ဘဝကိုလွယ်ကူအောင်လုပ်ဆောင်ကြမယ်

in #life6 years ago

sarphatpar.png
လူတွေဟာသူရဲ့ဘဝ ခမျာ ရိုးရှင်းသော်လည်းဘဲ ခက်ခဲအောင် တို့လုပ်နေဆဲဖြစ်ပါတယ် ဟုတ်တယ်လေလူတွေဟာ
သေချာစဉ်းစားကြည့်မယ်ဆိုရင် လူ့ဘဝက အလွန်တရာမှကို ရိုးရှင်းပါတယ်နော် ကျနော်တို့တွေကသာ ခက်ခဲ ရှုပ်ထွေး
အောင် လုပ်နေကြတာဖြစ်ပါလိမ့်မယ်လူရယ်လို့ ဖြစ်လာရင် သွင်းတာနဲ့ ထုတ်တာ နှစ်မျိုးပဲ လုပ်စရာရှိပါတယဟဲဟဲ
ဒီ နှစ်မျိုးကိုပဲ ကျနော်တို့ ပုံစံမျိုးစုံလုပ်နေကြတာဖြစ်တယ်လေအသက်ရှင်ဖို့ လေကိုရှူသွင်း ပြီးပြန်ထုတ်တယ် ရေသောက်
ပြီး သေးပေါက်တယ်အစာစား အိမ်သာသွား စတာတွေကိုပဲ ဇာချဲ့ပြီးတော့ ကိုယ့်လောဘ နဲ့ကိုယဘဲကိုယ့်ဒေါသနဲ့
ကိုယ် လုပ်နေကြတာပဲမဟုတ်လားမေးချင်ပါတယ်လူရယ်လို့ ဖြစ်လာတာကိုက ဖိုမ တစ်စုံရဲ့ အသွင်းအထုတ်ကြောင့်ပဲ
မဟုတ်ပါလား ရိုင်းတယ်မထင်ပါနဲ့ ဒီနှစ်မျိုးထဲသော အလုပ်ကိုကျနော်တို့ ခက်ခက်ခဲခဲတွေလုပ်နေကြတော့တာဖြစ်တယ်
အဲဒီတော့ ကျနော်တို့တွေ ဘာတွေသွင်းပြီး ဘာတွေထုတ်ကြမလဲစဉ်းစားဖို့လိုလာတယ်လေ
ကောင်းတဲ့အတွေးတွေသွင်းပြီး ကောင်းတဲ့အရာတွေ အကောင်အထည် ဖော်ကြမလားပေါ့ဆိုးတဲ့ အမုန်းတွေသွင်းပြီး
သံသရာမှာ ကြာကြာနေမလာဒါလဲတွေးရမယ်ကျနော်တို့ ခဗျားတို့ရဲ့ ဘဝတွေ ခက်ခဲနေတာရဲ့ တရားခံက ခများတို့
နဲ့ကျနော်တို့ ပါပလေ ဘဝ ကရိုးရှင်းပါတယ်တကယ်ကိုရိုးရိုးလေးပါ ကျနော်တို့ကသာ ခက်နေကြတာသာဖြစ်ပါတယ်
လို့ပြောချင်တယ်လေငါတို့တွေရဲ့ အခမ်းနားဆုံး အောင်မြင်မှုဟာ ဘယ်တော့မှ လဲကျမသွားတာ မဟုတပါဘူးတဲ့
လဲကျတိုင်း ပြန်ထနိုင်ခြင်းဆိုတာ လူတိုင်းလုပ်နိုင်ပါတယ် မလုပ်ကြလို့ပါ လုပ်ရင်မခက်ပါဘူး လွယ်ပါတယ်ဒါလဲ
တကယ်ကို စိတ်ခွန်အားဖြစ်စေတဲ့ စကားလေးဆို မမှားလောက်ပါဘူးနော်တကယ်တော့ကျနော်တို့တွေဟာ

U5dr74wACAbiarNHLUf7HC4PjuHr13L_1680x8400.jpg
ကိုယ်ဖြစ်တည်လာတဲ့ ဆိုင်ရာဆိုင်ရာသော ဘဝတွေမှာ ဖြစ်ချင်တဲ့ ပန်းတိုင်လေးတွေဆီ လျှောက်လှမ်းနေကြသူ
တွေချည်းမဟုတ်ဘူးလား လမ်းလျှောက်ရင်း လမ်းပျောက်တဲ့ အခါမျိုးတွေရှိသလို ခလုတ်ထိ ဆူးညိကြတဲ့ အခိုက်အတန့်
တွေဆိုတာ အမြဲတန်းရှိနေမှာသာဖြစ်ပါတယ်လဲကျမှု ဆိုတာ ကျရှုံးခြင်း မဟုတ်ပါဘူးလေ ပြန်ထဖို့ မကြိုးစားမှသာလျှင်
ကျရှုံးခြင်းမည်မှာပါဘာတွေက ကျနော်တို့ကို လဲကျစေတာပါလဲတွေးကြည့်ရအောင်ပေါ့ ဘ၀မှာတစ်ခါတလေ
လဲကျသွားရင်ရော ဘာလို့ပြန်မထနိုင်ရမှာပါလတွေးနော်လဲကျတယ်ဟုတ်ပါတယ်လမ်းမလျှောက်တတ်တဲ့ ကလေးလေး
ဘဝကနေတောင် အခုဒီအချိန်အထိ လဲရင်ပြန်ထ ခဲ့ကြရသူတွေပဲမဟုတ်ဘူးလားဒီလို ဆိုတော့တစ်ခုခု မအောင်မြင်ရင
် စိတ်ပျက်ပြီး ရပ်တန့်လိုက်မယ့် အစား အားမလျှော့ပဲ နောက်ထပ်တစ်ဖန် ကြိုးစားမှသာလျှင် အောင်မြင်မှာဖြစ်တယ်
လူပဲဗျာလုပ်ရင်ဖြစ်ပါတယ်လေ မဟုတ်ဘူးလားပေါ့ဟုတ်ကဲ့ပါတရုတ်တွေး ခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် ရဲ့ တန်ဖိုးရှိ
လွန်းလှတဲ့ အဆိုအမိန့်တွေဟာ ကျနော်တို့ ရဲ့ နေ့တွေညတွေအစဉ်ဘဝတွေမှာ အသုံးချတတ်မယ်ဆိုရင် ရွှေပါပဲတကယ်
ကိုဖိုးမဖြတ်နိုင်တဲ့ရွှေပါကျနော်တို့ မေ့လျော့နေတဲ့ အချက်လေးတွေ ကို မီးမောင်းထိုးပြလို့ထားတယ်လေ ခေတ်တွေဘယ်
လောက်ပြောင်းသွားပေမယ့်

U5dreUTm17cprW2gnHZbnFTxuEfEaie_640x480.jpg
ပညာရှိတို့ရဲ့စကားကတော့အမြဲတစေမှန်ကန်လို့နေကြဦးမှာဖြစ်ပါတယ် မှန်နေလို့သာ
ပညာရှိလို့ခေါ်ဆိုနိုင်တာမဟုတ်ပါဘူး သူဆိုသွားတာတွေကိုယနေ့တိုင်လိုက်နာကျင့်သုံးပြီးအောင်မြင်မှုတွေရယူနိုင်နေ
ကြတာဟာ လူပေါင်းများစွာမရေမတွက်အောင်နိုင်အောင် ယနေ့ထိရှိပါတယ် နောက်ကိုလည်းရှိလို့နေဦးဒမှာဖြစ်ပါတယ်
်စွမ်းသလို စိတ်ခွန်အားလဲ တိုးပွါးလာစေတာအမှန်ပါပလေ သူ့ရဲ့ များပြားလှစွာသော အဆိုအမိန့်တွေထဲကမှာတော့ ကျနော်
သဘောကျမိလေတဲ့ လေးစားမိတာလေးတွေကို ကျနော်ညဏ်မီသလောက်လေး သုံးသပ်ရေးသားထားခြင်းဖြစ်ပါလေတယ်
ဖတ်ပေးတဲ့အတွက် ကျေးဇူးပါလို့ ပြောကြားရင်း အမှားပါရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာလို့ပြောပြီးအဆုံးသက်ထား
ပါတယ် ဒီလိုတွေးခေါ်ပြီးရေးတက်တာကိုလဲသဘောကျလေးစားမိပါတယ်လေအမြဲတမ်းတော့အကောင်းဆုံးလုပ်နေရ
မှာပါဘဲ ဒါဟာဘ၀ဖြစ်တယ်လေအကောင်းဆုံးလုပ်ဆောင်ရပါမည်။
Author : @ladyrose
Photos credit; Google Image

Sort:  

well done ladyrose!

This post has received a 0.84 % upvote from @boomerang thanks to: @ladyrose

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 65955.88
ETH 3055.54
USDT 1.00
SBD 3.69