တယ်လီကွန်းတာဝါနှင့်လူ့ကျန်းမာရေး

in #kolin7 years ago

တယ်လီဖုန်း တာဝါတိုင်တွေဟာ လူတွေအပေါ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ထိခိုက်နိုင်ပါသလားဆိုပြီး လူအချို့က သံသယဖြစ်ကြပါတယ်။
ဖုန်း tower တိုင်တွေ ဘယ်လိုအလုပ်လုပ်ကြပါသလဲ...
ဖုန်းတိုင် base station တခုဟာ သီးခြားတည်ဆောက်ထားတဲ့ tower, သို့မဟုတ် နဂိုရှိပြီးသား သစ်ပင် အဆောက်အဦး တွေကိုအသုံးပြုပြီး တပ်ဆင်ထားတာလဲဖြစ်နိုင်ပါတယ်။ သတ်မှတ် ဧရိယာတခုကို လွှမ်းခြုံနိုင်အောင် tower တခုဟာ လုံလောက်တဲ့အမြင့်ရှိရပါတယ်။ သာမန်အားဖြင့်အမြင့်ပေ ၃၅ မှ ၂၀၀ ပေထိရှိတတ်ပါတယ်။
ကျွန်တော်တို့သုံးနေတဲ့ ဖုန်းတွေဟာ RF လိုင်းတခုနဲ့ တာဝါတိုင်တွေကို ဆက်သွယ်ကြပါတယ်။ radio frequency ဆိုတာ FM radio , microwave တို့လို လျှပ်စစ်သံလိုက် စဉ်တန်းကြီးမှာရှိတဲ့ စွမ်းအင်ပုံစံတမျိုးပါ။ RF ဟာ FM radio, microwave, လူမြင်နိုင်တဲ့အလင်း ,အပူတို့ကဲ့သို့ non ironizing radiation ပါ။ ဆိုလိုတာကတော့ သူတို့ဟာ DNA ကိုပျက်စီးစေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အမျိုးအစားမဟုတ်ပါဘူး။ level မြင့် RF လိုင်းတွေကတော့ အသားတွေကို ပူအောင်လုပ်နိုင်ပါတယ်၊ သုံးနေတဲ့ microwave မီးဖိုတွေအလုပ်လုပ်တဲ့ပုံစံပါ။ ဒါပေမယ့် cell phone တွေနဲ့ တာဝါတိုင်တွေကသုံးတဲ့ energy level ဟာ အလွန်နိမ့်ပါတယ်။
လူတယောက်ဟာ ဖုန်းခေါ်လိုက်တဲ့အခါ signal ကို အနီးဆုံး တာဝါတိုင်သို့ ပေးပို့ပါတယ်၊ ထိုမှတဆင့် ခေါ်လိုက်တဲ့ ဖုန်းရှိရာဆီသို့ switching center တွေကိုဖြတ်ပြီး ပေးပို့ပါတယ်။

လူတွေဟာ တာဝါတိုင်တွေမှာရှိတဲ့ energy တွေနဲ့ ဘယ်လိုထိတွေ့ကြပါသလဲ..
တာဝါတိုင်တွေမှ ထုတ်လွှင့်တဲ့ RF လိုင်းတွေဟာ ပတ်ဝန်းကျင်ကို ပျံနှံ့ပါတယ်။ တာဝါတိုင်မှာရှိတဲ့ antenna တွေကို အောက်ဘက် အနည်းငယ်စောင်းပြီး တပ်ဆင်ကြပါတယ်။ တာဝါတိုင်မှာရှိတဲ့ power level ဟာ မြေပြင် mobile ဖုန်းတွေမှာရှိတဲ့ power ထက်ပိုများပါတယ်။ ဒါပေမယ့် ရေဒီယိုတို့ ရုပ်မြင်သံကြား station တွေမှာသုံးတဲ့ power level ထက်အများကြီးနိမ့်ပါတယ်။ ပြီးတော့ မြေင်ပြင်မှာရှိတဲ့ signal power ဟာ တိုင်ပေါ်မှာရှိတဲ့ level နဲ့နိုင်းယှဉ်ရင် အတော်နည်းသွားပါပြီ။
တာဝါတိုင်အနီးမှာရှိတဲ့ မြေပြင်ရှိ signal level ဟာလဲ US Federal Communication Commission (FCC) အခြားအဖွဲ့အစည်းတွေကသတ်မှတ်ထားတဲ့ safe limit ထက်တောင် အဆပေါင်း ထောင်ချီပြီး နည်းပါသေးတယ်။ ဒါကြောင့် တာဝါတိုင်အနီးမှာရှိတဲ့ လူတယောက်ဟာ RF လိုင်းတွေကို သတ်မှတ်ချက်ထက်ပိုပြီးထိတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တချို့သော တိုင်တွေဟာ လူနေအိမ်တွေနဲ့ အဆောက်အဦးတွေပေါ်မှာ တပ်ဆင်ထားကြပါတယ်။ အဲ့ဒီလိုနေရာမျိုးတွေမှာဆိုရင်တော့ antenna တွေရဲ့ ရှေ့တည့်တည့်ကပ်လျက်နေရာတွေဟာ ကန့်သတ်နေရာတွေပါ။ ဒါပေမယ့် သူတို့ရဲ့နောက်ဘက်ကတော့ အန္တရာယ်ကင်းပါတယ်။ antenna တွေရဲ့နောက်ဘက် energy level ဟာ ရှေ့ဘက်ထက် အဆရာထောင်ချီပြီးနည်းပါတယ်။ နောက်ပြီး သစ်သားနံရံတွေ အုတ်နံရံတွေဟာ RF လိုင်းတွေကို ဆယ်ဆလောက်ထိ လျော့နည်းစေပါတယ်။

လူအချို့ဟာ တာဝါတိုင်တွေနဲ့ပတ်သက်ပြီး ကျန်းမားရေးပြသနာတွေ ဖြစ်စေနိုင်တယ်လို့ ထင်ကြပါတယ်။ အဲ့ဒီလိုဖြစ်ဖို့တော့ အကြောင်းအရင်းနည်းပါတယ်။
ပထမအချက်အနေနဲ့ တာဝါတိုင်မှာသုံးတဲ့ RF လိုင်းတွေဆိုတာ Cancer ဖြစ်စေနိုင်သော X ray, gamna ray နဲ့ ခရမ်းလွန်ရောင်ခြည်ကဲ့သို့သော အားပြင်းလိုင်းတွေမဟုတ်ပါဘူး။ တာဝါတိုင်ကလွင့်တဲ့ RF လိုင်းတွေဟာ DNA မော်လီကျူးထဲရှိ chemical bonds တွေကို ဖျက်စီးနိုင်စွမ်းမရှိပါဘူး။
ဒုတိယအနေနဲ့ လိုင်းအလျားပါပဲ။ သူတို့ဟာ လိုင်းအလျားရှည်တယ် စုစည်းအားလဲမကောင်းဘူး၊ လူ့ခန္ဓာကိုယ်ရဲ့ cell အသီးသီးကို ထိခိုက်နိုင်လောက်အောင် အားမကောင်းပါဘူး။
တတိယအနေနဲ့ တကယ်လို့များ RF လိုင်းတွေဟာ လူကိုတခုခုထိခိုက်စေနိုင်တယ်ဆိုရင်တောင် မြေပြင်ကိုရောက်တဲ့ လိုင်းတွေဟာ သတ်မှတ် limit ထက်ပိုပြီး အားမပြင်းပါဘူး။ တာဝါတိုင်ကလွှင့်တဲ့ လိုင်းတွေဟာ အခြားသော ရေဒီယို၊ ရုပ်မြင်သံကြား လိုင်းတွေနဲ့ အများကြီး ကွာခြားချက်မရှိကြပါဘူး။

အဲ့ဒါကြောင့် တာဝါတိုင်တွေအနီးမှာရှိတာဟာ လူတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာ မထိခိုက်စေနိုင်ဘူးပဲဖြစ်ပါတယ်။ တာဝါတိုင်တွေထက်စာရင် ကျွန်တော်တို့ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ဖုန်းတွေကပိုပြီး radiation ထိဖို့ ပိုများပါတယ်။
အချို့သောလေ့လာမှုတွေအရtower ကြောင့်ထိ့ခိုက်မှုအနည်းငယ်ရှိတယ်လို့ ပြောနေကြပေမယ့် ကောင်းမွန်တဲ့ သက်သေပြချက်တွေမရှိကြပါဘူး။

ဒါပေမယ့် တာဝါတိုင်တွေရော ၊ ဖုန်းတွေရော အကုန်မရှိရင်တော့ ကျန်းမာရေးအတွက် အကောင်းဆုံးပေါ့။FB_IMG_1499113952546.jpg

Sort:  

Congratulations @anonlay! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Post များများတင် follow များများပေး vote n cmt များများပေး ဘရို၊နည်းနေသေးတယ် 😁

Great article

Congratulations @anonlay! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67388.31
ETH 3311.98
USDT 1.00
SBD 2.74