ရက်​ရာဇာ”

in #life6 years ago

ဒီ​နေ့....
ငါ့ ​လောဘနဲ့ အတ္တ​တွေ​ကြောင့်
အခြားသူ​တွေကို မပူ​လောင်​​စေခဲ့ရင်
ရက်​ရာဇာပါပဲ

ဒီ​နေ့....
ကိုယ့်​​ကြောင့်​ အခြားသူဘဝ​တွေကို
အကျိုးမဖြစ်​​စေခဲ့ဘူးဆိုရင်​​တောင်​မှ
အကျိုးမမဲ့​စေခဲ့ဘူးဆိုရင်
ရက်​ရာဇာပါပဲ
FB_IMG_1528218256964.jpg
ဒီ​နေ့....
ကိုယ်​မ​ပျော်​ရွှင်​ခဲ့ရ​ပေမယ့်
အခြားသူတစ်​​ယောက်​​ယောက်
ကိုယ့်​​ကြောင့်​ မျက်​ရည်​မကျခဲ့ဘူးဆိုရင်
ရက်​ရာဇာပါပဲ

ဒီ​နေ့....
ကိုယ့်​ ​ကြောင့်​ ပတ်​ဝန်းကျင်​ ကို
ကောင်းကျိုးမ​ပေးနိုင်​​သေးခဲ့​ပေမယ့်
ကိုယ့်​ကို ​မွေး​ပေးခဲ့တဲ့ မိဘနှစ်​ပါးကို
ကျေးဇူးဆပ်​ခွင့်​ရခဲ့တယ်​ဆိုရင်
ရက်​ရာဇာပါပဲ

ဒီ​နေ့.....
ကံဆိုးမှု​တွေ ​ကျော်​ဖြတ်​​နေရ​ပေမယ့်
ကိုယ့်​လိုပဲ ကံဆိုး​နေသူတစ်​​ယောက်​ကို
ကူညီခွင့်​ရခဲ့တယ်​ဆိုရင်
ရက်​ရာဇာပါပဲ
FB_IMG_1528218299584.jpg
ဒီ​နေ့.....
ကိုယ့်​ကို ချစ်​တဲ့သူ​တွေကို​ရော
မုန်း​နေတဲ့သူ​တွေကို​ရော ​မေတ္တာထားနိုင်​ခဲ့ရင်
ရက်​ရာဇာပါပဲ

နေ့ရက်​တိုင်းက
လူတစ်​​ယောက်​ရဲ့ ကံကြမ္မာအလှည့်​အ​ပြောင်းဆိုရင်
ဒီ​နေ့ကစပြီး ​ကောင်းတာ​တွေ​တွေး
ကောင်းတာ​တွေပဲ လုပ်​ကြည့်​ပါ
မယုံမရှိပါနဲ့ ​နေ့ရက်​တိုင်းက
ရက်​ရာဇာ​တွေပဲ ဖြစ်​လာပါလိမ့်​မယ်

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69626.36
ETH 3667.86
USDT 1.00
SBD 3.82