ဘူးသီးတောင်မြို့နယ် ရိုဟင်ဂျာလယ်မြေခွန် ပြေစာများ ဈေးတိုးရောင်းချ၊ ထိန်းသိမ်းခံနေရ


ဘူးသီး​တောင်​​မြို့နယ်​တွင်​ ကျေးရွာ ထွေအုပ် ရခိုင်စာရေးတွေက ရိုဟင်​ဂျာပိုင် ​လယ်​​မြေတွေရဲ့ မြေခွန်​​ပြေစာများကို​ ရောင်းချရာတွင်​​ ငွေအဆမတန်​​ တောင်းခံကြောင်းနှင့်​ မ​ရောင်းဘဲ သိမ်းထားပြီး ရိုဟင်​ဂျာများကို လယ်မြေမဲ့ဖြစ်​​အောင်​ လုပ်​​ဆောင်​​နေ​ကြောင်း သိရပါသည်​။

ရိုဟင်​ဂျာလူမျိုး​ အများစု​ နေထိုင်​​ကြတဲ့ ဘူးသီး​တောင်​မြို့နယ် ကျေးရွာအချို့​မှာ​ ​ကျေးရွာ ထွေအုပ် စာရေးများအဖြစ် ရခိုင်လူမျိုးတွေသာ ခန့်​ထားခဲ့တယ်။ အဆိုပါကျေးရွာများတွင် မြေခွန်​​ပြေစာ​ရောင်းချရန် ​မြေစာရင်းဋ္ဌာနက​ ပြေစာတစ်​စောင်​ကို ၂၀ ကျပ်​ မှ ၈၀ ကျပ်အထိ​ သတ်မှတ်ပေး​ထားသော်​လည်း ထိုသူတို့က တစ်ဧကကို​ ၂၀၀၀ ကျပ်​မှ ၅၀၀၀ ကျပ်​ အထိ တိုးမြင့်​​ရောင်းချ​နေသလို တစ်ချို့စာရေးတွေက လုံးဝမရောင်းချပဲ ထိန်းသိမ်းထားနေတာ တွေ့ရပါတယ်။

ရိုဟင်​ဂျာစာ​ရေးတွေက လယ်​သမားတစ်​ဦးကို ပြေစာတစ်စောင် တန်ဖိုး​ ၅၀၀ကျပ်​မှ ၁၀၀၀ကျပ်​ဖြင့်​​ ရောင်း​ချပေးနေ​သည်ကို ရခိုင်​စာရေးတွေက ကန့်​ကွက်​​နေကြောင်းလည်း သိရပါတယ်။ လယ်​​မြေအသစ်​ဝယ်​ခြင်း၊ အ​မွေခွဲ​ဝေခြင်းစတဲ့ အသစ်​ထွက်​လာ​တဲ့ နာမည်​​ပြောင်း​ပြေစာတွေကို ထိန်းသိမ်းထားပြီး ​ငွေကျပ်​ ၅သောင်းမှ ၁သိန်းထိ အဓမ္မတောင်းခံနေ​တဲ့အပြင်​ ကုလားဟု နှိမ့်ချဆဲဆိုခြင်းနှင့် ခြိမ်း​ခြောက်​မှုမျာလည်း ပြုလုပ်​​နေပါတယ်​။

ပြိုင်း​တောင်​၊ သိန်​​တောင်​ပြင်​၊​ ကျောက်​ရန်​၊ သပိတ်​​တောင်​၊ ဂူတာပြင်​နှင့် စိမ့်​ညှင်းပြား စတဲ့ အုပ်​စု ၁၅ စုကျော်​မှာ​ ​​ပြေစာတွေ ရောက်​ခဲ့​သော်​လည်း ​သေကံခွဆုံ၊ ​ကျောက်​ဖြုသား​သေကံ၊ ပြင်​လှသိန်းတန်​၊​ဆေးအိုးကျ၊ ဝါရကျွန်း၊ ကကျက်​ဘက်​၊​ မြောင်းနား၊ အလယ်​​ချောင်း၊ ဖရုံ​ချောင်း၊ ဖိုး​ခေါင်​​ချောင်း၊​အုရားပြင်​​အောင်​ပ၊ အထက်​ကျွဲကြိုမော်​၊ ဒုအိုးသည်​မ စတဲ့ ရိုဟင်​ဂျာအုပ်​စု (၅၀)​ ကျော်​မှာတော့​ ​ပြေစာ​ရောင်း​နေခြင်း လုံးဝမရှိတာကိုလည်း​ တွေ့ရပါတယ်​။ ​မြေစာရင်းဋ္ဌာနက ထုတ်​​ပေးလိုက်​တာ တစ်​လ​ကျော်​သွား​ပေမယ့် ရခိုင်​စာ​ရေးတွေက ​ဆွေး​နွေးတိုင်​ပင်​ပြီး ရိုဟင်​ဂျာလူမျိုးစုတွေကို ​လယ်ယာမြေမဲ့ဖြစ်​​အောင်​ ကြံစည် လုပ်​​ဆောင်​​နေ​တယ်လို့ ဒေသခံမြေပိုင်ရှင်များက ပြောဆိုနေပါတယ်​။ ၂၀၁၇ခုနှစ်မှာ​လည်း အုပ်စုအများအပြားရဲ့ ပြေစာတွေကို ထုတ်​မ​ပေး​ပဲ ကျန်​ရှိ​နေခဲ့ကြောင်း သိရပါတယ်​။


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9-%e1%82%90%e1%80%ad%e1%80%af/

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63706.08
ETH 2615.50
USDT 1.00
SBD 2.82