ချစ်သမီးလေးအတွက်ပေးစာ💃💃💃💕💕💕💕💕

in #life7 years ago

အရာရာဟာကိုယ်ဖြစ်ချင်သလိုဖြစ်မလာပေမယ့်ချစ်ရသူက "မောင်"ကျွန်မ ရဲ့ ဗိုက်ထဲမှာခလေးလေးရောက်လာပီလို့ ပြောလိုက်တယ်ဆိုရင်ဘဲ အလိုလို ခန္တာကိုယ်သွေးကြောတွေ ဟာ မမြင်ရမတွေ့ရသေးပေမယ့်ကိုယ့်သွေးသားဖြစ်လာတော့မယ့်ရင်သွေးလေးအတွက် နှိုထတက်ကြွလာပါတယ် လက်အစုံက ကတုံကရင်နဲ့ အရာရာကိုရင်ဆိုင်ကျော်ဖြတ်ရမယ်ဆိုတဲ့အတွေးတစ်ခုနဲ့ ချစ်သူရဲ့ ဗိုက်ကလေးကိုတဖွဖွပွတ်သက်နေမိတယ်....IMG_20170807_134638.jpg

ဒီလိုနဲ့ တစ်ညတစ်ည အတွေးပေါင်းများစွာနဲ့ ကလေးနောင်ရေးကိုတွေးပူနေမိတယ်...အချစ်ဆိုတာ တဏှာ က ပူလောင်သလောက် မေတ္တာ တရားနဲ့အချစ်ဟာ အရမ်းအေးချမ်းပါတယ်ဆိုတာကို အဲဒီအချိန်မှာ ဘဲ လက်ခံမိတော့တယ် ဘာကြောင့်စိတ်ညစ်သည်ဖြစ်စေ အလုပ်ပင်ပန်းသည်ဖြစ်စေ ကလေးလေးအကြောင်းစဉ်းစားရင်အရာရာဟာ အေးချမ်းသွားတယ် ကိုယ်ငယ်စဉ်အခါကမိဘတွေဟာ သိပ်မချစ်ဘူးလို့ခံစားရတယ် ဒါပေမယ့်ဒီအချိန်မှာ ကိုယ်အမှားကို မှန်ပေါ်မှာပြန်မြင်နေရသလိုပါဘဲ...မေတ္တာတရားရဲ့အချစ်ဟာ အပိုအလိုမရှိဘဲ တန်းတူပါဘဲဆိုတာ သမီးလေးကိုသိစေချင်မိပါ၏......အချိန်တွေကုန်တာမြန်လာတာနဲ့အမျှ ...လူ့လောကထဲသမီးလေးရောက်လာခဲ့ပီ...IMG_20170807_135545_1.jpg
အရာရာကို တက်နိုင်သလောက် အဖေသမီးအတွက်ပြင်ဆင်ထားပါတယ်...ပထမဆုံးအဖေ့တွက်ရင်သွေးလေးကိုဘယ်လိုဘယ်ပုံ ကြိုဆိုရမလဲဆိုတာပေါ့...ဗုဒ္ဓမြတ်စွာဘုရားရဲ့ အေးမြတဲ့မေတ္တာတရားကြောင့် ချစ်သမီးလေး အစစအရာရာအဆင်ပြေစွာလူ့လောကထဲရောက်လာခဲ့ပါပီ.....အဆင်မပြေဖြစ်နေပေမယ့် သူများနိုင်ငံအလုပ်လာလုပ်ရင်း အသကဆက်ပေးခဲ့ရတဲ့အတွက် လိုအပ်ချက်တော့နည်းနည်းရှိပါတယ်...ဒါပေမယ့် ချစ်သမီးအတွက်အကောင်းဆုံးတက်နိုင်သလောက်ပြင်ဆင်ခဲ့ပါတယ်...မွေးချင်းမောင်နှမ မိဘနဲ့တမြေစီခြားအလုပ်လာလုပ်တဲ့အဖေ့တွက်သများနိုင်ငံမှာတော့ တစ်ကောင်ကြွက်ဘ၀ပေါ့..ဒါကြောင့် ကူညီလုပ်ကိုင်ပေးမယ့်သူမရှိ ပေမယ့်အလုပ်မှန်သမျှအကုန်သိမ်းကြူံးလုပ် နေစဉ် အတွေးထဲမှာတော့ အဖေသူများနိုင်ငံမှာတစ်ကောင်ကြွက်မဟုတ်တော့ဘူး အဖော်ရင်သွေးလေးရှိလာပီ ဆိုတဲ့အတွေးနဲ့တင် အရာအားလုံးကိုမမောနိုင်မပန်းနိုင်....IMG_20170807_135649.jpg
နုနယ်ငယ်စဉ်အခါ မိဘမေတ္တာ နားမလည်နိုင်သေးပေမယ့် အရွယ်ရောက်အချိန်တန်လာလို့ချစ်သမီးလေး မိဘနေရာရောက်တဲ့အချိန်မှာ ငယ်စဉ်ကဘာလို့များမိဘမေတ္တာနားမလည်နိုင်ရလဲ ဆိုတဲ့အတွေးနဲ့ စိတ်မချမ်းမသာဖြစ်မနေပါနဲ့ အဖေလည်း သမီးလေးနေရာတုန်းကလိုပါဘဲ ဒါကြောင့်လူတိုင်းလူတိုင်းဟာ ကိုယ်မရောက်ရသေးတဲ့ဘ၀အကြောင်းကို သိမြင်ကြားနေရပေမယ့် လက်တွေ့ကိုယ်တစ်ကယ် ကြုံတွေရမှ နောင်တဆိုတာရတက်ကြလို့ပါဘဲ ဒါကြောင့်ဒီစာလေးကိုစောစောဖက်မိအောင် ခုကတည်းကသမီးအတွက်ပေးစာလေးတစ်စောင် ကြိုတင်ပြင်ဆင်ထားရတာပါ ချစ်သမီးလေးရယ်......

သမီးကိုချစ်တဲ့
ချစ်ဖေဖေ
@gelatofresco

Sort:  

ကလေးလေးက ချစ်စရာလေး
ဖအေမတူ့နေမယ်

အမှန်ပေါ့အကိုရာ😘😘😘😘😘😘

အာလားလား တစ်ကယ့်ရင်ထဲကခံစားချက်ကြီးဗျာ

အမှန်ပေါ့ဗျာ......

wow very good.သမီးရှင်တွေဖတ်ကြဗျား ။

ကျေးဇူးပါ အကို

ဂုဏ်ယူတယ်ဟေ့၊ စာကိုမဟုတ်ဘူးနော်၊ ပုံကို

ဟုတ်အကို တက်နိုင်သလောက်ကလေးနဲ့ ကြိုးစားထားတာပါခင်ဗျ

အရေးအသားကောင်းတဲ့ အပြင်စည်းကမ်နဲ့လည်း ညီတဲ့ အတွက် မနက်ဖြန် promotion မှာ ထည့်ပေးပါမယ်။

ဟုတ်ကဲ့အကို ကျေးဇူးပါခင်ဗျ အကို့အမျိုးနော် ကချင်ဗမာကပြားလေးပါကျွန်တော့်သမီးလေးက

မျက်ရည်တောင် ဝဲနေပြီ..

ကိုယ်ကြေကွဲရမယ်ခလေးရယ်.....

Please share your idea

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28