Desire
ဘဝမှာ အလိုအပ်ဆုံးက ဘာလဲ ?
ထိုမေးခွန်းကို ကိုယ့်ကိုယ်ကိုမေးဖူးကြမှာပါ.
ဘဝမှာ အလိုအပ်ဆုံးက ငွေကြေးလား ?
ကိုယ်က သိပ်ချစ်ရသူလား ?
သို့မဟုတ်
ကိုယ့်ကို သိပ်ချစ်သူလား ?
ရွှေငွေရတနာတွေလား ?
ဂုဏ်ပကာသနလား ?
အောင်မြင်ကျော်ကြားမှုလား ?
ရာထူး အာဏာလား ?
ငယ်ငယ်က ' လိုအပ်မှု ' နဲ့ အသက်ကလေးရလာလေလေ ' လိုအပ်မှု ' တွေကွဲပြားလာလေမလား ?
' လိုချင်မှု ' နဲ့ ' လိုအပ်နေမှု ' က တူသယောင်နဲ့ မတူပြန်ဘူး.
ကျွန်မကတော့ ...
ငယ်ငယ်က ' လိုချင်မှု ' ပေါင်းများစွာရှိခဲ့ဖူးတယ်.
ခုတော့ ... ' လိုအပ်မှု ' က ' အေးချမ်းမှု ' ဖြစ်ခဲ့ပြီ.
တိုက်အကြီးကြီးမှာနေဖို့ ...
ကားအကောင်းစားကြီးစီးဖို့ ...
ဖလန်း ဖလန်းတွေဖြစ်ဖို့လည်းမဟုတ်တော့ဘူး ...