ဦးနှောက်ကို ဘယ်လို အနားပေးမလဲsteemCreated with Sketch.

in #knowledge8 years ago

IMG_20170718_075437.jpgအလုပ်ကို တစ်နေကုန် ပင်ပင်ပန်းပန်းလုပ်ရပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ စိတ်မသက်မသာဖြစ်တာမျိုး လူတိုင်း ကြုံဖူးကြမယ်ထင်ပါတယ်။
တစ်ခါတလေဆိုရင် အလုပ်တွေတစ်ရက်တည်း ပြုံကျပြီး အိမ်ရောက်တဲ့အခါ ပင်ပန်းပြီး ဘာမှမလုပ်နိုင်တော့ပါဘူး။ အဲဒီအခါမျိုးမှာ အိပ်တဲ့အချိန်လည်း စိတ်လက်မကြည်မသာနဲ့ အိပ်ရာဝင်ရတဲ့အတွက် နောက်တစ်နေ့မနက်မှာ စိတ်မကြည်မလင်နဲ့ အိပ်ရာထပြီး ရုံးတက်ရပြန်တော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။

ဒီလိုဖြစ်ရပ်မျိုးတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ကိုယ့်ရဲ့ ဦးနှောက်နဲ့စိတ်ကို အနားပေးတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အပြင်မှာ လမ်းထွက်လျှောက်လိုက်ပါ

ရုံးကပြန်ရောက်တာနဲ့ ပင်ပန်းလို့ဆိုပြီး တန်းမလှဲချလိုက်ပါနဲ့။ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးတွေဝတ်ပြီး အပြင်ဘက်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လမ်းလျှောက်ထွက်ကြည့်လိုက်ပါ။ အပြင်ဘက်မှာရှိတဲ့ မြင်ကွင်းတွေနဲ့ အမြင်အသစ်အဆန်းတွေက ကိုယ့်ရဲ့ တင်းကျပ်ဖိစီးနေတဲ့ ဦးနှောက်နဲ့ စိတ်ကို တစ်နည်းတစ်ဖုံ ပြေလျော့သွားစေပါတယ်။

(၂) စာအုပ်ဖတ်ပါ

ပင်ပန်းနေတဲ့အချိန်မှာ စာအုပ်ကိုကောက်ကိုင်ဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် စမ်းကြည့်ပါ။ ပထမ တစ်မျက်နှာလောက်ပြီးသွားရင် ဆက်ပြီး စိတ်ဝင်စားသွားပြီး စာအုပ်ထဲ မျောပါသွားပါလိမ့်မယ်။ ဒီနည်းနဲ့လည်း ကိုယ့်ရဲ့ စိတ်နဲ့ ဦးနှောက်ကို သက်သာရာရအောင် လုပ်နိုင်ပါသေးတယ်။ တစ်ခုရှိတာက ဖတ်တဲ့စာအုပ်ကလည်း ကိုယ်ဖတ်ချင်တဲ့စာအုပ် ဒါမှမဟုတ် ကိုယ်ဖတ်မယ်လို့စိတ်ကူးထားပြီး မဖတ်ရသေးတဲ့ စာအုပ်မျိုးဆို ပိုကောင်းပါတယ်။

(၃) ရေနွေးနဲ့ရေချိုးပါ

ရေနွေးနဲ့ရေချိုးပြီး အကြောအခြင်တွေပြေလျော့သွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ရေနွေးနဲ့ချိုးတဲ့အခါမှာ စိတ်လက်ပေါ့ပါးပြီး လန်းဆန်းသွားပါလိမ့်မယ်။ ခန္ဓာကိုယ်လည်း နေလို့ထိုင်လို့ကောင်းသွားသလို စိတ်ရော ဦးနှောက်ပါ ထူးထူးခြားခြား ပေါ့ပါးသွားတာကို တွေ့ရမှာပါ။

(၄) သက်သောင့်သက်သာနေပါ

အိမ်ပြန်ရောက်တဲ့အခါ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အဝတ်အစားတွေလဲပြီး အိပ်ရာပေါ်မှာ ခေါင်းအုံးလေးကို မှီပြီးတော့ပဲဖြစ်ဖြစ်၊ ဆိုဖာပေါ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို ဖြေလျှော့၊ မျက်လုံးကိုမှိတ်ပြီး အသက်ကို တဝကြီးရှူသွင်းတာမျိုး မိနစ် ၂၀ လောက် လုပ်ကြည့်ပါ။ စိတ်လက်ပေါ့ပါးစေတဲ့ ထိရောက်တဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၅) တခြားသောနည်းလမ်းတွေ

တခြားနည်းလမ်းတွေအနေနဲ့ကတော့ ဒီလိုမျိုး စိတ်ညစ်ညူးပြီး ပင်ပန်းနေတဲ့အချိန်မှာ သီချင်းငြိမ့်ငြိမ့်လေးဖွင့်ပြီး နားထောင်တာမျိုး၊ ကိုယ်ခင်မင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆီ ဖုန်းဆက်ပြီး စကားပြောတာမျိုးနဲ့ စိတ်အပန်းဖြေတာမျိုးလည်း လုပ်လို့ရပါတယ်

ref wow box
source. google.com

Coin Marketplace

STEEM 0.17
TRX 0.24
JST 0.034
BTC 96638.11
ETH 2768.30
SBD 0.65