knowledgesteemCreated with Sketch.

in #knowledge7 years ago

သင့်ရဲ့အိမ်မက်ဖြစ်တဲ့ Finance အလုပ် အတွက် လူတွေ့ အင်တာဗျူးသွားဖြေဖူးပါ သလား?

အရမ်းခက်ခဲတဲ့ မေးခွန်းအမေးခံရချိန် သင့်ဦးနှောက်ထဲဘားမှ စဉ်းစားလို့မရတော့ဘဲ ဘာပြန်ဖြေရမလဲ မသိတော့တာမျိုး ကြုံဖူးပါသလား?

ဒီတစ်ခါတော့ ကျွန်ုပ်တို့ အင်တာဗျူးမှာ ကြုံတွေ့ရမယ့် Stress ကို ဘယ်လိုကျော်လွှားကြမလဲ လေ့လာကြည့်ရအောင်.....


မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး ပါရမီရှင်တွေကို လိုအပ်လာပါ လိမ့်မယ်

မြန်မာ့ဘဏ္ဍာရေးလောက ဆက်လက်ကြီးထွားလာတာနှင့်အမျှ ဘဏ်များ၊ Financial Instituteများနှင့် ကုမ္ပဏီများသည် သူတို့၏လုပ်ငန်းများကို အလျှင်အမြန်ဆက်လက်တိုးချဲ့ရမည်ဖြစ်သောကြောင့် နောက်ထပ် ပါရမီရှင်မြောက်များစွာ ထပ်ငှား ထပ်ခန့်ရမည် ဖြစ်သည်။ Head hunter များနှင့် HR professionals များသည် များသောအားဖြင့် အလုပ်လျှောက်သူ၏ လုပ်နိုင်စွမ်းအားကို အကဲဖြတ်သော နည်းလမ်းတစ်ခု အနေဖြင့် အသုံးပြုကြပါလိမ်းမည်။  Financial Thutha အနေဖြင့် သင့်ကို လက်တွေ့အကြံပြုချက်များဝေငှပေးခြင်းဖြင့် ထိုအင်တာဗျူးများတွင် ပြတ်ပြတ်သားသားအနိုင်ရနိုင်အောင် ကူညီပေးချင်ပါသည်။  ဤဆောင်းပါသည် Anna Ranieri ရေးသော Harvard Business Review မှာကောက်နှုန် ကူးယူထားခြင်းဖြစ်ပါသည်။

Finance အလုပ်အတွက် အင်တာဗျူးများတွင် Stress ကို ခံစားဖူးပါသလား? သင်တစ်ယောက်ထဲ မဟုတ်ပါ။

သင် မခံနိုင်လောက်သော Stress ကို သင့်ရဲ့ စိတ်ကူယာဉ် Finance အလုပ် အတွက် အင်တာဗျူးမှာ ခံစားရဖူးပါသလား? အဲ့လိုဆိုရင်တော့ သင်တစ်ယောက်ပဲ အဲ့လိုဖြစ်တာမဟုတ်ပါဘူး။ လူအများစုပြောကြတာကတော့ အလုပ်နေရာတစ်ခုအတွက် အင်တာဗျူးခံရခြင်းဟာ အလွန့်အလွန်ဖိအားများသော အတွေ့အကြုံ တစ်ခုဖြစ်ပါသည်။ ကံကောင်းစွားပင် ထိုလူတွေ့ အင်တာဗျူးမှ ဖိအားကို သင်ကျော်ဖြတ်နိုင်ပါသည်။ ထိုသို့ကျော်ဖြတ်ရန်အတွက် ထိုဖိအားအချို့သည် သင့်ကိုအင်တာဗျူးအောင်မြင်စေနိုင်ကြောင်း နားလည်ထားရမည်။ အင်တာဗျူးအတွက် လေ့ကျင့်ထားခြင်းသည် ဖိအားအဆင့်ကို ထိန်းသိမ်းထားနိုင်ကြောင်းနှင့် အကယ်၍သင့်ကို ဖိအားက စတင်လွှမ်းမိုးလားပြီဟု စတင်ခံစားရပြီဆိုလျှင် သူလုပ်ဆောင်နိုင်မည့် ထိရောက်သည့် တုန့်ပြန်မှုများရှိသည်ကိုလည်း နားလည်ထားရမည်ဖြစ်သည်။ ထိုအင်တာဗျူးများကို အနိုင်ပိုင်းနိုင်ရန်အတွက် လိုအပ်မည့် ကျွမ်းကျင်မှုများနှင့် သင့်ကို တန်ဆာဆင်ပေးရန် Financial Thutha အနေဖြင့် ရည်ရွယ်ပါသည်


အရာအာလုံးဟာ ထိုဖိအားကို ထိထိရောက်ရောက် ကွပ်ကဲနိုင်ခြင်းပါပဲ

သင့်ရဲ့အိမ်မက်ဖြစ်သော Financial/Accounting အလုပ်တစ်ခုအတွက် အင်တာဗျူးမှာ သင်သည် ဖိအား(stress) ကို သေသေချာချာ ထိန်းချုပ်ကွပ်ကဲဖို့ အလွန်အရေးကြီးပါသည်။  ပထမဦးစွာ ဖိအားကို ကောင်းတဲ့ဘက်က စဉ်းစားပါ။  သုတေသနပြုသူများနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များကမှ နှိုးဆော်သည်မှာ သင့်လျော်သော ဖိအားပမာဏသည် အပေါင်းလက္ခဏာကိစ္စများကို ဖြစ်စေနိုင်သော်လည်း ဖိအားအလွန်များလျှင်တော့ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ် နှစ်ခုစလုံး ပြိုလဲသွားစေနိုင်ပါသည်။  ထိုအရာမှာ သင့်ရဲ့ ဖိအားကို သင့်လျှော်ပြီး အကျိုးရှိမဲ့ အဆင့်လောက်မှာသာ ထားရှိနိုင်ဖို့ မျှမျှတတလုပ်ဆောင်ရမှာဖြစ်ပါတယ်။  အလုပ်အင်တာဗျူးတစ်ခုသည် လုံလောက်သင့်လျှော်သော ဖိအားဟာ သင့်ရဲ့ရှေ့ကိုလှမ်းတဲ့ခြေလှမ်းကို ကူညီပေးမယ့် အရာတစ်ခုဖြစ်တယ်ဆိုတာ ပြသနေသော အကောင်းဆုံးဥပမာ တစ်ခုဖြစ်ပါသည်။

အလုပ် အင်တာဗျူးများတွင် မေးလေ့ရှိသော မေးခွန်းများကို ကြိုတင်စဉ်းစားထားပါ

အလုပ်အင်တာဗျူးတစ်ခုမှာ ကျွန်ုပ်တို့ မကြာခဏ ပုံမှန်တွေ့ကြုံနေကြအရာ မဟုတ်သောကြောင့် ထိုပုံမှန်မဟုတ်သော စံသက်မှတ်မှုမရှိသော အပြန်အလှန်စကားပြောခြင်းအတွက် အပြည့်အဝ ပြင်ဆင်ထားရန် အလွန် အရေးကြီးပါသည်။ သင့်ကို အင်တာဗျူမည့်သူ မေးနေကြ ပုံမှန်မေးခွန်းများထဲက အချို့ကို ကြိုတင်စဉ်းစားသွားပါ။ ဘဏ္ဍာရေးနဲ့ ပတ်သတ်သော သင့်ရဲ့အဓိက ကျွမ်းကျင်မှုတွေက ဘာတွေလဲ။ ဘဏ္ဍာရေးနဲ့ ပတ်သတ်သော ကျွမ်းကျင်မှုအသစ်တွေကို သင်ယူနိုင်ဖို့ သင့်ကိုယ်သင် ဘယ်လောက်ယုံကြည်မှုရှိသလဲ။ သင့်ဖောက်သည်ကို ရရှိနိုင်ဖို့ သင့်အားသာချက်တွေက ဘာတွေဖြစ်မလဲလို့ သင့်ကိုယ်သင် စဉ်းစားမိပါသလဲ။ သင်ရရှိခဲ့သော ဘဏ္ဍာရေးနှင့် ပတ်သတ်သော အောင်မြင်ခဲ့သည့် အရောင်းအဝယ်များ။ မဖြစ်မနေသင့်ရဲ့ အားနည်းချက်တွေကိုမေလာခဲ့ရင် သင်ဘာတွေပြောမလဲ။

ထိုသို့သော မေးခွန်းများကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ လေ့ကျင့်ပါ။ သို့မှသာ ထိုပုံစံမျိုးများမေးလာသောအခါ သင်ဘယ်လိုပြောရ ဖြေရမလဲဆိုတာ သိမှာဖြစ်တယ်။ ထိုမျှော်လင့်ထားသော မေးခွန်းများအတွက် သင်သေချာ လေ့ကျင့်ထားပြီးပြီဆိုလျှင် သင့်ဖိအားအဆင့်ကိုသင်ထိန်ချုပ်လို့ရလာနိုင်ပြီး မမျှော်လင့်သော တောင်းဆိုမှုများပေါ်ထွက်လာသော အချိန်နှင့် သင့်ကိုယ်သင် စဉ်းစားရတော့မည့်အချိန်များတွင် လိုအပ်သော စွမ်းအင်ကိုတောင် ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Financial Thutha အနေဖြင့် လူတိုင်းကို မှတ်သားထားစေချင်တာကတော့ အရာအားလုံးမှာ အင်တာဗျူးမှာ မေးနေကြမေးခွန်းများကို ကြိုတင်စဉ်းစားထားပြီး သေချာပြင်ဆင်ထားခြင်းပင်ဖြစ်ပါသည်။


သင်ဘာလုပ်မလဲ။

သင့်ကို အရမ်းခက်ခဲတဲ့ မေးခွန်းမေးလိုက်ပြီ။ သင့်ဦးနှောက်ထဲမှာ လုံးဝဗလာဖြစ်သွားပြီ။ သင်ဘာပြန်ပြောရမှန်း မသိတော့ဘူး။ သင်ဘာလုပ်မလဲ။

ခက်ခဲသောမေးခွန်းများ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ လေးနက်ပြီး အရေးကြီးသော အင်တာဗျူးများသည် ဦးနှောက်ကို ရပ်တန့်သွားစေနိုင်လောက်သော ဖိအားကိုပေးနိုင်ပါသည်။  သင့်စိတ်ထဲ လုံးဝဗလာဖြစ်သွားမယ်။  သင်ထုံသွားမယ်။  သင်ရှက်ကြောက်ပြီး မျက်နှာပူသွားမယ်။  ဒါဆို သင်ဘာလုပ်မလဲ။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။  ရေတစ်ငုံလောက်သောက်လိုက်ပါ။  ကိုယ့်ကိုကိုယ် ပြောမယ့်အရာများပြန်စီဖို့ အချိန်နည်းနည်းပေးလိုက်ပါ။  ပုံမှန်မေးခွန်းလေးတွေဖြစ်နေပါစေ ဒီလိုပုံစံမျိုးလေးတွေ ပြန်ဖြေနိုင်ပါတယ်။  "အယ်၊ ထိုကိစ္စအတွက် ခဏလောက် ပေးစဉ်းစားပါ။" သို့မဟုတ် "ဒီလိုဆိုလိုတာလား. ..... " သိုမဟုတ် "မေးခွန်းကိုနောက်ပုံစံတစ်မျိုးနဲ့ ပြန်မေးပေးလို့ရနိုင်မလား"။ "ကျွန်ုပ်အဖြေသည် သင်မေးတဲ့ကိစ္စကို ချုံငုံမိပါရဲ့လား" ဟူ၍လည်း မေးနိုင်ပါသေးသည်။  ထိုနောက် ကိုယ့်ကိုကိုယ်ယုံကြည်မှုကို ပြန်မြှင့်တင်လိုက်ပါ။  သင့်ကို အင်တာဗျူးနေသကဲ့သို့ သင်သည်လည်းထိုအဖွဲ့အစည်းကို အင်တာဗျူးနေသည်ဆိုတာကို အမှတ်ရပြီးသင့်စိတ်ကို ပြန်လည်တည်ငြိမ်လာစေပါ။  ထိုအင်တာဗျူးအပေါ် သင်လည်း ထိန်းချုပ်နိုင်သေးသောကြောင့် အလွန်ဖိအားများလာခြင်းများ လွန်းမိုးခံရခြင်းများ မဖြစ်ပါနှင့်။

အကောင်းဆုံးကာကွယ်မှုသည် တိုက်ခိုက်မှုဖြစ်သည်

အချုပ်အားဖြင့်ဆိုသော် ဘောလုံးလောကမှာလိုပင် ပြောလေ့ရှိသော စကားတစ်ခွန်းမှာ အကောင်းဆုံးကာကွယ်မှုသည် တိုက်ခိုက်မှု(the best defence is offense) ဖြစ်သည်။ ဆိုလိုသည်မှာ ထိုးစစ်ဖြင့် အနိုင်ဂိုးများများ သွင်းယူနိုင်ဖို့ဖြစ်သည်။ ထိုကဲ့သို့ပင် အလုပ်အင်တာဗျူးတစ်ခုတွင် ဖိအားများကိုယ့်ကို လွှမ်းမိုးလာခြင်းအတွက် အကောင်းဆုံးအကာအကွယ်မှာ လေ့ကျင့်ခြင်းဖြင့် ပြန်လည်တိုက်ထုတ်ခြင်းဖြစ်သည်ဟု Financial Thutha မှယုံကြည်ပါသည်။ သင်ပြောရမည့်အရာများကို ကြိုတင်လေ့ကျင့်သွားပါ။ သင့်တန်ဖိုး၊ သင့်ကျွမ်းကျင်မှုများ၊ သင့်စွမ်းရည်များနှင့် နောက်ထပ်အသစ်များကို သင်ယူဖို့ ဘယ်လောက်ထိ စိတ်အားထက်သန်နေသလဲဆိုတာကို ကိုယ့်ကိုကိုယ် သတိပြန်ပေးနေပါ။ ထိုသို့အားဖြင့် သင့်ရဲ့အိမ်မက်ဖြစ်သော ဘဏ္ဍရေးနှင့်သက်ဆိုင်သော အလုပ်နေရာကို ရှိရန် အခြေအနေကောင်းတစ်ခုပေါ် ရောက်ရှိနေစေမှာဖြစ်ပါသည်။ ကျွန်ုပ်တို့မှလဲ အကောင်းဆုံးဖြေနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။


Financial Thutha အနေဖြင့် ထိုကဲ့သို့သော ဘဏ္ဍာရေး သတင်းများနှင့် အသုံးအနှုန်းများကို ဆက်လက်ဝေငှပေးသွားပါမည်။  ထို့နောက် ဘဏ္ဍာရေးနှင့်ဆိုင်သော အသုံးအနှုန်းများကို ပိုမိုရင်းနှီးလာပြီး ပိုကောင်းသည့် အလုပ်အခွင့်အရေးများ ရရှိလာစေပါမည်။  အကယ်၍ ဒီဆောင်းပါသည် သင့်အတွက် အသုံးဝင်ပါက ကျေးဇူးပြု၍ သင့်မိတ်ဆွေများကိုလည်း ဝေမျှပေးပါ။  Financial Thutha ၏ facebook page တွင်လည်း like နှင့် follow လုပ်ပေးပါ။  ဒီဆောင်းပါးကို သင်နှစ်သက်ကြောင်း comment ချန်ထားနိုင်ပါသည်။  ထိုသို့အားဖြင့် ကျွန်ုပ်တို့ Financial Thutha ကို ဤကဲ့သို့သော ဆောင်းပါများဆက်ရေးရန် အားဖြစ်စေပါသည်။

*** This article is being extracted and referenced Harvard Business Review. https://hbr.org/2017/07/how-to-handle-stress-during-a-job-interview
It is being written by Anna Ranieri. Financial Thuta would liketo sincerely thank Harvard Business Review and Anna Ranierias this article has been referenced from these sites. This article has been referenced and copied from Harvard Business Review. Image is from http://www.jobinterviewtools.com/blog/job-interview-questions-how-do-you-handle-pressure-and-stress/. It is from Don Georgevich. Financial Thuta combines these insights from these sources in their analysis. *** Do note that certain parts are written by Financial Thuta. It is also being translated by Financial Thuta. Financial Thuta is sharing the article to encourage financial learning in Myanmar solely for the purpose of learning, This article does not reflect the opinions and recommendations of Financial Thuta. All recommendations are made without guarantee on the part of Financial Thuta. Financial Thuta disclaim any liability in connection with the use of this information.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 64970.70
ETH 3238.82
USDT 1.00
SBD 2.64