Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်-၂ ( Henry Aung )steemCreated with Sketch.

in #life7 years ago

မိမိရေးသားလိုက်သော post သို့မဟုတ် မိမိတင်လိုက်တော ဓါတ်ပုံမှာ steemit webpage သို့ ရောက်ရှိသွားပြီး မိမိpost ကို သဘောကျသောသူများမှ စတင် vote ပေးကြပါသည်။ Facebook စကားဖြင့်ပြောရလျင် like ပေးခြင်းပင်ဖြစ်ပါသသည်။ vote များလျင် များသလောက် သို့မဟုတ် steem power များသော သူ မှ vote ပေးလျင် မိမိ post မှာ steem dollar များကို စတင်ရရှိပါသည်။

Facebook တွင် like များရရှိလျင် မိမိ အတွက် ကျေနပ်ရုံမှ တပါး ထွေထွေထူးထူး ဝမ်းသာရန်မရှိပါ။ like များများ ရသူသည် Facebook celebrity ဖြစ်လာရုံသာရှိနိုင်ပါသည်။ steemit Platform တွင် မိမိ တင်လိုက်သော post မှ မိနှစ်ခြား voting တက်လာ၍ steem dollar များ တက်လာလျင် မိမိ၏ ကြိုးစားအားထုတ်မှုအတွက် ကျေနပ်မှု ရသလို တစုံတရာခံစားခွင့်လည်းရှိသည့်အတွက် steemit Platform တွင် post တင်ရသည်မှာ Facebook သုံးခြင်းထက် သာလွန်ကောင်းမွန်ပါသည်။ steemit တွင် post တခုအတွက် ၇ က်သာ upvoting လုပ်ခွင့်ရှိသည်။ ၇ ရက်ကျော်သွားလျင် upvot ခွင့်ရှိသော်လည်း steem dollar များ ရရှိမည် မဟုတ်ပါ။ ၇ ရက်မြောက်နေ့တွင် မိမိရရှိထားသော steem dollar များကို မိမိ၏ account ပိုက်ဆံအိတ် အတွင်းသို့ ပြောင်းထည့်ပေးပါလိမ့်မည်။ steem wallet သို့ မဟုတ် steem ပိုက်ဆံအိတ်မှာ မိမိ၏ account အတွင်းရှိသောကြောင့် account password မှာ မည်မျှအရေးကြီးကြောင်း ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ မိမိရေးသားလိုက်သော post အတွက် ရရှိသော steem dollar (SBD) များကို steem token နှင့် steem dollar ဟူ ၍ နှစ်မျိုး ခွဲဝေပေးပါသည်။

ဥပမာ ... မနေ့က မိမိတင်လိုက်သော post သည် total SBD $ 55.469 ရရှိပါသည်။ ထို ရှိသေား Steem dollar များမှ 75% သာ ကျွှနုပ် ရရှိမည်ဖြစ်ပြီး ကျန်သော 25% မှာ curators များ , တနည်းအားဖြင့် မိမိ post ကို like ပေးကြသူများ , vote ပေးကြသူများအားပြန်လည်ခွဲဝေပေးရပါသည်။ သို့ ဖြစ်၍ steemit Platform သည် post တင်သူမှမဟုတ် like ပေးသူ မှာလည်း အကျိုး အမြတ်ရရှိသဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသော social media platform ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိမှာ post မတင်နိုင်သော အခါများတွင် အခြားသူများ၏ post များကို like ပေးခြင်း သို့မဟုတ် vote ပေးခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်ပါသေးသည်။ voting လုပ်ခြင်းဖြင့် ရရှိသော အကျိုး အမြတ် မှာ အလွန်နည်းပါးသော်လည်း, လုံးဝမရရှိခြင်းထက်စာလျင် $0.002 ဟူသောငွေပမာနသည်လည်း ငွေကြေးသာလျင်ဖြစ်ပါသည်။ မနေ့က မိမိတင်လိုက်သော post အတွက်ရရှိငွေ SBD 75%ကို နောက် ၆ ရက်ကြာလျင် မိမိ account wallet ထဲသို့ SBD$20.801 နှင့် steem token 8.927 တို့ ဝင်ရောက်လာပါလိမ့်မည်။ steem dollar မှာ ဆိုခဲ့သည့် အတိုင်း digital money ခေါ် crypto currency ဖြစ်ပြီး steem token မှာ စုဆောင်း၍ထားနိုင်သော stock တမျိုးဖြစ်ပါသည်။

နှစ်မျိုးစလုံးအား international digital currency market တွင်ရောင်းချနိုင်ပါသည်။ ယနေ့ လက်ရှိပေါက်ဈေးအရ ... 1 unit steem token = USD $2.35 ဖြစ်ပြီး Steem dollar $1 = USD $ 1.77 ဖြစ်ပါသည်။ သို့ဖြစ်၍ ထို post အတွက်ကျွှနုပ်ရရှိသော အကျိုးအမြတ်များကို digital currency market တွင် ရောင်းချမည်ဆိုပါက total USD $73.61 ရရှိမည်ဖြစ်ပါသည်။Digital currency ဈေးကွက်မှာ globalize ဖြစ်သဖြင့် ငွေဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလည်းနေပါသည်။ ယခုအချိန်ထိ ကျွှန်တော်ရှင်းပြသော steem dollar ရရှိပုံ နှင့် တကယ်အသုံးပြုနိုင်သော US dollars သို့ ပြောင်လဲနိုင်ပုံကို နားမလည်ပါက ကျွှနုပ်၏ ရှင်ပြပုံညံ့ဖျင်းမှုကြောင့်သာဖြစ်ပါသည်။ စာဖြင့်ရေးသာ၍ရှင်းပြခြင်းထက် လက်တွေ့ steem dollar ရရှိပြီး မည်သို့ မည်ပုံ လုပ်ဆောင်ပါဟု ရှင်းပြခြင်းက ပိုမို ထိရောက်မည်ဟု ထင်ပါသည်။ ထို့ကြောင့် steemit Platform သို့ ဝင်ရောက်ပြီး steem dollar အရင်ရရှိအောင် post များတင်ကြပါလေကုန်။ ဆိုခဲ့ပြီးသည့်အတိုင်း ဤ digital money , ကိုင်တွယ်၍မရ မမြင်ရသော ငွေကြေး တနည်းအားဖြင့် အနာဂတ်၏ငွေကြေး system အား လေ့လာခါစ တွင် ကျွှနုပ်ယုံမှားသံသယရှိခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် နိုင်ငံတကာနှင့်တကွ စင်္ကပူကဲ့သို့သော နိုင်ငံကလေး ပင်လျင် လက်ခံနေရပြီဖြစ်သည်။ ထို့ကြောင့် digital currency market သည် scam မဟုတ်သော အမှန်တကယ် အနာဂတ် ၏ငွေကြေးပုံစံသစ်ဖြစ်သည်။

ဥပမာ အားဖြင့် Bitcoin ဟူသော digital money ကို သင်မည်သည့်နေရာမှ ရှာဖွေ၍ကိုင်တွယ်နိုင်မည်မဟုတ်ပါ။ bitcoin သည် internet ငွေကြေဖြစ်သော်လည်း လက်ရှိကျွှနုပ်တို့ ကိုင်တွယ် အသုံးပြုနေသော ငွေကြေးထက် များစွာ တန်ဖိုးမြင့်နေပေသည်။ ဆိုလိုသည်မှာ ကျွှနုပ်တို့၏အနာဂါတ်ငွေကြေးသည် လက်ရှိကိုင်တွယ်အသုံးပြုနေရသော ငွေကြေးများထက်များစွာ တန်ဖိုးမြင့်နေပါသဖြင့် မြန်မာလူငယ်များ အနေဖြင့် ယခုမှစ၍ digital money များကို ရှာဖွေတတ်စေရန်နှင့် စုဆောင်းတတ်စေရန်ရှာဖွေဝေငှရခြင်းဖြစ်ပါသည်။ ( bitcoin နှင့်အခြား digital currencies များကို သီခြား ဆောင်းပါရေး၍ တင်ပြပေးပါမည်)

Bitcoin ဈေးနှုန်းသိချင်လျင် google search တွင် bitcoin price with Singapore dollar ဟူ၍ ရှာကြည့်ပါလေ.. မိမိပြောပြလျင် မယုံမှာစိုးသောကြောင့်။

နေက်post တွင် steem token နှင့် steem dollar များ ကို အသုံးချ၍ မိမိ bank account ထဲသို့ ငွေကြေးပြောင်းထည့်ယူနည်း တင်ပြပေးပါမည်။ မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Sort:  

I think you have really interesting post, but I think it is written in Myanmar language which I cannot view haha....

Lolz..... you can use google translate :D

Thanks for your support , i am trying my best to organize the myanmar people to form steemit myanmar community ....

ကျေးဇူးပါအကို ကျနော်လည်း ခု မှ steemit ပေါ်ရောက်တာရှင်းပြတာကျေးဇူးတင်ပါတယ် အကို

နောက်ဆုံးတော့ steemit မှာ မြန်မာတယောက်ကိုရှာတွေ့ပြီလေ.... ၉ လ ကြာပြီးနောက်

အစ်ကို့ကို follow လုပ်ထားပါ

ဖြစ်နိုင်ရင် introducing yourself ကနေပြန်ဝင်ပါ...အစ်ကို့ post မှာသေချာရေးထားပါတယ်

ကျေးဇူပါ bro အခုမှ ကွကိုယ်မိတ်ဆက်ဖို့သိတော့တယ် ဘာလုပ်ရမယ်ဆိုတာလည်း သဘောပေါက်လာတယ် thank for

Thank u so much
ဗဟုသုတတွေ များရီး ရပါတယ်

အခုလိုရှင်းပြ​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ခင်​ဗျ
နောက်​ပိုင်းမှာbitcoinအ​ကြောင်း​တွေတင်​​ပေးမယ်​ဆိုရင်​လည်း
အား​ပေးပါဦးမယ်

ကျွန်​​တော်​တို့လည်း​အများကြီး​လေ့လာချင်​ပါတယ်

တကယ်​ကိုအကျိုးရှိတဲ့ post ​တွေပါဗျာ :-)

နားလည်လွယ်အောင်ရေးပေးထားလို့ ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58539.27
ETH 2627.11
USDT 1.00
SBD 2.40