Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်- ၄ ( Henry Aung )

in #life7 years ago

Steemit Platform တွင်ဝင်ရောက်ပါဝင်ရေးသားကြမည်ဖြစ်သော ကျွှနုပ်တို့ မြန်မာလူငယ်များအား အထူးပြောကြာလိုသည်မှာ , ပထမဦးစွာကျွှန်တော်ရေးသားထားသော , beginner guide ၁,၂,၃ ကို သေချာစွာဖတ်ပေးပါ။ ပထမဦးဆုံးသော post ကို introducing yourself in steemit နှင့်စပါ။ ဖြစ်နိုင်လျင် မြန်မာနှင့် English နှစ်မျိုးလုံးနှင့်မိတ်ဆက်ပါ။ post တင်ရန်စိတ်မစောပါနှင့်။ အကောင်းဆုံးမိတ်ဆက်ခြင်း ဖြစ်စေရန်ကြိုးစားပါ။ English လို မရေးနိုင်လျင် google translate ကိုသုံးပါ။ ကပေါက်တိကပေါက်ချာ English ဖြစ်လည်း ကိစ္စမရှိပါ။ ကိုရီယား နှင့် အခြားနိုင်ငံမှ နိုင်ငံသားများလည်း google translate ကိုသုံး၍မိတ်ဆက်ကြပါသည်။ English စာမကောင်း၍ ရှက်စရာမရှိပါ... မိမိတတ်နိုင်သလောက် steemit တွင်ပါဝင်လိုကြောင်းပြသပါလေ.... မိမိ၏ အကောင်းဆုံးသော photos များကို attach လုပ်ပါ... မိမိ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မိမိ ဝါသနာပါရာ အကြောင်း , steemit ကို သိရှိပုံအကြောင်းနှင့် မိမိမှာ မြန်မာ steemit community မှဖြစ်ကြောင်း ဖေါ်ပြပါ။ ကျွှနုပ် မိတ်ဆက်ကာစတွင် photo မပါ၍ introducing post မှာ SBD အနည်းငယ်သာရရှိပါသည်။ ကို ညီညီနိုင်လည်း ထို့ အတူဖြစ်ပါသည်။ မိမိတို့ မြန်မာ community တွင် လောလောဆယ် မိမိနှင့် ကိုညီညီနိုင် ၂ ယောက်တည်းသာရှိ၍ မိမိတို့မှာ စစ ဝင်ခြင်း အခြားသူများ၏ attention ရရန်လိုအပ်ပါသည်။

ထို့ကြောင့် အကောင်းဆုံးသော မိတ်ဆက်ခြင်း ဖြစ်ရန် အခြားသူတို့ မည်သို့ မိတ်ဆက်ကြသည်ကိုလေ့လာပါလေ... မိမိအားလည်း အကြံအညာဏ် တောင်းနိုင်ပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း မိတ်ဆက် post မှ စ၍ တကမ္ဘာလုံးမှ ဝိုင်း vote ကြသဖြင့် steem dollar များ စတင်ရရှိမည် ဖြစ်ပါသည်။ မိမိအား voting ပေးထားကြသောသူများကို following လုပ်ရန်မမေ့ပါနှင့် ထို့အတူ comment များကိုလည်း မိမိမှ ပြန်လည် vote ၍ ကျေးဇူးတင်ကြောင်း comment များ ပြန်ရေးပါ။.. အထူးသဖြင့် မိမိ post တင်လိုက်ကြောင်းကို steemi Myanmar group မှ အသိပေးပါလေ... အထူးသတိထားရန်လိုသည်မှာ steemit media platform သည် မိမိကိုယ်တိုင်ရေးသားသောစာ, သို့မဟုတ် ကိုယ်တိုင်ပြုလုပ်သော အနုပညာ , သို့မဟုတ် ဓါတ်ပုံ များ, မိမိ၏ original creations များကို ပိုသဘောကြပါသည်။ အခြားတနေရာမှ ကူးယူထားသော အရာဖြစ်ပါက original link ကို ထည့်သွင်းဖေါ်ပြပေးရပါမည်။ မိမိ၏စာတွင် photo များ ထည့်သွင်းလို၍ google image မှ ရလျင် google image ကို credit ပေးပါ။ အထုူး အထူး သတိထားရန်လိုသည်မှာ steemit webpage ပေါ်တွင် post တင်ပြီးလျင် ၇ရက်အတွင်း adit လုပ်နိုင်ပါသေးသည်, သို့သော် delete လုပ်ခွင့်မရှိပါ။ post ကို မတင်ခင်သေချာ စဉ်းစား၍ တင်ပါ။ မိမိ၏ post သည် တခါတင်ပြီးလျင် တသက်လုံး steemit website ပေါ်တွင်မိမိ နာမည် နှင့်ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် ထိရှလွယ်သော ဘာသာရေး နိုင်ငံရေးနှင့် လူမျိုးရေးတို့ အကြောင်း တတ်နိုင်သမျှရှောင်ပါ။ social media ဖြစ်သည့်အတိုင်း ပေါ့ပါ့ပါးပါးများသာ post တင်ကြပါသည်။ အချို့က မိမိသားသမီးများအကြောင်း photos နှင့်တကွ တင်သည်, အချို့က မိမိပန်းခြံ အကြောင်း တင်သည်, အချို့ကခရီးသွား , tag list ထဲတွင်မြင်သည့်အတိုင်း ပညာရှင်များလည်း ပညာရှင်အလျောက် , မိမိနှင့်ဆိုင်ရာ အကြောင်းများကိုတင်ကြသည်။ အချို့က ဘားမှမရေးပဲ photo ပဲသီးသန့်တင်သည်။ ဝင်ရောက်လေ့လာကြပါကုန်။ မိမိ post တင်သည့်အခါ မိမိရေးသားနေသည့် အကြောင်းအရာကိုလိုက်၍ photos များကို အသုံးပြုပါ။ ဥပမာ, မိမိ ရပ်ရွာအကြောင်းရေးလျင် မြန်မာ့ရွာများ ဓါတ်ပုံများကို google image မှ ရှာဖွေယူပါ။ google image မှ အချို့ ဓါတ်ပုံများတွင် ရိုက်ကူးသူ၏နာမည်ပါပြီဖြစ်သည်။ ထိုပုံများကို အသုံးပြုမည်ဆိုပါက ဓါတ်ပုံဆရာ၏ နာမည်ကို credit ပေးပါ။ မိမိကတော့ နာမည်ပါသောဓါတ်ပုံများကိုဂအသုံးမပြုပါ။ google image ကိုသာ credit ပေးလိုက်ပါသည်။ မိမိရေးသားသောအကြောင်းအရာအလိုက် ဓါတ်ပုံများကို သဟဇာတ ဖြစ်အောင် သုံးတတ်ပါက အရေးအသားမည်မျှပင် ညံ့စေကာမူ ဓါတ်ပုံကြောင့် မိမိစာမှာ ပေါ်လွင်လာပါသည်။ ပို၍နားလည်လိုလျင် ကျွှန်တော်ရေးသားခဲ့သော post မျာကို https://steemit.com/@kachinhenry တွင်ဝင်ရောက်လေ့လာပါ။ဆိုခဲ့သည့်အတိုင်း မိမိ post တင်လိုက်ပြီးနောက် မိမိpost သည် webpage ပေါ်သို့ ရောက်သွားပြီး တကမ္ဘာလုံးမှ steemit များမှ မိမိ post ကို မြင်ရပါသည်။ ထိုသူတို့မှ ကြိုက်နှစ်သက်လျင် vote ပေးကြပါသည်။ vote ပေးကြသည့် အလျောက် steem dollar များ စတင်ရရှိပါသည်။

မိမိအားvote ပေးထားသူများ ၏ account ကို ဝင်ကြည့်ပါ ၂၄ နာရီအတွင်း တင်ထားသော post ရှိလျင် မိမိမှ ပြန်vote ပေးခဲ့ပါ။ ဖြစ်နိုင်လျင် comment ပေးခဲ့ပါ။ မိမိကိုပေးသော comment များတွင်လည်း vote ပေးပါ။ comment များကို မဖြစ်မနေ reply လုပ်ပါ။ steemit တွင် မိမိပြုလုပ်လိုက်သော အရာရာတိုင်းအတွက် rewards ရရှိပါသည်။ comment ရေးသားရာတွင်လည်း ပိုက်ဆံရပါသည်။ မိမိပြုလုပ်လိုက်သော vote , comments များအတွက် ရရှိငွေကို curation reward ဟုခေါ်ပါသည်။ ရရှိသည့် ပမာန နည်းသော်လည်း မျာလာလျင် ပိုက်ဆံဖြစ်လာပါသည်။

မိမိဂတင်လိုက်သော post အတွက်ရရှိသော steem dollar ကို ၇ရက်ကြာလျင် နှစ်မျိုးခွဲ၍ပေးပါသည်။ steem token နှင့် steem dollar ဖြစ်ပါသည်။ steem token မှာ အကွက် ၁ သို့ ရောက်၍ steem dollar SBD မှာ အကွက်သုံးသို့ ရောက်ရှိသွားပါသည်။ အကွက် ၁ တွင်ရှိသော steem token များကို transfer ဆိုသည်မှာ steem token ကိုဈေးကွက်သို့ ပို့ သို့မဟုတ် အခြားသူများအား ပေးရန်, transfer to saving မှာ ရောင်းရန်အတွက် စုထားရန်... ပြန်ထုတ်ရန်အတွက် အချိန် ၃ ရက်ပေးရသည်။ power up ဆိုသည်မှာ မိမိ steem token များကိုစုထားပြီး အတိုးနှုန်း ရရှိသော နေရာဖြစ်သည်။အကွက် ၁ မှ steem token များကို power up ပြုလုပ်လိုက်လျင် အကွက်၂ သို့ ရောက်ရှိသွားပါလိမ့်မည်။ မိမိ steem token များလေ လေ ရရှိသော အတိုးနုန်း များလေလေဖြစ်သည်။ ပြီနောက် steem token များကို power up လုပ်ထားမှသာလျင် မိမိ voting ပြုလုပ်သောအခါ အခြားသူမှ ပိုက်ဆံရှိမည်ဖြစ်သည်။ ဥပမာ ... ကျွှန်တော့ တွင် steem token ၅၀၀၀ ကျော် power up လုပ်ထညးနိုင်သည့် အတွက် အခြားသူအား vote လုပ်လျင် ထိုသူမှာ ကျွှန်တော့ vote ကြောင့် $0.20 မှ $0.15 ကြားရရှိနိုင်ပါသည်။ ထိုအတွက် မိမိ ပိုက်ဆံမှ လျော့ပါးသွားခြင်းမရှိပါ။ ထို့ကြောင့် ကိုးရီးယားလူငယ်များသည် ပိုက်ဆံတတ်နိုင်သူများက steem token အများအပြားဝယ်ယူပြီး power up ပြုလုပ်ပြီး မိမိလူများအား vote ကြပါသည်။ ထို့ကြောင့် post တခုအတွက် SBD ၁၀၀ ကျော်မှ ၅၀၀ ထိရရှိကြပါသည်။ estimates value မှာ မိမိတွင်ရှိသော steem token အရေအတွက်နှင့် ပြင်ပရှိ ဈေးကွက်တွင် လက်ရှိပေါက်နေသော steem = USD ဖြစ်ပါသည်။

နောက် post များတွင် အလျင်သင့်သလို steem token များကို ဈေးကွက် တွင်ရောင်းချနည်း နှင့် ရရှိသော ငွေများအား bank account သို့ မည်သို့ transfer ပြုလုပ်သည်ကို တင်ပြခြင်သော်လည်း .. steemit နှင့် steem token , steem dollar များ မည်သို့မည်ပုံ ပိုမိုရရှိနိုင်ရန် ပိုမို အရေုးကြီးနေသဖြင့် မြန်မာလူငယ်များ steemit တွင်အဆင်ပြေအ ခြေကျစေရန် အရေးကြီးသော post များကို အရင်ရေးသားနေရခြင်းဖြစ်သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Sort:  

thank you

Thanks for Support , insic...

Woww..... awesome post for steemit beginnner !! Million Thanks bro

I hope it will helpful for new comer.....

just like me :D

hello . how this running. i don,t know how to upvote .

မင်္ဂလာပါ

ကျေးဇူးတင်ပါတယ်

Nice post bro :-)

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59698.94
ETH 2303.28
USDT 1.00
SBD 2.51