KnowledgesteemCreated with Sketch.

in #knowledge7 years ago

“ရံဖန်ရံခါအရှုံးပေးခြင်းဟာ ကြီးမားတဲ့ အောင်နိုင်မှု့ပါ”
........................................
စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော် ပါတယ် ဘယ်သူကမှ သူ့ကို နိုင်အောင်မကစားနိုင်ပါဘူး
တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာယင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေးတစ်လုံးမှာ “ တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာ မှာ နံပါတ်တစ် ”
ဆိုတဲ့ ဆိုင်ပုဒ်ချိတ်ထားတာ သွားတွေ့ကြတယ် စစ်သူကြီးဟာမယုံတဲ့ အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ထိုးကြတာ အိမ်ရှင် က ၃ ခါလုံးရှုံးခဲ့တော့တယ် ...စစ်သူကြီးက ရီ တယ်
..........................
“ ဟားဟား ....မင်းဆိုင်းပုဒ် ကြီးဖြုတ်ပစ်လိုက် တော့ ”
ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်သွားထွက်တိုက်တော့တယ်
............................
မကြာခင် စစ်သူကြီးဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာ ကြရော အဲ့ရွာ ကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို နှကိုယ်နေရာမှာတင်ရှိနေသေးတာ သွားတွေ့ရော ဒါနဲ့ အိမ်ရှင် ကိုထပ်သွားတွေ့ တော့ နောက်ထပ် စိန်ခေါ် စကား ပြောကြယင်း ထပ်ကစားဖြစ်ကြတယ်
..............................
ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံးဆက်တိုက်ရှုံးပြန်တယ် စစ်သူကြီး အရမ်းအံသြ သွားတယ် ဒါ နဲ့ အိမ်ပိုင်ရှင် ကို မေးတာ ဘာကြောင့်လည်း ပေါ့
အိမ်ပိုင်ရှင်ကပြောပြတာ “ အယင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့တာဝန် ကြီးရှိနေတယ် ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီး ကို စိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ဘူး ဒီတစ်ခေါက် အသင်စစ်သူကြီးစစ်အောင်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျိုထားစရာ မလိုတော့ဘူးပေါ့ ”တဲ့
..........................
တကယ်တော်တဲ့သူဆိုတာ ဒီလောက မှာ အနိုင်ရနိုင်ပါရဲ့သား နဲ့ မလိုအပ်ပဲ အနိုင်မယူ ခွင့်လွတ်နိင်စွမ်းရှိအောင် စိတ်သဘောထားကြီး တဲ့သူပါပဲ
............................................
လက်တွေ့ ဘဝ မှာလည်း အတူတူပါပဲ
သိနေလည်း မလိုအပ်ပဲ ပြောစရာမလိုပါဘူး မပြောဘူးဆိုတာ မသိ လို့ လဲ မဟုတ်ပါဘူး
....................................
အကယ်လို့ သင်သိတဲ့ အကြောင်း အရာကိုသင်ပြောလိုက်တဲ့ အခါ အဲ့ဒီအကြောင်းအရာ ပိုင်ရှင်အနေနဲ့ မသိစေချင်တဲ့အရာ ဒါမှမဟုတ် တစ်ပါးသူ မသိဘူးလို့ ထင်ထားတဲ့အရာ ဖြစ်နေတယ် ဆိုယင် သင်ဟာမိတ်ဆွေ မရပဲ ရန်သူရရှိပါလိမ့်မယ်
........................................
လူတိုင်းက အမှန်တရားကိုလက်ခံ နိုင်ပါတယ် လို့ ပြောကြပါတယ် သင့်ကို အမှန်အတိုင်းပြော စေလိုတယ်
ဒါပေမဲ့သင်ပြောလိုက်တဲ့ အခါ လူတိုင်းက လက်ခံ နိုင်မှာမဟုတ်ပါဘူး
အမှန် ကို ပြောတဲ့ သိတဲ့အတွက် သင့်ကိုတောင်မှ စိတ်တို မုန်းတီး အထင်အမြင်သေးသွားပါလိမ့်မယ်
.....................................
အမှန်ကိုပြောစေချင်တယ် ဆိုတာ သင်ဘယ်လောက်သိသလဲ ဆိုတာကို ဆိုလိုကြတာပါ အမှန်ကိုလက်ခံ နိုင်ကြတယ် လို့ မဆိုလိုပါဘူး
သင်အများကြီးသိနေ တယ် ဆို တာ သိကြရတဲ့ အခါ သူတို့ မျော်လင့်ထားတာ ထက် သင်ပိုသိ ပိုပြောမိတဲ့ အခါ သူတို့ သင့်ကို မုန်းတီးဒေါသထွက် မှာပါ ဘာကြောင့်လည်းဆိုတော့ “ ပိုသိနေ လို့ ” ပါပဲ
..................................
အမြင်ကျည်းတဲ့ သူရှေ့ မှာ သင် အမြင်ကျယ် သဘောထားကြီးတတ်ရပါမယ် သဘောထားမကြီးတတ်ယင်လည်း “ အ ” ချင်ယောင်ဆောင်ရပါမယ်...
https://goo.gl/OsTXjA
ဘဝရှင်သန် ဖို့ အားအင်ဖြစ်စေမဲ့ အတွေးအခေါ် တွေ အပြုသဘောဆောင် တဲ့ အတွေးအခေါ်, ကြီးမားတဲ့ အတွေး အခေါ် အယူအဆ တွေ နဲ့ ကောင်းမွန် တဲ့ အိုင်ဒီယာ တွေစုစည်း ထားတဲ့ Page ဖြစ်ပါတယ် ။
www.iveryhappy.net
မြန်မာ ပြည်ရဲ့ ပထမဆုံး Social media နဲ့ online လောက မှာ စီးပွားရေးလုပ်ပြီးအောင်မြင်လာနိုင်စေဖို့ အားပေးပြီးနည်းလမ်းပြပေး ပြီးအချက် အလက်တွေ စုဆောင်းထားပေးတဲ့ websit ဖြစ်ပါတယ် ။
FB_IMG_1501074128674.jpg
++++++++++++++++++++++++