကို ရရှိလိုသောကြောင့် အဝေးသင်မတက်ခဲ့ပါ။
ပထမနှစ်တွင် မိမိတို့မြို့မှ နေ့စဉ် အသွားအပြန်လုပ်၍ ကျောင်းတက်ခဲ့သည်။ ဒုတိယနှစ်ရောက်မှသာ အဆောင်ငှါး၍ တက်ရောက်ခဲ့သည်။ အသွားအပြန် တက်ရောက်နေသည့် ကာလအတွင်း အများအားဖြင့် ဖယ်ရီကားဖြင့် သွားလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင်မူ သူငယ်ချင်းတစ်ယောက်၏ ဆိုင်ကယ်ဖြင့် သွားလေ့ရှိသည်။ ဆိုင်ကယ်စီးတတ်ခါစဖြစ်သဖြင့် သိပ်တော့ကျွမ်းကျင်မှု မရှိသေးပါ။ အဝေးပြေးလမ်းမကြီးပေါ်တွင်လည်း ယနေ့ခေတ်လို ယာဉ်များ သွားလာမှု မများသေးပါ။ သို့ဖြစ်၍ သူငယ်ချင်းနှစ်ယောက်သား တစ်ယောက်တစ်လှည့်မောင်း၍ ယာဉ်ကြောရှင်းသည့်နေရာများတွင် အရှိန်တင်၍ စီးကြသည်။
ထိုနေ့..။ ထိုနေ့သည်ကား အမှတ်တရနေ့ ဖြစ်ခဲ့ရသည်။ သူငယ်ချင်းနှစ်ယောက် စကားတပြောပြောဖြင့် ဆိုင်ကယ်မောင်းလာကြသည်။ မနက်အစောဖြစ်သဖြင့် မြူနှင်းများက တဖွဲဖွဲကျနေသည်။ ဆိုင်ကယ်ရှေ့မီးဖွင့်၍ မောင်းနေရသည်။ မြူနှင်းများကြောင့် ရှေ့ခပ်လှမ်းလှမ်းဆိုလျှင် သိပ်မမြင်ရတော့ပေ။ ထိုအချိန်တွင် ကျွန်တော်မောင်းနှင်နေခြင်း ဖြစ်သည်။ လမ်းမကြီး၏ ဘေးဖက် လမ်းသွယ်တစ်ခုမှ မီးရောင်တစ်ခုနှင့်အတူ ဆိုင်ကယ်တစ်စင်း လမ်းမကြီးပေါ် တက်လာသည်။ ထိုသူမောင်းနှင်လာသည်မှာ အရှိန်ပြင်းပြင်းနှင့် ယာဉ်ကြောမကြည့်ဘဲ တက်လာသဖြင့် ကျွန်တော်အရှိန်လျော့၍ သတိထားနေလိုက်သည်။
Credit to google image
ထိုဆိုင်ကယ်မောင်းလာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမမှာ လမ်းမကြီးပေါ် ဆိုင်ကယ်အတက်ရောက်ချိန်မှ ကျွန်တော်တို့ဆိုင်ကယ်ကို သတိထားမိသွားသည့်ပုံစံဖြင့် ဘရိတ်ကို အလန့်တကြားအုပ်လိုက်သည်။ ထိုအခါ အရှိန်များလွန်းသည့်အတွက်ကြောင့် လက်ကိုင်ခေါက်၍ ဘေးတစောင်းအနေအထားဖြင့် လမ်းမကြီးပေါ်သို့ လူတခြား၊ ဆိုင်ကယ်တခြား လဲကျသွားသည်။ သတိအနေအထားဖြင့် အရှိန်လျော့ထားသော ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်ရပ်၍ ထိုအမျိးသမီးဆီသို့ ပြေးသွားလိုက်ကြသည်။ ထိုအမျိုးသမီးမှာ လမ်းမကြီးပေါ်တွင် ခွေခွေလေးလဲကျနေ၍ ဘယ်ဖက်လက်ဖဝါးနှင့် တံတောင်ဆစ်တွင် သွေးအနည်းငယ်ထွက်နေပေသည်။ သတိတော့မလစ်ပါ။ စုပ်သပ်ညည်းညူရင်း ထဖို့ကြိုးစားနေသည်။
ကျွန်တော်တို့ သူမအနားရောက်ရှိသွားသည့်အချိန် အနီးကပ်မြင်တွေ့လိုက်ရမှ သူမသည် အသက်သိပ်မကြီးသေးဘဲ ကျွန်တော်တို့နှင့် မတိမ်းမယိမ်းပင် ရှိသေးကြောင်း သိလိုက်ရသည်။ ဆံပင်ရှည်မှာ ကျောလည်သာသာလောက် ရှိပေသည်။ သိုးမွေးဦးထုပ်ဆောင်းလာသော်လည်း လဲကျစဉ် ပြုတ်ကျသွားသည် ထင်ပါသည်။ သူမကို ကူညီထူမပေး၍ လမ်းမကြီးဘေးသို့ တွဲခေါ်၍ ထိုင်ခိုင်းစေသည်။ အပြင်ပန်းအားဖြင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသည်ကိုတော့ဖြင့် မတွေ့ရပေ။ အထူးသဖြင့် ဦးခေါင်းပိုင်းတွင် ပြင်ပဒဏ်ရာမတွေ့ရ။ သို့သော် ထိုအမျိုးသမီးမှာ နာကျင်မှုတစ်ခုခုကြောင့် ညည်းညူနေပေသည်။ ၎င်း၏ ဆိုင်ကယ်ကိုလည်း သူငယ်ချင်းမှ မ,ထူ၍ လမ်းမကြီးဘေးသို့ တွန်း၍ရွှေ့ထားလိုက်သည်။ ဆိုင်ကယ်ကတော့ အတော်ထိခိုက်သွားသည်။ မီးခွက်များ၊ ဒူးကာများ အကုန်ကွဲကျေနေပေသည်။ စက်နှိုးကြည့်သော်လည်း နှိုးလာခြင်းမရှိပေ။
မည်သို့ဆောင်ရွက်ပေးစေခြင်းကြောင်း မေးသောအခါ သူမ၏ရွာကိုသာ ပြန်၍လိုက်ပို့ ပေးစေလိုကြောင်းပြောသည်။ သူငယ်ချင်းဖြစ်သူမှာ ဆိုင်ကယ်နှင့် ပတ်သက်၍ ကျွန်တော့်ထက် ပို၍ကျွမ်းကျင်သည်။ ထို့ကြောင့် ကျွန်တော့်ကို သူမအားလိုက်ပို့ခိုင်းသည်။ သူက ဆိုင်ကယ်စက်နှိုးကြည့်၍ မောင်းလို့ရအောင် လုပ်ကြည့်မည်ဖြစ်သည်။ အတော်ကြာမှ လိုက်မလာလျှင် လှည်းဖြင့် ပြန်လာသယ်ရန် ပြောလိုက်သည်။ သို့ဖြင့် သူမလမ်းညွှန်သည့်အတိုင်း မောင်းနှင်၍ သူမကို ရွာသို့ ပို့ဆောင်ပေးသည်။ သူမမှာမူ ဒဏ်ရာအရှိန်ကြောင့်လားမသိ၊ အသံတိုးတိုးလေးဖြင့်သာ ပြောဆိုနေပေသည်။ သူမ၏အိမ်သို့ ရောက်ရှိသွားသောအခါ မိသားစုလိုက် ထွက်လာကြ၍ မေးမြန်းစုံစမ်းကြပေတော့သည်။ သူတို့တွေးထင်ထားကြသည်မှာ ကျွန်တော်တို့နှင့် ဆိုင်ကယ်ခြင်းတိုက်မိ၍ ဖြစ်ရသည်ဟု ထင်၍ ကျွန်တော့်ကို မေးမြန်းစူးစမ်းကြသည်။
ဆက်လက်ရေးသားပါဦးမည်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။
@mgmgkse
MSC-011
ကူညီရင်း တရားခံ ဖြစ်မှာလား
နောက်တစ်ပိုင်းစောင့်ဖတ်ပါ မမ😜😜
ဆောင်းရာသီရောက်လပြီ
ဟုတ်ပဗျာ
မန်းလေးကလွမ်းစရာအဖြစ်ပျက်တခုလားဆရာ
မန်းဖက်မရောက်ဖူး၊ ဒီဖက်ပိုနီးတယ်။
ဆောင်းရာသီလေးက အေးချမ်းပြီ လွမ်းစရာကောင်းလှပါတယ်
ဟုတ်ကဲ့
စောင့်ဖတ်ရတာလဲ အကျင့်ဖြစ်နေပါပြီလေ
😜😜😜
ဘာပြောရမလဲပေါ့နော် အင်းဘာပြောရမယ်မှန်းမသိဘူး နောက်ကြောင်းတွေကိုသတိရနေတယ်ထင်ပါ့ဆာမောင်းတို့တော့
😊😊😊
စောင့်မျှော်နေလျက်ပါဆရာ
ဟုတ်ကဲ့