လောကကြီးရေ

in #life8 years ago

image

မွေးလာကတည်းက
ရင်ဘတ် အဖြူထည်ပါ။
အပေါ်ယံအမြင်ကတော့
ဖုန်တက်ချင်လည်း တက်နေမှာ
အရေးကြီးတာ မဟုတ်
မြောင်းပုပ်ထဲ မရောက်ဖို့
ခေါင်းကို ခဏခဏ
ငြင်းဆန်ခိုင်းအုံးမှာ။

ဘာလိုအပ်သေးလဲ
ရိုးသားမှုနဲ့ ပေကျံနေတဲ့ ဘဝရယ်၊
အဖြူရောင်ရင်ဘတ်တစ်ခုရယ်၊
အမှားအယွင်းမခံတဲ့
စောင့်စည်းမှုတစ်စုံရယ်၊
ပြီးပြီပေါ့
ငါထင်တယ်
ငါ့အတွက်
ငါအလည်လာကျိုး နပ်တယ်။

လောကကြီးရေ
အမှားကြက်ခြေတွေ
ခတ်ထားခဲ့ပြီး
မဲ့တဲ့တဲ့ မျက်နှာနဲ့တော့
ငါ့ကိုယ်ကိုငါ ပြန်မဖတ်ချင်ဘူး။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.100
BTC 62035.99
ETH 1758.72
USDT 1.00
SBD 0.38