အလုပ်ရှင်တွေလိုချင်တဲ့ ၀န်ထမ်းတွေမှာရှိသင့်သော Soft Skill များ

in #knowledge7 years ago

image

ယနေ့ခေတ်မှာ အလုပ်ရှင်တွေဟာ အလုပ်ခန့်ထားတဲ့အခါမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်တွင်းမှာရာထူးတိုးပေးဖို့ပဲ ဖြစ်ဖြစ် Hard skill ဆိုတဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ Soft skill ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေး၊ အများနဲ့ပူးပေါင်းလုပ်ဆောင်မှု စတဲ့အရည်အချင်းနှစ်ခုလုံးကို ယှဉ်ထိုးစဉ်းစားလာကြပါပြီ။ Hard skill က လုပ်ငန်းပိုင်းဆိုင်ရာဖြစ်တဲ့အတွက် အဖွဲ့အစည်း နှင့် လုပ်ငန်းပေါ်မှာမူတည်ပြီးကွဲပြားပေမဲ့ Soft skill ကတော့ ဘယ်လုပ်ငန်းမှာမဆိုယေဘုယျတူလေ့ရှိပါတယ်။ Hard skill က ပညာရေး၊ သင်တန်း၊ လုပ်ငန်းခွင်လက်တွေ့လုပ်ဆောင်မှုတွေက သင်ယူနိုင်ပြီး Soft skill ကတော့ ကောင်းမွန်လာဖို့အတွက် လေ့လာလုပ်ဆောင်ရမှာဖြစ်ပါတယ်။ Soft skill ကိုသင်ပေးတဲ့သင်တန်းတွေခုနောက်ပိုင်းရှိလာတဲ့အတွက် သင်ယူလေ့လာနိုင်သလို တစ်ချို့သောဟာတွေကတော့ မိမိကိုယ်တိုင်လေ့ကျင့်လုပ်ဆောင်မှသာရရှိနိုင်တဲ့ အရာတွေပဲဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေ အလုပ်ခန့်ထားသူတွေက အင်တာဗျူးမှာတင်အလုပ်လျှောက်ထားသူရဲ့ Soft skill ကိုသိရှိ နိုင်ဖို့အတွက် အင်တာဗျူးမေးခွန်းတွေ၊ လက်တွေ့လုပ်ဆောင်စေခြင်းစတဲ့စစ်ဆေးမှုတွေကနေ စစ်ဆေးလာကြပါတယ်။ Soft skill လို့ပြောရင် လုပ်ကိုင်တဲ့အလုပ်၊ ရာထူးတွေအလိုက် လိုအပ်တဲ့ skill တွေအများကြီးရှိပါတယ်။ ဒီထဲကမှအလုပ်ရှင်အများစုလိုချင်တဲ့ skill (၆) ခုကိုအောက်မှာရှင်းပြထားပါတယ်။

(၁) Communication skill

Communication skill ဆိုတာ လုပ်ငန်းခွင်မှာလူအများနှင့်ဆက်သွယ်ပြောဆိုရတဲ့အခါမှာ အီးမေးပို့ဆက်သွယ်တာအပြင် လူအများနဲ့လိုက်လျောညီထွေဖြစ်စွာပြောဆိုဆက်ဆံတတ်ခြင်း၊ အသင်းအဖွဲ့နဲ့လုပ်ဆောင်တဲ့အခါ ကိုယ်လိုချင်တဲ့ရလဒ်ရအောင်ပေါင်းသင်းဆက်ဆံနိုင်ခြင်း၊ မိမိ၏ အကြံဥာဏ်ကိုအကောင်းဆုံးတင်ပြပြောဆိုနိုင်ခြင်း စတဲ့အချက်တွေကိုလုပ်ဆောင်နိုင်ခြင်းကိုဆိုလိုပါတယ်။

(၂) Teamwork and Collaboration skill

Teamwork and Collaboration ဆိုတာကတော့ အများနဲ့ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းကိုဆိုလိုပါတယ်။ လုပ်ငန်းခွင်မှာ တစ်ဦးတစ်ယောက်တည်းလုပ်ဆောင်လို့မရပါဘူး။ ကိုယ့်ဌာနအတွင်းပူးပေါင်းလုပ်ဆောင်ရ သလို အခြားဌာနများနဲ့လည်းပူးပေါင်းလုပ်ဆောင်နိုင်မှ လုပ်ဆောင်ချက်တွေပြီးမြောက်နိုင်ပါတယ်။ အများနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့အခါ ညှိုနှိုင်းဆောင်ရွက်နိုင်မှု၊ မိမိအကြံဥာဏ်ကိုအများလက်ခံအောင်ပြောဆိုနိုင်မှု၊ လိုချင်တဲ့ရလဒ်တစ်ခုကို အများနဲ့ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်မှု စတဲ့အချက်တွေအများကြီးပါဝင်ပါတယ်။

(၃) Problem-sovling skill

Problem-sovling skill ကတော့ ပြသာနာများကိုဖြေရှင်းနိုင်ခြင်းပဲဖြစ်ပါတယ်။ ပြသာနာဆိုတာမှာ နေ့စဉ်အသေးအဖွဲလုပ်ငန်းခွင်ပြသာနာကစလို့ ကိစ္စရပ်တစ်ခုဖြစ်လာတဲ့အခါမှာ ၀န်ထမ်းအနေနဲ့ဘယ်လို ဖြေရှင်းသလဲဆိုတာပါ။ လုပ်ငန်းခွင်တိုင်းမှာနေ့စဉ်နဲ့အမျှ အခက်အခဲပြသာနာတွေဆိုတာရှိစမြဲပါ။ ဒီလိုတွေ့ကြုံလာရတဲ့အခါမှာ ၀န်ထမ်းအများစုကမိမိအထက်လူကြီးဖြေရှင်းပေးမှာပဲဆိုပြီး ပြသာနာရဲ့အဖြေကို စဉ်းစားတတ်ကြတာရှားပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းမဟုတ်ရင်တောင် ပြသာနာဖြစ်လာရင် ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အဖြေတွေနဲ့အတူ မိမိအထက်လူကြီးကိုတင်ပြနိုင်တဲ့ ၀န်ထမ်းများဟာ ပြသာနာဖြေရှင်းတဲ့စွမ်းရည်လည်းတက်လာနိုင်သလို အထက်လူကြီးရဲ့အသိအမှတ်ပြုမှုကို လည်းရရှိနိုင်ပါတယ်။

(၄) Positive Attitude

Positive attitude ဆိုတာ အကောင်းမြင်စိတ်ကိုဆိုလိုပါတယ်။ ဖြစ်လာတဲ့အခြေအနေကို အကောင်းမြင်စိတ်ဖြင့်ကြည့်ရှုပြီး ဖြစ်နိုင်ချေများကိုစဉ်းစားလုပ်ဆောင်ခြင်းတို့ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ စိတ်ထားကောင်းပြီး တစ်ဖက်သားကိုကူညီလုပ်ကိုင်ပေးတတ်တဲ့ဝန်ထမ်းတွေဟာ အများရဲ့အသိအမှတ်ပြုမှု ကိုရသလို အထက်လူကြီးတွေကလည်းအခွင့်အရေးပေါ်လာတဲ့အခါ အထူးထည့်သွင်းစဉ်းစားလေ့ရှိကြပါ တယ်။

(၅) Time-management skill

Time-management skill ကတော့ အချိန်ကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ခြင်းဖြစ်ပါတယ်။ အလုပ်ချိန်အတွင်းမှာ အလုပ်များကိုအကောင်းဆုံးပြီးဆုံးအောင်လုပ်ဆောင်နိုင်ခြင်း၊ တာဝန်ပေးအပ်ထားသည်များကို သတ်မှတ်ထားချိန်မတိုင်ခင်ပြီးဆုံးအောင်လုပ်ဆောင်နိုင်ခြင်း၊ မိမိအချိန်ကို အကောင်းဆုံးအသုံးချနိုင်ခြင်း တို့ပါဝင်ပါတယ်။

(၆) Flexibility

Flexibility ဆိုတာကတော့ လိုက်လျောညီထွေရှိခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်လုပ်ငန်းခွင်မှာ ပြောင်းလဲမှုတွေဟာ အချိန်နဲ့တစ်ပြေးညီဖြစ်ပေါ်လေ့ရှိပါတယ်။ ပြောင်းလဲလာတဲ့အခြေအနေအရ ၀န်ထမ်းနေနဲ့လည်း လိုက်လျောညီထွေဖြစ်စွာပြောင်းလဲနိုင်ဖို့လိုအပ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအောင်မြင်မှု မှာပြောင်းလဲမှုဟာမလွဲမသွေလုပ်ဆောင်ရမှာဖြစ်သလို ၀န်ထမ်းတစ်ယောက်အနေနဲ့လည်း ထိုအပြောင်းအလဲနောက်ကိုအမှီလိုက်နိုင်အောင် လုပ်ဆောင်နိုင်ရပါမယ်။

အထက်ပါ soft skill များကို ၀န်ထမ်းတစ်ယောက်အနေနဲ့ဖြည့်ဆည်းထားနိုင်မယ်ဆိုရင် လုပ်ငန်းခွင်အတွင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ပြီး ပေါ်ပေါက်လာတဲ့အခွင့်အလမ်းတွေကိုလည်း ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

#soft #skills #career #advice

#Laura_Cho
Career Coach

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.029
BTC 56373.71
ETH 2972.37
USDT 1.00
SBD 2.12