Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်- ၃ ( Henry Aung )

in #life7 years ago

ကျွှနုပ်မှာ software engineer ယောက်မဟုတ်သလို ငွေကြေးပိုင်းဆိုင်ရာ တတ်ကျွမ်းသော ပညာရှင်လည်းမဟုတ်ပါ။ အကယ်၍သင်မှ software သွင်းထားသောcomputer program များမှ digital token များမည်ကဲ့သို့ ထုတ်ယူကြသလဲဟုမေးလျင် ကျွှန်တော့ မှာဖြေစရာအဖြေမရှိပါ။ ထိုအရာများကိုနားလည်ရန် စာအုပ်များ ရှာဖွေဖတ်ရှုနေရတုန်းပင်ဖြစ်ပါသည်။ အကယ်၍ တတ်ကျွမ်းနားလည်သူများ ရှိပါက ရှင်းပြကြပါကုန်။ သေချာသည်ကတော့ digital token များထုတ်ယူကြ၍ digital currency များဟူ၍ ရောင်းဝယ်နေကြပါပြီ။ များပြားလှသော digital currencies များမှ steem မှာ အောင်မြင်၍ လူကြိုက်များနေသော အင်တာနက်ငွေကြေးအဖြစ် ရပ်တည်နေပါပြီ။ အခြားကျွှန်တော်သိသော အင်တာနက်ငွေကြေးများမှာ ငွေရင်းစိုက်ထုတ်၍ဝယ်ယူပြီး ရင်နှီးမြုပ်နှံရသော်လည်း steem မှာ Facebook ကဲ့သို့ အပျော်တမ်း သုံးရင်း အကျိုးအမြတ်ရှိနိုင်သောကြောင့် လူငယ်များအားဝေငှရခြင်းဖြစ်သည်။⁠⁠⁠⁠

ကျွှန်တော် steemit တွင်စတင်ဝင်ရောက်ကာစမှာ ၂၀၁၆ စက်တင်ဘာလဖြစ်သည်။ steem website မှာယခုလောက်လူသိများသေးပေ။ steemit များမှာလည်း အမေရိကန် နိုင်ငံသားများနှင့် ဥရောပမှလူငယ်များစတင်ထိုးဖောက်ဝင်ရောက်ကာစဖြစ်သည်။ ထိုအချိန်ကတည်းကပင် ကိုးရီယားလူငယ်များမှာ အုပ်စုဖွဲ၍ steemit kr ဟူ၍ ဝင်ရောက်လာကြသည်။ တချိန်တည်းမှာပင် တရုတ်နိုင်ငံမှ တရုတ် steemit CN ဟူ၍ဝင်ရောက်လာပါသည်။ ကိုးရီယားလူငယ်များ၏ အံ့သြဖွယ်ကောင်းသောအစွမ်းအစမှာ အချင်းချင်းလက်တွဲခေါ်၍ အချိန်အနည်းငယ်အတွင်းမှာပင် steem website မှ အကျိုးအမြတ်တော်တော်များများ ရယူနိုင်ခဲ့ကြသည်။ ထိုအချိန်တွင် ကျွှနုပ်မှာ steemit website တွင်ဘာရေးတင်ရမည်မှန်း မသိသေး , မိမိပုံများအား နေတိုင်တင်နေ၍လည်း မဖြစ်သေး, အလုပ်အကိုင်အကြောင်း ရေးတင်ပြန်လည်း အချို့မှာ private and confidential ဖြစ်သဖြင့် တင်၍မရပြန်။ နောက်ဆုံး ကိုးရီယား သူငယ်ချင်းမှ တခုခု ရေးတင်ပါ, ကိုးရီးယားလူငယ်များအာ ကျွှန်တော်၏ post များကို voting ပေးပါရန် သူပြောကူမည် ဟူသဖြင့် ကျွှနုပ်တတ်ထားသော တောင်မရောက် မြောက်မကျ English စာဖြင့် ဆောင်းပါးလည်းမဟုတ်, ပုံပြင်လည်းမကျ , ဝတ္ထုတိုလည်းမဟုတ်သော ကိုယ်တိုင်ရေး post များထွက်ပေါ်လာပါတော့သည်။

ကိုးရီယားလူငယ်များကလည်း တကယ်ကို ကူညီ upvote ပေးကြပါသည်။ သို့သော် ကျွှနုပ်မှာ Myanmar community လည်းမရှ် ကိုရီယား လူငယ်များ၏ အကူအညီဖြင့် steem digital currency အကြောင်းကို မြည်းစမ်းခွင့်ရခဲ့သည်။ ကျွှန်တော်စာများရေး၍ steem token များစုဆောင်းနေချိန်တွင် , ကျွှန်တော့ သူငယ်ချင်း ကိုရီယားလူငယ်လေးမှာ (နာမည်မှာ Dubi Lee ဖြစ်ပြီအသက် ၂၄ နှစ်သာရှိသေးသည်။ ဖခင်ဖြစ်သူမှာ ကိုရီယား ဟွန်ဒိုင်း ကော်ပိုရေးရှင်း မှ အကြီးအကဲတယောက်ဖြစ်ပြီး သားဖြစ်သူအား ကျောင်းပြီးတာနှင့် အတွေ့အကြုံ ရစေရန် နိုင်ငံရပ်ခြားလွတ်၍အလုပ်လုပ်စေပါသည်။) steemit သာမက cryptocurrency market တွင်လည်းစတင်၍ trading လုပ်နေပါပြီ။ မိမိမှာ သူလုပ်နေသမျှကို ဘေးမှထိုင်ကြည့်ပြီး ကျွှန်တော်မေးလျှင် မင်း စာများများရေး steem token တွေများများစုထား, လုံလောက်တဲ့ steem ရရင် trading လုပ်နည်း သင်ပေးမည်ဟုသာ ပြောနေခဲ့သည်။ သူအပါအဝင် ကိုရီးယားလူငယ်တော်တော်များများမှာ post တင်လျင် ကိုရီယား community အကူအညီဖြင့် post တခုလျင် SBD $100 မှ 500 ထိ ရနေချိန်တွင် ကျှနုပ်မှာ post တခုအတွက် အများဆုံး SBD$90 ကျော်သာရဖူးခဲ့ပါသည်။ ကျွှန်တော်၏ညံ့ဖျင်းလှသော English grammar အရေးအသားကို အနောက်နိုင်ငံသားအချို့မှလည်း အားပေးကူညီ ဖေးမှ၍ voting ပေးခဲ့ကြပါသည်။ သို့သော် post တခုကို SBD$ 10 ကျော် 20 အများဆုံးသာရရှိပါသည်။

ထိုအချိန်က ကိုးရီယားလူငယ်များမှာ steem website ၏ခိုင်မှာမှုနှင့် အနာဂတ်တွင် Facebook ကို ကျော်လွားသွားနိုင်သည်ဟူသော ခံယူချက်ဖြင့် steem token အများအပြားကို ဝယ်ယူစုဆောင်းနေခဲ့ကြသည်။ ထိုအချိန်က steem 1 unit ၏တန်ဖိုးမှာ USD$0.30 သာ ရှိသေးသည်။ ထို့နောက် 2016 နှစ်ကုန်ပိုင်းတွင် USD$ 0.010 ထိဈေးကျသွားခဲ့သည်။ ထိုအချိန်ထိ ကိုရီယားလူငယ်များမှာ နားမလည်နိုင်စွာ steem token များကို ဝယ်ယူ စုဆောင်းနေခဲ့ကြသည်။ အချိန် ၉လကြာပြီးနောက် ယနေ့အချိန်တွင် steem token 1unit ၏တန်ဖိုးမှာ ... USD$2.50 ထိတက်သွားပြီဖြစ်သဖြင့် သူတို၏အကျိုးအမြတ်ကို တွက်ဆနိုင်ပါသည်။ အချို့ဆိုလျင် steem token သိန်းနှင့်ချီ၍ပိုင်ဆိုင်ထားကြပါသည်။ လက်ရှိအချိန်တွင်မိမိမှာ steem token ၅၀၀၀ ကျော်သာစုမိသေးသော်လည်း ကိုးရီယားလူငယ်တော်တော်များများမှာ ၂၀၁၇ ကုန်ချိန်လောက်တွင် တော်အတန်ချမ်းသာသော လူငယ်လေးများဖြစ်လာကြပါတော့မည်။Digital currency market ၏နေ့စဉ်ငွေဈေးအတက်အကျကို အောက်ပါ link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

https://coinmarketcap.com/

အဘယ်ကြောင့်ဆိုတော် သူတို့လက်ထဲတွင် steem token သာမက bitcoin နှင့် Ethereum ဟူ သော digital currency token များလည်းအများအပြားပိုင်ဆိုင်ထားကြပါသည်။ လွန်ခဲ့သော ၉ လက bitcoin 1unit မှာ USD$ 900 သာ ရှိသော်လည်း လက်ရှိ့ပေါက်ဈေးမှာ USD$2500 ဖြစ်ပါသည်။ လွန်ခဲ့သော ၉လ တွင် Ethereum ပေါက်ဈေးမှာ USD$7 သာရှိသော်လည်း ယနေ့ပေါက်ဈေးမှာ ... USD $350 ဖြစ်နေပါပြီ။ထို့ကြောင့်နေ့စဉ်နှင့်အမျှ နိုင်ငံတကာမှ လူငယ်အများအပြား ဝင်ရောက် trading ပြုလုပ်နေကြသော digital currency market တွင်မြန်မာနိုင်ငံသား လူငယ်များလည်း ဝင်ရောက်လေ့လာ ရှာဖွေကြခြင်းဖြင့် အနာဂတ်ငွေကြေးဟုခေါ်သော digital money ကို ပိုင်ဆိုင်ထားကြစေရန် ဝေငှရခြင်းဖြစ်ပါသည်။ကျွှန်တော်တင်ပြရခြင်းရည်ရွယ်ချက်မှာ တဦးတယောက်တည်း ရှိနေခြင်းထက် အဖွဲ့အစည်းဖြင့် စည်းစည်းလုံးလုံး ဝင်ရောက်ဖေးမကူညီကြခြင်းဖြင့် မြန်မာလူငယ်များလည်း အောင်မြင်သော steemit များ ဖြစ်လာကြစေရန်ဖြစ်သည်။

နေက်post တွင် steem token နှင့် steem dollar များ ကို အသုံးချ၍ မိမိ bank account ထဲသို့ ငွေကြေးပြောင်းထည့်ယူနည်း တင်ပြပေးပါမည်။ မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Sort:  

just showing ဖတ်ရှုနေရ... for your information.....^^

@abdullar님 미얀마 언어로 적었는데 window10에서나 esteem에서는 보인다고하네요 ㅠㅠ
저도 윈도우7 이라서 보여지지가 않습니다. 스팀 admin한테는 보고가 들어간 상태라서 한번 지켜봐야 할거 같습니다 관심 가져주셔서 감사합니다 ㅎㅎ 미얀마 인으로는 헨리 혼자 홍보중이라 포기만 하지 않기를 바라고 있습니다 :)

I followed you bro

follow လုပ်သွားပြီ bro ကျေးဇူပါ

အစ်​ကို့လိုလက်​တွဲ​ခေါ်နိုင်​​အောင်​ကြိုးစားမယ်​ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63061.76
ETH 2602.70
USDT 1.00
SBD 2.75