Happy
ပိုက်ဆံမရှိရင်တောင်
ကျန်းမာနေသေးပါလားဆိုတဲ့အသိနဲ့
ပျော်အောင်နေပါ ..
မကျန်းမာရင်လည်း
အသက်ရှင်နေပါသေးတယ်ဆိုတဲ့အသိနဲ့
ပျော်အောင်နေပါ ..
အခု မွဲနေသေးရင်လည်း
နောင်တစ်နေ့ ချမ်းသာမယ်ဆိုတဲ့စိတ်ဓာတ်နဲ့
ပျော်အောင်နေပါ ..
ဆုံးရှုံးဖူးခဲ့ရင်လည်း
သင်ခန်းစာရခဲ့တယ်ဆိုတဲ့အတွေးနဲ့
ပျော်အောင်နေပါ ..
ကလေးမရခဲ့ရင်လည်း
လင်မယားနှစ်ယောက်ထဲအေးချမ်းပါတယ်ဆိုပြီး
ပျော်အောင်နေပါ ..
သူများ မိသားစုတွေ လင်မယားတွေ
စားနေသောက်နေပုံတွေ
အီဖယ်မျှော်စင်ရှေ့မှာဓာတ်ပုံရိုက်တာတွေ
ဝိုင်ခွက်လေးတွေနဲ့ရိုနေတာတွေ
နေပူကျဲတဲကျောက်တောင်တွေပေါ်
ထိုင်ပြီး ဓာတ်ပုံရိုက်တာတွေ
အိမ်ကြီးအိမ်ကောင်းတွေနဲ့နေတာတွေကိုကြည့်ပြီး
ကိုယ့်မှာမရှိလို့ အားမငယ်ကြပါနဲ့ ..
အစားအစာဆိုတာမစားခင်နဲ့ စားနေတုန်းလေးပဲ
စားချင်စရာပါ
ဗိုက်ပြည့်သွားရင်လှည့်ကြည့်ချင်စရာမရှိတော့ပါဘူး ..
အရက်အကောင်းစားလည်း
တကယ်တမ်းတော့ သောက်ပြီးဘာမှမထူးပါဘူး ..
ခရီးတွေထွက်တော့ ခရီးပန်းပါတယ်
နေပူထဲဓာတ်ပုံရိုက်တော့ ပူပါတယ် ..
အိမ်ကြီးတော့ စရိတ်ကြီးပါတယ်
ထိန်းသိမ်းရခက်ပါတယ် အလကားပါ ..
အမှန်က
လုပ်ပြနေတဲ့သူတွေမှာလည်း
အများထင်သလို
သေအောင်မပျော်ကြပါဘူး
လူတိုင်းမှာ အပူရှိတယ် ဒုက္ခရှိပါတယ် ...
ကဲ
ဒါတွေကို နားလည်ပြီဆိုရင်တော့
ပျော်လိုက်ပါတော့ ..
အခုပဲ ပျော်ပါ
ဒီနေ့ပဲ ပျော်ပါ
ပျော်စရာရှာကြံကာ
အမြဲပျော်အောင်သာနေပါတော့..