Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်- ၆ ( Henry Aung )

in #life7 years ago

HENRY.jpg

Steemit Platform ပေါ်တွင်ဝင်ရောက်ရေးသားကြမည့် Myanmar လူငယ်များအတွက် အရေးကြီးသည့် အချက်များကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ အဘယ့်ကြောင့် post တင်သည့်အခါ ဓါတ်ပုံထည့်သွင်းရန် အရေးကြီးကြောင်းလည်းဖေါ်ပြခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုတော် မိမိတို့ မြန်မာလူငယ်များမှာ အခြားနိုင်ငံသားများကဲ့သို့ မိမိတို့အား support ပြုလုပ်ပေးမည့် မြန်မာနိုင်ငံသား steem investor များမရှိသေးပါ။ မြန်မာနိုင်ငံရှိချမ်းသာသော သူဌေးများ cryptocurrency market တွင်ဝင်ရောက်ရင်းနှီးမြုပ်နှံလာပါက မျှော်လင့်နိုင်စရာရှိပါသည်။ ထို့ကြောင့်မိမိတို့မှာ post တင်တိုင်တွင် အခြားသော steemit များ၏ attention ရရှိရန်လိုပါသည်။ အကယ်၍ မိမိသည် English စာကျွှမ်းကျင်သူဖြစ်ပါက မိမိဆိုင်ရာဘာသာရပ်, သို့မဟုတ် ဝါသနာပါရာ အကြောင်းအရာတို့အားအ တော်အတန်ကောင်းသောဆောင်းပါးအဖြစ်ရေးသား၍တင်ပါက steem dollar 1000 ကျော်မှ 4000 ကျော်အထိရရှိနိုင်ပါသည်။

02.png

Trending post များတွင်ဝင်ရောက်လေ့လာပါလေ... အကယ်၍မိမိသည် digital currency ကိုလေ့လာနေသူဖြစ်ပါက trending post တွင် တင်ထားသော degital currency ဆောင်းပါများကိုဝင်ရောက်ဖတ်ရှုပါလေ။ ယခင် post များတွင် မိမိ ရေးသားခဲ့သည့်အတိုင်း မိမိ ရေးသားလိုက်သော post အတွက် ရရှိသော steem dollar မှ steem token နှင့်SBD 50/50 % ရရှိမည်ဖြစ်ပါသည်။ဤတွင်မိမိ အတွက် steem token ပိုမိုရရှိရန်လက်ရှိပြင်ပတွင်ပါက်နေသော SBD ဈေးနှုန်းကို သိထားရန်အရေးကြီးလှသည်။ ဆိုလိုသည်မှာ ... steem နှင့် USD ပေါက်ဈေး, SBD နှင့် USD ပေါက်ဈေး တို့ကိုမူတည်၍ ဈေးကစားတတ်ရပါမည်။ အကယ်၍ steem token ၏ ပြင်ပပေါက်ဈေးသည် SBD၏ ပြင်ပပေါက်ဈေးထက် နိမ့်ကျသွားလျင် မိမိတင်မည့် post ကို 100% Power Up ပြုလုပ်ပေးရပါမည်။ လက်ရှိပေါက်ဈေးမှာ steem 1 unit = USD $2.2 ဖြစ်ပြီး 1SBD = USD $1.68 ဖြစ်ပါသည်။ ထို့ကြောင့် power up လုပ်ရန် မလိုပါ။ SBD အဖြစ်နှင့်သာ ရယူပြီး internal market တွင် SBD ဖြင့် steem ကိုဝယ်ယူနိုင်ပါသည်။ ယနေ့ ပေါက်ဈေးမှာ steem 1 unit = SBD$ 1.22 ဖြစ်ပါသည်။ အကယ်၍ မိမိ post ကိုအများသိစေရန်သာ ရေးသားပြီး steem dollar မလိုချင်ပါက Decline Payout ကိုရွေးချယ်ပါလေ။

111.png

Internal market , https://steemit.com/market တွင် steem token ကို SBD ဖြင့်ဝယ်ယူပါက ပိုမိုသက်သာပါသည်။ ကျွှန်တော်ရေးသားခဲ့သည့်အတိုင်း steemit မှာ အနာဂတ်ကောင်းသော ငွေကြေးဟုပြောဆိုရခြင်းမှာ steem website မှာ စာရေးသားခြင်း ကိုvoting လုပ်ခြင်း ဖြင့်သာ ရပ်တည်နေခြင်းမဟုတ်ပဲ steem တွင်အခြားသော application များစွာရှိနေသေးသည်။ ထို App များကို http://steemtools.com/ တွင် သို့မဟုတ် setting ထဲမှ steemit App Center တွင် ဝင်ရောက်လေ့လာနိုင်သည်။ မှန်တာပြောလျင် ထိုများပြားလှ သော App များကို ကျွှန်တော်လည်း အကုန်လုံး တခုချင်းစီ မလေ့လာရသေးပါ။ အချို့ App မှာ စမ်းသပ်ဆဲ အဆင့်တွင်ရှိသေးသော်လည်း , steem chat , steem whale နှင့် steem statue ကဲ့သို့သော App မှာ ကောင်းမွန်စွာအလုပ်လုပ်နေပြီဖြစ်သည်။ မိမိကိုယ်တိုင် ဝင်ရောက်လေ့လာ ပါလေ...

222.png

333.png

444.png

လက်ရှိ ကျွှန်တော်တို့ ရောင်းဝယ်နေကြသော digital currency များသည် digital token အနေဖြင့်သာ ရှိနေပြီး Bitcoin ၏ ထိန်းချုပ်မှု အောက်တွင် ရောက်ရှိနေကြသည်။ Steem မှာ steem token နှင့် steem dollar SBD ဟူ၍ နှစ်မျိုးထုတိပြီး နှစ်မျိုးစလုံးမှာ တန်ဖိုးရှိပါသည်။ steem token ကို stock တခုအနေဖြင့် အနာဂတ်အတွက် သိမ်းထားနိုင်ပြီး Steem dollar SBD ကို ငွေကြေး တရပ်အနေဖြင့် ချက်ချင်း အသုံးချနိုင်ပါသည်။ လိုအပ်လျင် steem token မှ steem dollar သို့ steem dollar အသုံးမလိုသဖြင့် steem token အဖြစ်သိမ်းထားလိုလျင် steem internal market တွင်လွယ်ကူစွာပြုလုပ်နိုင်ပါသည်။ အခြားသော poloniex ကဲ့သို့သော ကြားခံ website မလိုတော့ပါ။ ထို့အတူ Steem dollar မှာ ယခုမှစ၍ ပြင်ပတွင် ငွေကြေးတရပ်အနေဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။ SBD ကို https://www.peerhub.com/ ကဲ့သို့သော ဈေးဝယ် website များတွင် စတင် အသုံးချနိုင်ပါပြီ။ ဤနည်းဖြင့် steem သည် အနာဂါတ်တွင် bitcoin ၏ထိန်းချုပ်မှု အောက်မှ လွတ်ကင်းပြီး သီးခြား ခိုင်မာသော digital currency အဖြစ်ရပ်တည်နေမည်ဖြစ်သည်။

bitcoin.jpg

နောက် post များတွင် steem power up , power down ပြုလုပ်ပုံနှင့် အကျိုးကျေးဇူးများ ကို အသေးစိတ် ပြန်လည် ဖေါ်ပြပေးပါမည်။

မန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Sort:  

huh

What is your point with this article

I only see squares and random clickbait words?

I do thank you for the upvote tho

Those are myanmar alphabet and it is unable to see because of your window.. if you install window 10, it will appear .

Right on
Thanks

All the text is broken, but I still support you as a dubi friend.

Appreciate that .... thanks you very much

hello~

Hi, good day Insic

Nic work,keep it up.
Followed & Upvoted
Follow back please :) and upvote one of my blogs thankyou ;)
@thecrytotrader

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61143.11
ETH 2928.78
USDT 1.00
SBD 3.56