သမီးလေးအတွက် ပေးစာ ၂

in #life9 years ago (edited)

သမီးလေးရေ.....
အဖေငယ်စဉ်အခါကသမီးရဲ့အဘိုးဟာအဖေ့ကိုစည်းကမ်းတင်းကျပ်စွာနဲ့ကြီးပြင်စေခဲ့တာကြောင့်အဖေဟာအရာရာကို
အများအမြင်နဲ့မတူအောင်ကွဲပြားခြားနားနေခဲ့တယ်..ဥပမာပြောရရင်အတ္တဆန်တယ်လို့ပြောပါရစေ...
IMG_20170807_134630.jpg
ကလေးသဘာဝကစားချင်အဆော့မက်တဲ့အဖေဟာအိမ်မှာအကြီးဆုံးလည်းဖြစ်တော့သူများကစားတာဘဲငေးနေရင်သမီးဘွားဘွားကိုအိမ်အလုပ်တွေဝိုင်းကူလုပ်ရင်ကြီးပြင်းခဲ့ရတယ်...လူကြီးတွေဘက်ကပြန်တွေးရင်လည်းမှန်ပါတယ်ဒါပေမယ့်အဖေဟာအဲ့ဒီအချိန်က..ကလေးဆိုတော့ကလေးအတွေးဘဲတွေးမှာပေါ့.......
IMG_20170802_130411.jpg
အိမ်တစ်အိမ်ရဲ့အကြီးဆုံးတွေဟာမိဘတွေရဲ့ဂရုစိုက်မှု့တီတီတာတာအနားမှာအမြဲရှိနေခွင့်မရတက်ကြပါဘူး......
ဒါကြောင့်တစ်ခါတလေအထီးကျန်နေသလိုခံစားရတက်ကြပါတယ်..အချိန်တွေကြာလာတာနဲ့အမျှအတွေးအခေါ်တွေကအသက်အရွယ်နဲ့မလိုက်အောင့်ရင့်ကျက်လာတော့..ကိုယ်နဲ့အသက်တူရွယ်တူတွေနဲ့အတွေအခေါ်အမြင်တွေဟာတစ်မူကွဲပြားခြားနားလာပါတယ်....
IMG_20170727_124658.jpg
ဒါကြောင့်အဖေချစ်သော..ရင်သွေးငယ် သမီးလေးတစ်ဦးတည်း
မိဘချစ်ခြင်းမေတ္တာအပြည့်အ၀..ဂရုစိုက်မှုတွေအဖေပေးခြင်မိတယ်...နောင်တစ်ချိန်သမီးလေးစဉ်းစားတွေးခေါ်နိုင်တဲ့အခါ..
အဖေဟာဘာကြောင့်သမီးကိုတစ်ယောက်တည်းမွေးခဲ့လဲ...
ဆိုတာသံသယလေးများဝင်ခဲ့မိမှာစိုးတဲ့အတွက်အဖေဟာဒီစာကို
စောစီးစွာသမီးအတွက်ရေးပေးထားတာပါသမီးလေးရယ်...
အဖေ့သမီးလေးကြီးလာခဲ့ရင် သမီးအဖေသမီးအတွက်ဘာတွေကြိုးစားပြင်ဆင်ထားအုန်းမလဲဆိုတာ သမီးဒီစာကိုဖက်နေတဲ့အချိန်မှာ...အဖေ့သမီးလေးကိုယ်တိုင်မြင်တွေ့ရမှာ သမီးလေးရယ်..

သမီးလေးကိုချစ်တဲ့ ဖေဖေ
IMG_20170802_130411.jpg

Sort:  

Tag list မှာ myanmar ကို အရှေ့ ဆုံးမှာ ထားပေးပါညီ။tag list မှာ အကြောင်းအရာနဲ့  ဆိုင်တာပဲထည့်စေချင်တယ်။ steemit့  esteemt တို့ က လိုဘူးလေ 😊။ ပြီးစာကို နည်းနည်း ရှည်ရှည်ရေးပါ။ Original writers တွေကို support ပေးတဲ့ အစီအစဉ် ရှိပါတယ် .. ညီလေး။ အဆင်ပြေပါစေ ကွယ်

ဟုတ်ကဲ့အကို နောက်ပို့စ်တွေမှာ ပြင်ဆင်ထားလိုက်ပါ့မယ်ခင်ဗျ

Please share your idea comment

တော်တော် ချစ်တာပဲ အားကျတယ်ဗျာ

တစ်ဦးတည်းဆိုတော့ ကိုယ့်ရဲ့ ကိုယ်ပွားလေးဆိုလည်းသူပါဘဲ

သိပ်သိပ်ကောင်း စွန်းကောင်း အရန်းလဲ ချစ်စရာကောင်း ကလေးကိုနော့်

ဟုတ်ကဲ့ ဒါဟာ ခံစားချက်အစစ်အမှန်လေးတွေပါ ကိုယ်ခံစားရသလိုလည်းမခံစားစေချင်တဲ့ဆန္ဒကြောင့်လည်းပါပါတယ်

Nice post, i followed your account, please follow me at @mrrandy

Thanks bro ko nyinyi

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 63963.21
ETH 1857.18
USDT 1.00
SBD 0.39