knowledge

in #knowledge7 years ago

#ချင်းတွင်းမြစ်

အခြေခံပညာကျောင်းသားကျောင်းသူများ
ဗဟုသုတအဖြစ် ဖတ်ရှုလေ့လာနိင်ရန်အတွက်…
ချင်းတွင်းမြစ်အကြောင်းတင်ပြလိုက်ပါတယ်…။

ချင်းတွင်းမြစ်…ဆိုတာ


"ချင်းတွင်းမြစ်ဆိုတာ အရှည် မိုင်ရ၅၀ ပါ "

ချင်းတွင်းမြစ်ဟာ အရှည် ၇၅၀-မိုင် (၁၂၀၇ ကီလိုမီတာ) ရှိပါတယ်။
ဖြတ်သန်းစီးဆင်းရာ ဒေသများကတော့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့ဖြစ်ပါတယ်။

မြစ်လက်တက်များကတော့ ဥရုမြစ်၊ ယုမြစ်၊ မြစ်သာမြစ် တို့ဖြစ်ပါတယ်။

ရေဆင်းဧရိယာ အဆုံးသတ်စီးဝင်ရာကတော့… ဧရာဝတီမြစ် ဖြစ်ပါတယ်…။

ချင်းတွင်းမြစ် …ဘယ်ကလာ


"ချင်းတွင်းမြစ် ဘယ်ကလာ… အိန္ဒိယ နယ်စပ်ကလာ "

ချင်းတွင်းမြစ်ဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာပါတယ်။

တောင်တွေကို ဖြတ်လာတဲ့ချင်းတွင်း


မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ချင်းတွင်းကတော့…
စာရာမေတိတောင် ပတ်ကွိုင်တောင် နာဂတောင် ရခိုင်ရိုးမတောင်တွေကို နောက်ခံထားပြီး ရွှေသမင်တောင် ဆင်ခေါင်းတောင် မဟူတောင် ပုံတောင်ပုံညာ စတဲ့ တောင်တွေကို ဖြတ်ကျော်ထိုးဖောက် စီးဆင်းလို့ လာခဲ့ပါတယ်…။

ချင်းတွင်းရဲ့မြစ်ဖျားခံရာ


ချင်းတွင်းမြစ်ဟာ …ကချင်ပြည်နယ်ရှိ ကျယ်ဝန်းတဲ့ နာမည်ကျော်ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်မှာ စတင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တ၀မ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ်လာပါတယ်။

သွားလာရေး ခက်လှတဲ့ ချင်းတွင်း


ချင်းတွင်းမြစ်ဝှမ်းဒေသ အတော်များမျာဟာ တောင်တန်းများနှင့် တောနက်ကြီးများအကြား တည်ရှိနေပါတယ်။ သွားလာ ရေးခက်ခဲသောကြောင့် မြစ်၏ နေရာအတော်များများကိုလည်း မစူးစမ်း၊ မလေ့လာနိုင်သေးဘဲ ရှိနေပါတယ်။ ချင်းတွင်းမြစ် ဟာ လူအထိအတွေ့နည်းသေးသော ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီး ဆင်းနေပါတယ်…။

ချင်းတွင်းမြစ်ဘေးက ဘေးမဲ့တော


ဟူးကောင်းချိုင့်ဝှမ်းကျားဘေးမဲ့တောဟာ…ကမ္ဘာပေါ်မှာ… အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါတယ်။
ထို့အပြင်
အခြား သားရိုင်းတိရိစ္ဆာန်များ ဖြစ်ကြတဲ့… ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ မြန်မာ နိုင်ငံတွင်းမှာသာ ရှိတဲ့…အခွံမာလိပ်မျိုးများ အတွက် ခိုလှုံနေထိုင်ရာဒေသတခုလည်း ဖြစ်ပါတယ်။

သမိုင်းထဲက ချင်းတွင်း


သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများဟာ ချင်းတွင်းမြစ်ကို အသုံးပြုမှုနည်းပါးခဲ့ပါတယ်။
သို့သော်
ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများမှာတော့ မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်လာရာမှာ ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါတယ်…။

ဒုတိယကမ္ဘာစစ် အတွင်းမှာလည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်၎င်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံ တိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်၎င်း၊ ချင်းတွင်းမြစ်ကို အသုံးပြုခဲ့ကြပါတယ်…။

ချင်းတွင်း၏…မြစ်လက်တက်များ


အကြီးဆုံးဖြစ်သော မြစ်လက်တက်ဖြစ်တဲ့… ဥရုမြစ် 'ဟာ ဟုမ္မလင်းမြို့တောင်ဘက်မှာ…ချင်းတွင်းမြစ် အတွင်းကို လာရောက်ပေါင်းဆုံစီးဆင်းပါတယ်။ (ဥရုမြစ်ညာရှိ ဖားကန့်ဒေသသည် နာမည်ကျော် မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ပင်မဒေသဖြစ်သည် ။)

ယုမြစ် 'ကတော့…ကဘော်ချိုင့်ဝှမ်းဒေသကို ဖြတ်သန်းပြီး ချင်းတွင်းမြစ်အတွင်း စီးဝင်ပါတယ်…။

မြစ်သာမြစ် 'ကတော့ …ကလေးချိုင့်ဝှမ်း ဒေသကို ဖြတ်ကာ ကလေးဝမြို့ အနီးတွင် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံပါတယ်…။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အရေးပါတဲ့… မြို့တွေ


ခန္တီး
ထမံသီ
ဟုမ္မလင်း
ဖောင်းပြင်
မော်လိုက်
ကလေးဝ
မင်းကင်း
ကနီ
မုံရွာ

ချင်းတွင်းမြစ်ဘေးက… အဖိုးထိုက်တဲ့တော


ချင်းတွင်းမြစ်ဘေး ဝဲယာ တစ်လျှောက်သစ်တောကြီးများကနေ ကျွန်း အင် ကညင် လောက်ယား အုံတုံ အင်ကြင်း တမလန်း သစ်ကတိုး သစ်မွှေး စတဲ့ အဖိုးတန်သစ်တွေ ထွက်ရှိပါတယ်။

ချင်းတွင်းမြစ်ကပေးတဲ့ …နုံးတင်မြေနု


ချင်းတွင်းရဲ့ နုန်းတင်မြေနုဟာ
မြစ်ကမ်းနံဘေး က ကျေးရွာလေးများအတွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းဖို့အတွက် မှီခိုအားထားစရာ အဖိုးတန်နုန်းတင်မြေနုများဖြစ်ပါတယ်…။

ချင်းတွင်းမြစ်ကပေးတဲ့… ရွှေ


အထက်ချင်းတွင်း ကလေးဝမြို့ကနေ ခန္တီးမြို့အထိ မြစ်ရိုးတစ်လျှောက် ရွှေ ထွက်ရှိတာမို့
ရွှေကျင်ခြင်း လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ
ကို ၄င်းမြစ်ရိုးတစ်လျှောက်မှာတွေ့နိုင်ပါတယ်…။

ချင်းတွင်းမြစ်ရဲ့ ရေလမ်း


မုံရွာ ကနေ ခန္တီး အထိ ရေကြောင်းလမ်းအရှည် ၄၅၄ မိုင် ရှည်လျားတဲ့ ချင်းတွင်းမြစ်ရေကြောင်းလမ်း ဟာ စုန်ချည်ဆန်ချည် သွားလာနေကြတဲ့ ခရီးသည်တွေအတွက် အရေးပါတဲ့ အားထားရာတစ်ခုဖြစ်ပါတယ်…။


image
image

Credit :;အင်တာနက်မှ ရှာဖွေစုစည်း တင်ပြပါသည်…။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60385.82
ETH 2321.90
USDT 1.00
SBD 2.51