Maths(Science)steemCreated with Sketch.

in #knowledge9 years ago

Q ; အဆင့်မြင့်သချာင်္ အတော်များများ သုံးစားမရဘူး
ဆိုတာ ဟုတ်လား

A by ဟန်တာဂျွန်ဆင် ၊ ပီအိတ်ခ်ျဒီ သင်္ချာ ၊မေရီလင်း
တက္ကသိုလ်

ဟုတ်ပါတယ် ဒါပေမဲ့ ၀.၀၁ % ကတော့ ကမ္ဘာကို ပြောင်းလဲလောက်တဲ့ အသုံးကျမှုတွေ တွေ့ ရှိခဲ့ပါတယ်

ရေးပြရင်မဆုံးပါဘူး ဒီထဲ ဥပမာတချို့ ပဲပေးတော့မယ်

၁၉ ရာစုမှာ ယူကလေဒီယံ မဟုတ်တဲ့ ဂဲသြမေတြီဟာ
တကယ့်ကို သီအိုရီဆန်လွန်းပါတယ် ဒါပေမဲ့ ယေဘုယျနှိုင်းယျ သီအိုရီ ဖြစ်လာဖို့ သူက လိုအပ်ခဲ့ပြီး ဒါသာ
မရှိရင် ကျနော်တို့ ဂျီပီအက်စ် ခုသုံးနေရမှာ မဟုတ်ပါဘူး

ဗက်တာကဲကုလပ်စ် နဲ့  လီနီးယား အယ်ဂျီဘရာ လက်တွေ့ အသုံးဘယ်မှာ ချလို့ ရမလဲ မသိခင်
အချိန်အကြာကြီးထဲကပေါ်ခဲ့တာပါ ခုတော့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ သုံးနေပါပြီ

နမ်ဗာသီဝရီက ဘာမှန်းမသိပါဘူး ခုတော့ ဆက်သွယ်ရေးလုံခြုံမှုအတွက် သူမရှိရင် မဖြစ်ဘူး

ဟီးလ်ဗတ် စပေ့ ဟာအရင်က သီအိုရီပဲ ခုတော့ ကွမ်တမ်ကွန်ပြုတာတွေရဲ့ အုတ်မြစ်ဖြစ်နေပြီဒါက
ကမ္ဘာကို ပြောင်းလဲ ပစ်လိမ့်မယ်

ဂရပ်သီဝရီ( နက်ဝါ့ခ် သီဝရီ) က အရင်က အပျော်ကစားတဲ့ ဂိမ်းပါ ခုတော့ ကွန်ပြူတာအင်ဂျင်နီယာမှန်သမျှ လေ့လာနေရတယ် ဘာလို့ ဆို အသုံးချနိုင်တာတွေများလို့ ပါ

ဘူလီယံ သင်္ချာက အရင်က ဒဿနဆန်လွန်းတယ်
ရှန်နွန်က ဆားကစ်တွေမှာ အသုံးချတဲ့အထိပေါ့
ဒီလိုပဲ တူရင်ရဲ့  တူရင်စက်ကလည်း လေထဲက အတွေးစမ်းသပ်ချက်ဖြစ်ခဲ့တာပေါ့ တကယ့်ကွန်ပြူတာဖြစ်မလာခင်အထိပဲ

ခုခေတ် မော်ဒန်လူနေမှုဘဝနဲ့  ဟိုးရှေးရှေးက စိုက်ပျိုး
ရေးခေတ်တွေနဲ့ကြားက ကွာခြားမှုကို သင်္ချာတချိန်မှာ ဘယ်လောက်တိုးတက်လာတယ်ဆိုတာနဲ့ တိုင်းနိုင်ပါတယ် ဧကရာဇ်တွေ နန်းတက်လာတယ် နန်းကျ
သွားကြတယ် ဘာလို့ ဆိုတော့ သင်္ချာစိတ်ကူး
လေးတွေကြောင့်ပဲ သူတို့ ဘာသာ စိတ်ဝင်စားတဲ့ပြသနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း ပေါ်လာတဲ့ သင်္ချာ
အိုင်ဒီယာတွေကြောင့်ပေါ့

image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.089
BTC 61494.66
ETH 1717.84
USDT 1.00
SBD 0.38