မုန့်ဆီကြော်ဘယ်ဆီနေမှန်းမသိ (4)

in #life6 years ago

@bobokyaw.jpg
မင်္ဂလာပါဗျာ
ဒီနေ့အဖို့ရာမှာတော့ မုန့်ဆီကြော်လေးကို ဆက်လက်ရေးပါဦးမည်
တစ်ခုတော့ ကြိုပြောပြချင်သေးတယ်ဗျာ အခုစာတွေရေးတယ်ပေါ့ အဆီငေါ်မတည့်သော စာတွေ ဖြစ်သွားတက်ပါတယ်
ပညာရှင်များ မျက်စိဆံပင်မွှေးစူးမယ့် အပေါက်မျိုးလည်း ဖြစ်သွားတက်ပါတယ်။ ကျွန်တော်တို့ အခုစာတွေရေးနေတာ ဘာ
ကြောင့်လဲ ဘာအတွက်လဲဆိုတာကိုလည်း မေးခွန်းတစ်ခုအနေနဲ့ မမေးသင့်တော့ဘူးထင်ပါတယ် ဒီအတွက် ကျွန်တော်
မမေးဘူးလို့ပြောပါရစေ။လိုအပ်လို့ကို စာတွေရေးနေတာဖြစ်ပါတယ်။ မဖြစ်မနေရေးနေခြင်းဖြစ်ပါတယ်။ ဒေါ်လာမလိုချင်
သော အချို့သောသူများကတော့ ချွင်းချက်ပေါ့ ။ ကျွန်တော်တို့ကတော့ အမှန်တကယ် ဒေါ်လာအလိုရှိသောကြောင့် စာတွေ
ရေးနေခြင်းဖြစ်ပါတယ်။ လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို လုပ်နေသည်ဟုသာ မှတ်ယူပါတယ်။

ပြောနေရင်းနဲ့ အခြားရောက်သွားပြီ ကျွန်တော့်မုန့်ဆီကြော်လေးဘက် ပြန်လှည့်ပါမယ်။ ဟုတ်ကဲ့ပါ ကြော်လာတာ လေးရက်ရှိ
ပြီပေါ့ဗျာ ဒိနေ့နဲ့ဆိုရင် လေးပိုင်းမြောက်ပေါ့။ စတီးမစ်မှာ ကိုယ်ပိုင် ဓါတ်ပုံလေးတွေသုံးသူလည်းရှိတယ် မသုံးသူလည်းရှိကြတယ်
နော်။ ဒီအပိုင်းလေးကို တွေးကြည့်ရအောင်ဗျာ။ စတီးမစ်ပေါ်မှာ ကိုယ်ပိုင်ပုံလေးတွေ သုံးတော့ အားသာချက် အားနည်းချက်လေး
တွေရျိနေပြန်ပါတယ်။ ကိုယ့်ဓါတ်ပုံလေးသုံးထားတော့ တစ်ချိန် ရှောင်ပြေးစရာများရှိခဲ့ရင်တော့ အခက်သားဗျာ။ခြေရာဖျောက်ချင်
တာအဆက်ဖြတ်ချင်တာ ဘာညာသာရကာလေးတွေ ဇာတ်လမ်းများသွားနိုင်တာတွေ လုပ်ကိုင်မိတဲ့အခါဆိုရင်တော့ အတော်
အခက်တွေ့စေနိုင်ပါတယ်။ ကိုယ့်ဓါတ်ပုံကဖြုတ်ချလို့မရပေဘူးလေ။ ဒါကအားနည်းချက်တစ်ခုပေါ့။ အားသာချက်ကဘာလဲဆိုတော့
ဒီအကောင့်ကို အသုံးပြုသူက ဒီလူဖြစ်တယ် ဒိလူက ဘယ်နေရာဘယ်ဒေသကဘယ်သူ သူ့ဓါတ်ပုံအမှန်အကန်နဲ့ အမှန်အကန်ကို
စတီးမစ်အသုံးပြုနေတာ ဒီတော့ သူရေးတဲ့စာတွေအတွက် သူသည် တာဝန်ယူသူဖြစ်တယ် အကြံအဖန်မဟုတ်ူဘူး ဒီလိုတွေးစရာ
ရှိပါတယ် တကယ်လည်း မိမိပုံအစစ်နဲ့ ရေးသားသူတွေဟာ တကယ်ကို တာဝန်ယူတက်သူများလို့ စတီးမစ်ပေါ်က ဆရာများ လက်ခံ
ယူဆကြပါတယ်။

စပေါ့ကောင်းလေးတွေ ပေးမယ်ဆိုရင်လည်း ဒီလိုလူတွေက ရတက်ပါတယ်။ ဒီတော့ ကိုယ့်မူရင်းအမှန်အကန်ပုံလေးတွေ သုံးပြီးစတီးမစ်မှာ ကျင်လည်သင့်တယ်ပေါ့ဗျာ။မနေ့က ပြောခဲ့သလိုပေါ့ဗျာ တကယ်လို့ ကိုယ့်ပုံကြီးနဲ့ ကိုယ့်ပိုင်ဆိုင်မှုတွေကို တွဲလျှက်
မြင်တွေ့ရတဲ့အခါ လုံခြုံမှုကတော့ အတော်ကို အားနည်းလာပါတယ်။ စတင်းပါဝါ သောင်းချီ သိန်းချီပိုင်ဆိုင်နေပြီလို့ မိမိကိုယ်ကိုတွေး
ကြည့်ပါ အရပ်ထဲ လမ်းသွားရင်တောင် နောက်ကျောမလုံတော့အောင် ဖြစ်လာရမယ်ထင်ပါတယ်။ ခရီးဝေးတွေသွားခဲ့မယ်ဆိုရင်
လည်း စိတ်ပူစရာပါ။ အချိန်မရွေး အနုကြမ်းစီးခံရနိုင်တယ်လို့ တွေးမိပါတယ်။ နောက်တစ်ခုက အပြင်မှာ အကြွေးတင်နေရင်လည်း
ရှောင်ပြေးလို့မရနိုင် ခိုငြီးငြီးပြလို့မရနိုင်တော့တာတော့ သေချာတယ်ဗျ ။မရှိရှိတာပေးဆိုရင် ငြင်းမရတော့ဘူးလေနော။
ကောင်းတာတစ်ခုကတော့ ကိုယ့်ဝေါလက်လေးပြပြပြီး အသိတွေကို မသိသလိုလုပ်ပြီး ကြွားလို့တော့ရတာပေါ့ဗျာ။စတီးမစ်မလုပ်တဲ့
သူကိုကြွားတာပိုကောင်းမယ်ထင်တယ်။ လုပ်နေတဲ့သူသွားကြွားလို့ သူ့ကိုဘုတ်မပေးမိရင်လည်း ကြာရင် မိတ်ဆွေပျက်နိုင်တယ်
ငွေရေးကြေးရေးနဲ့ ပါတ်သက်ရင်သိုသိုသိပ်သိပ် လုပ်ရမယ်တဲ့ အချို့ လူတွေဆုံးမတက်တာ သတိရမိတယ်။ အခုတော့ ပြောင်းပြန်
ပေါ့ စတီးမစ်မှာက အိုးပန်းဒလဟော ကြည့်ချင်တဲ့သူ ၀င်ကြည့်လို့ အကုန်မြင်သလေ။

နောက်တစ်ခုကတော့ အခွန်အခတွေဘာတွေ ဆောင်တာပေါ့။ မြန်မာဥပဒေကတော့ ဘယ်လိုလာမယ် မသိသေးဘူးလေ
တရားဝင်ဖို့တော့ မလွယ်ပါဘူး။ ဒီအလုပ်ကို ကန့်သက်တာတွေ ဘာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမည်လဲ ပါဝါဒေါင်းပြီး
နောက်အကောင့်ပြောင်းပြေးဖို့ရာကလည်း လွယ်သည်မဟုတ် လွယ်သည်ထားပါဦး ရနေတဲ့ စပေါ့တွေနဲ့ ရီပါတ်ရှင်းဆိုတာကြီး
ထားခဲ့ရမှာနော်။တွေးရင်းနဲ့ခေါင်းတောင် မူးလာပြီဗျာ။ အခွန်အခတို့ မြန်မာဥပဒေ ဘာညာ နောက်ရက်ဆက်တွေးမယ်ဗျာ
ဒီနေ့တော့ ဒီလောက်ဆို တော်ပါပြီ။ကျေးဇူးတင်ပါတယ်ဗျာ။
@bobokyaw

Sort:  

very nice photo @bobokyaw and I really like the photos

ကျေးဇူးတင်ပါတယ်ဗျာ

အမှန်ပဲဗျို့
ဘာမှန်တာလဲအကုန်မှန်တယ်ပြောရမှာပါပဲ
ဖျက်မရတဲ့ကိုယ့်ပုံတွေကတော့ ခုနှစ်ရက်ပြည့်တာနဲ့ စတီးမစ်တည်တန့်နေသရွေ့ ထင်ကျန်နေဦးမှာပါလေ…
ကောင်ပါတယ် ဘာကောင်းတာလဲဆိုတော့ ငါဘယ်သူလည်းဆိုတာကိုအားလုံးသိသွားကြတာပါပဲ……
ဒါပေမယ်မကောင်းတဲ့အချက်ကတော့ ကိုယ့်ပုံကိုလူတိုင်းကမြင်တွေ့နေရတော့ ပြီးခဲ့သောပို့စ်မှာမန့်ချက်အတိုင်း စိုးရိမ်စရာတော့ တစ်ချိန်ချိန်မှာ အခက်တွေ့လာလိမ့်မယ်ဗျို့……
ဘယ်အချိန်လည်း စတီးမစ်ကြီးတရာဝင် လုပ်ကိုင်ခွင့်ရ ရှိလာမယ့်အချိန်ပဲဗျ……
အဲ့ဒီအချိန်ရောက်ရင် ယခုလက်ရှိလုပ်ကိုင်နေကြသော စတီးမစ်လူငယ်တွေအားလုံးဟာ ကိုယ်ဆီ ကြိုးစားမှုအလိုက် ပိုင်ဆိုင်မှုတွေကြီးထွားနေမှာပါလေ……………
ဒို့နိုင်ငံရဲ့ ချမှတ်လာမယ့် စည်းမျဉ်းဥပဒေတွေကိုတော့ ရင်ခုန်စွာနဲ့စောင့်မျှော်နေစဲပါဗျာ………
ဥပဒေအတိုင်းလိုက်နာဖို့လည်း စောင့်မျှော်လျက်ပါ……………

အာ့ကြောင့်ပြောတာပေါ့ မုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိလို့

You got a 1.97% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျေးဇူးတင်ပါတယ် ပို့စ်ပရိုမော်တာ

အဲ့လောက်လဲ တွေးပူမနေပါနဲ့

နဲနဲလောက်ဘဲ တွေးကြည့်မိတာပါဗျာ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59435.06
ETH 2521.75
USDT 1.00
SBD 2.42