အပြုစိတ်နဲ့ဘ၀ကို ကောင်းအောင် စီမံလို့ရတယ်steemCreated with Sketch.

in #knowledge7 years ago

အပြုစိတ် ဆိုတာ ဘာလဲလို့ မေးကြတဲ့သူတွေရှိတဲ့အတွက် အပြုစိတ်နဲ့ပတ်သက်ပြီး ရေးမယ်လို့ စဉ်းစားမိတာပါ။
တကယ်တော့အပြုစိတ်ဆိုတာ ကိုယ့်ရဲ့အတွေးတွေထဲက ကောင်းမွန်တဲ့ အတွေး၊ ကောင်းမွန်တဲ့စိတ်ကူးကို ဆိုလိုတာပါ။
လူတိုင်းမှာ စိတ်ကူးနဲ့အတွေးတွေရှိကြပါတယ်။ ကောင်းမွန်တဲ့စိတ်ကူးနဲ့ အတွေးတွေကို ကျွန်မတို့က အပြုစိတ်လို့ဆိုကြပါတယ်။ မကောင်းတဲ့ အတွေးတွေ၊ မဖြစ်နိုင်ဘူးဆိုတဲ့ယူဆချက်တွေကိုတော့အပျက်စိတ်ကို ဆိုပါတယ်။
ဥပမာ လူတစ်ဦးကာ လာမဲ့၂၀၁၇ မှာ ဘာတွေလုပ်မလဲ လို့စဉ်းစားတဲ့အခါ သူ့ရဲ့လက်ရှိ လုပ်ငန်းကို တိုးချဲ့မယ်လို့စဉ်းစားပါတယ်။ သူက တိုးချဲ့မဲ့အနေအထားကို စဉ်းစားပါတယ်။ ပြီးတော့ငါ လုပ်ငန်းကို တိုးချဲ့နိုင်မယ်၊ အောင်မြင်မှု ပိုရလာမယ်လို့ စဉ်းစားတွေးခေါ်လိုက်တာက အပြုစိတ်ပါ။
အဲလို ဖြစ်နိုင်ချေတွေကို စဉ်းစားသလို စိတ်ကူးထဲမှာလည်း ပိုပြီး အောင်မြင်လာတဲ့အကြောင်း တွေးပါတယ်။ အခက်အခဲတွေရှိရင်လည်း ငါ ကျော်ဖြတ်ရင်ဆိုင်နိုင်မှာပဲ လို့လည်း ယုံကြည်ထားတယ်။ အဲလို တွေးခေါ်ရင်းနဲ့အဆင်ပြေစွာ တိုးချဲ့နိုင်မယ်လို့စိတ်ထဲမှာ ယုံကြည်တယ်။ ဒါဟာ အပြုစိတ်ဖြစ်ပေါ်ပြီး ယုံကြည်လိုက်တာပါ။ အဲဒီ အပြုစိတ်အတွေးနဲ့
ယုံကြည်ချက်ကြောင့် တကယ်လည်း အဆင်ပြေသွားပါလိမ်မယ်။
အဲလိုပဲ အခြားသူ သူတစ်ဦးကလည်း ငါလည်း လုပ်ငန်းတိုးချဲ့မယ်၊ ဒါပေမဲ့ ဖြစ်ပါ့မလား၊ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း မကောင်းတော့အဆင်မပြေဘူး ဆိုရင် ဘယ်နှဲ့လုပ်မလဲ၊ငါ့လက်ထဲက ငွေတွေ ကုန်သွားရင် ခက်လိမ့်မယ်။ ဒီအတိုင်း နေတာမှ ကောင်းသေးတယ် ဆိုပြီး တွေးတာက အပျက်စိတ်ပါ။ အဆင်မပြေမှာကို စိုးရိမ်ပြီး အဆင်မပြေတာတွေကိုအဆင်ပြေအောင်လုပ်ပေးချင်လို့စဉ်းစားပေမဲ့အဆင်မပြေတာတွေကိုပဲ ထပ်ခါထပ်ခါ စဉ်းစားတဲ့အတွက်အပျက်အတွေးက တစ်ချိန်လုံး ခေါင်းထဲမှာ ရောက်နေတတ်ပါတယ်။ အဲဒီအခါ တကယ်လုပ်ရင်လည်း အဆင်မပြေမှု တွေနဲ့ပဲ တွေ့ကြုံရလေ့ရှိတယ်။
ဒါကို ကျွန်မကတော့လက်ခံယုံကြည်ထားပါတယ်။ အဲဒီ ယုံကြည်ချက်အတိုင်း စိတ်အတွေး တွေကို အပြုစိတ်၊ အပြုသဘော ဆန်တဲ့အတွေးတွေပဲ ဖြစ်အောင် ကြိုးစားထိန်းချုပ်ပါတယ်။
အဲဒီလို စိတ်အတွေးတွေကို ကောင်းမွန်တာပဲ တွေးဖို့၊ ကောင်းမွန်တဲ့စကားကိုပဲ ပြောဆိုဖို့နဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကိုပဲ လုပ်ဖို့ဆိုတာ ပြောသလောက်လည်း မလွယ်ပါဘူး။ အထူးသဖြင့်ကိုယ့်ရဲ့စိတ်က မကောင်းတာကိုလည်း မကြာခဏ သွားသွားပြီး တွေးမိတာပါပဲ။ မကောင်းတာကို တွေးမှာ စိုးရိမ်နေတဲ့စိတ်ကလည်း မကောင်းတာကိုပဲ သွားပြီး တွေးမိစေတာပဲ၊ အဲလို မဖြစ်အောင်လည်း ကိုယ်က ကြိုးစားထိမ်းချုပ်ရပါတယ်။
ကိုယ့် စိတ်ကို သိပြီး ထိမ်းချုပ်နို်င်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ သမထ ကျင့်တာပါ။ စိတ်ကို သိအောင် လုပ်ပြီး စိတ်က ကောင်းတာကို တွေးနေတာလား ကိုယ်ဖြစ်ချင်တာကို ဖြစ်မယ်လို့ယုံကြည်စိတ်နဲ့ တွေးနေတာလား အဲဒါက အရေးကြီးလာပါတယ်။
ကိုယ့်ရဲ့စိတ်မှာ လုပ်တော့လုပ်နေတယ်။ ဖြစ်မပါ့မလား မဖြစ်မှာကို ပူပြီး တွေးနေတာလား။ ဒါကတော့ မဖြစ်မှာကို ပူပြီး တွေးနေတဲ့ အတွက် မဖြစ်နို်င်တာတွေကို ပို စဉ်းစားပြီး ပိုခက်သွားစေတယ်။ အဲလို တွေးနေတာကို ချက်ခြင်း ရပ်ပစ်ပြီး ကောင်းတဲ့ဖြစ်နိုင်တဲ့ရှု့ထောင့်ကို ချက်ခြင်း ပြန်ပြောင်းပေးဖို့လိုပါတယ်။
အဲဒီလိုကတော့ နေ့ချင်းညချင်း မဖြစ်နိုင်ပါဘူး ရှင်။ ဒါပေမဲ့အလေ့အကျင့်များလာတဲ့ အခါ သိလာပါတယ်။ မိုးလင်းကတည်းက အိပ်ရာက နိုးထကတည်းက ဒီနေ့ ကောင်းတာတွေပဲလုပ်မယ်၊ ကောင်းတာတွေပဲ တွေးမယ်၊ ကောင်းတဲ့ စကားပဲ ပြောမယ် ဆိုပြီး နိုးထကြည့်ပါ။
မကောင်းတာတွေကို မတွေးမိပါစေနဲ့။ မကောင်းတာတွေ မတွေးအောင် ကြိုးစားမယ် ဆိုပြီးတော့လည်း စိတ်မကူးပါနဲ့။ ဒါဆို ကိုယ့်စိတ်ထဲ မကြာခဏ မကောင်းတဲ့အတွေး တွေ ၀င်လာတတ်လို့ မောင်းမောင်းထုတ်နေရပါလိမ့်မယ်။
ဒါကြောင့်ကိုယ်ဖြစ်ချင်တာကို တွေးပါ၊ ဖြစ်မယ်လို့ ယုံကြည်ပါ၊ အဲဒီ အတွေးကိုပဲ ကောင်းမွန်တဲ့ဘက်ကနေ အမြဲတမ်း တွေးနေပါ။ ဒါ့အပြင်ကိုယ့်အနေနဲ့ ဘယ်သူနဲ့မဆို မေတ္တာစိတ်နဲ့အပြုသဘောဆန်တဲ့အပြော အဆိုတွေနဲ့ပဲ ဆက်ဆံ လုပ်ဆောင်ပါ။ ဒါဟာ အလေ့အကျင့်ဖြစ်သွားပြီး ကိုယ့်ရဲ့စိတ်အတွေးသာမက၊ ကိုယ်ကိုယ်တိုင်က အပြု သဘောဆန်တဲ့ အတွေးတွေ၊ လုပ်ရပ်တွေနဲ့နေသားကျသွားတဲ့နေ့ရောက်လာပါမယ်။
ကောင်းမွန်တဲ့ အတွေး ရှိနေရင် မကောင်းတဲ့ အတွေး မ၀င်နိုင်သလိုပါပဲ၊ ကောင်းမွန်တဲ့အပြော ၊ ကောင်းမွန်တဲ့အလုပ်ရှိနေတဲ့ အတွက် ကိုယ့်မှာ ကောင်းမွန်ခြင်းပဲရှိနေပါမယ်။
ကိုယ့်စိတ်က ကိုယ့်အတွေးတွေက အပြုဆန်တဲ့အတွေးတွေပ လွှမ်းမိုးလာပြီ ဆိုရင်တော့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း စိတ်အတွေးတွေကနေ ကိုယ့်ဘ၀ကို စီမံလာနိုင်ပါမယ်။
စိတ်ဆိုတာ အတွေးကနေ လာပါတယ်။ အတွေးဆိုတာကတော့ ကိုယ့်ကို စီမံပေးတဲ့အရာပါပဲ။ အဲဒီ သဘောတရားကို နားလည်ထားပြီး ကိုယ်က အလေ့အကျင့်ဖြစ်အောင် ပျိုးထောင်ပေးပြီး မှ ကိုယ်က စိတ်အတွေးနဲ့ကိုယ့်ဘ၀ကို စီမံသွားနိုင်တာပါ။.
ကျေးဇူးတင်ပါတယ်ရှင်။

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.027
BTC 61378.33
ETH 2960.55
USDT 1.00
SBD 2.49