ကုလအတွင်းရေးမှူးချုပ်က ရိုဟင်ဂျာအရေးမှာ အကူအညီပေးရန် အိန္ဒိယကို တိုက်တွန်း


03.10.2018

အိန္ဒိယနိုင်ငံဘက်က ရိုဟင်ဂျာ ၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ဖို့ စီစဉ်နေတဲ့အတွက် ကုလသမဂ္ဂ ဥပဒေရေးရာ အရာရှိတဦးက စိုးရိမ်ပူပန်မိကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အကျဉ်းထောင်တွေထဲမှ ရိုဟင်ဂျာဦးရေ ၂ဝဝ နီးပါးရှိကြောင်းနဲ့ အဲဒီ ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူအားလုံးကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကာကွယ်ရန် တာဝန်ရှိကြောင်းလည်း ကုလအရာရှိက တိုက်တွန်းပြောကြား လိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဟာ အောက်တိုဘာလ ၁- ၃ ရက်နေ့ထိ အိန္ဒိယနိုင်ငံခရီးစဉ်တွင်း အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi အပါအ၀င် အိန္ဒိယ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့စဉ် ရိုဟင်ဂျာအရေးမှာ အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ၀ိုင်းဝန်းကူညီပံ့ပိုးဖို့ ပြောကြားခဲ့ပါတယ်၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုန်ရာသီဖြစ်နေတဲ့အတွက် လူသာချင်းစာနာမှုဆိုင်ရာ ဒုက္ခအကြပ်အတည်းကြီးကြီးမားမား ရင်ဆိုင်နေရကာ ဒုက္ခသည်တွေအတွက် ထောက်ပံ့မှုမှာ လုံလောက်မှုမရှိဖြစ်နေကြောင်း၊ ၄င်းတို့ကို အိန္ဒိယက ထောက်ပံ့ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကူညီရန်လိုအပ်ကြောင်းကို Guterres ကပြောပါတယ်။

ရခိုင်ပြည်နယ်ကို အကြိမ်များစွာ သွားရောက်ခဲ့ချိန်မှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုအခြေအနေကို ကိုယ်တိုင် တွေ့ခဲ့ရတယ်လို့လည်း Antonio Guterres ကပြောပါတယ်။

ကမ္ဘာပေါ်မှာ ရိုဟင်ဂျာတွေလောက် ဆိုးဆိုးဝါးဝါးခွဲခြားခံရတဲ့ အသိုင်းအ၀ိုင်းမျိုး မတွေ့ဘူးကြောင်း၊ လွတ်လပ်စွာသွားလာခွင့် တွေကို ပိတ်ပင်ထားခံရပြီး ရွာတရွာနဲ့ တရွာ သွားဖို့ တောင် အာဏာပိုင်များရဲ့ ခွင့်ပြုချက်ကိုတောင်းခံနေရကြောင်း၊ အာဏာပိုင်များရဲ့ခွင့်ပြုချက်မရပဲ လက်ထပ်ခွင့်မရှိကြောင်း၊ရိုဟင်ဂျာကလေးတွေဟာ ကျောင်းပညာ သင်ကြားခွင့် ကန့်သတ်ထားသလို ရန်ကုန်တက္ကသိုလ်တက်ရောက်ခွင့်အပါအ၀င် အခြား တက္ကသိုလ်ပညာသင်ကြားခွင့်တွေလည်း ကန့်သတ်ခံထားရကြောင်း၊ ဒါ့အပြင် ကျန်းမာရေး ဆေးကုသခွင့်၊ အလုပ်အကိုင် ၊ အသက်မွေးဝမ်းကြောင်းစတာတွေကိုလည်း ပိတ်ပင်ကန့်သတ်ထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ၄င်းမြင်တွေ လာရတာတွေကို ပြောပြခဲ့ပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို အခြားနိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် သွားရောက်အခြေချခွင့်ရအောင် လုပ်ပေးဖို့ အစိုးရအမြင့်ဆုံးခေါင်းဆောင်တဦးက သူ့ကို ပြောခဲ့တယ်လို့လည်း ၄င်းက ပြောပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး အနေနဲ့ ဒုက္ခသည်တွေ အဖြစ် ဖန်တီးဖို့ဟာ သူ့တာဝန်မဟုတ်ပဲ ဒုက္ခသည်ဖြစ်ရတဲ့ ပြဿနာကို ဖြေရှင်းဖို့က သူရဲ့ တာာဝန်ဖြစ်ကြောင်း ပြန်ပြောခဲ့တယ်လို့ Mr. Guterres ကဆိုပါတယ်။

ဒီအမြင်ကိုကြည့်ရင် ရိုဟင်ဂျာတွေအပေါ် အဆိုးမြင်တဲ့ အမြင် ဘယ်လောက်ထိ အမြစ်တွယ်နေသလဲဆိုတာ ပြနေကြောင်း ဒီလို ခွဲခြားခံနေရတဲ့ လူမှုအသိုင်းအ၀ိုင်းတည်ရှိနေတာဟာ အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့ သုံးသပ်ကြောင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒီလိုလူမှုအသိုင်းအ၀ိုင်းရှိနေခြင်းအားဖြင့် အကြမ်းဖက်အုပ်စုတွေအတွက် အမြတ်ထုတ်နိုင်ဖို့ ဖိတ်ခေါ်နေသလို ဆိုးရွားတဲ့ ထိခိုက်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံထဲသာမက ဒေသတခုလုံးကို သက်ရောက်မှုတွေရှိနိုင်တာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့နေရပ်ပြန်နိုင်ရေးနဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး ရရှိရေး ကူညီပံ့ပိုးမှုဟာ့ အားလုံးအတွက် အလွန်ကို အရေးကြီးတယ်လို့ ၄င်းအမြင်ကို ပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေအပေါ် ပြစ်မှုကျုးလွန်ခဲတဲ့ မြန်မာစစ်တပ်နဲ့ ခေါင်းဆောင်တွေကို ICC ခုံးရုံးကဘယ်လိုတရားစီရင်မယ်ဆိုတာ မသိသေးကြောင်း၊ ရိုဟင်ဂျာတွေကို နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့အညီ နေထိုင်ခွင့်ရအောင်လုပ်ဖို့ ဖိအားပေးဖို့ကို မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အိန္ဒိယအနေနဲ ပြုလုပ်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres က အိန္ဒိယကို တိုက်တွန်းလိုက်ပါတယ်။

 


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%80%e1%80%af%e1%80%9c%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8%e1%80%99%e1%80%bd%e1%80%b4%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%80/

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62984.76
ETH 2472.53
USDT 1.00
SBD 2.55