JadesteemCreated with Sketch.

in #knowledge7 years ago

ကျောက်စိမ်း၏ အသားမျိုးစုံ
⭐⭐⭐⭐⭐⭐⭐⭐⭐⭐

ကျောက်စိမ်း၌ အသားခြောက်မျိုးရှိပါသည် ။

(၁) ဖယောင်းသား
(၂) ဖန်သား
(၃) ဖဲသား
(၄) မရမံသား
(၅) ချိတ်သား
(၆) ဖရုံအူသား

(၁) ဖယောင်းသား
ကျောက်စိမ်း၏ အသားကိုလက်ဖြင့်ပွတ်သပ်ကြည့်ပါက ဖယောင်းသားကဲ့သို့ ချောမွတ်ပြီး ညက်ညက်ညောညော သိပ်သိပ်သည်းသည်း ရှိနေခြင်းကို ဖယောင်းသား ဟုကျောက်မျက်ပညာရှင်တို့က သတ်မှတ်ထားကြပါသည် ။ ဖယောင်သားသည် ကျောက်စိမ်း၏ အသားများစွာထဲတွင် ပထမတန်းစား အဆင့်ရှိ သည့် ကျောက်သားဟုလည်း သတ်မှတ်ထားကြပါသည် ။

(၂) ဖန်သား
ကျောက်စိမ်း၏အသားသည် ဖန်သားကဲ့သို့ ကျစ်လျစ်ခိုင်မာသိပ်သည်းနေခြင်းကို ဖန်သားနှင့် နှိုင်းယှဉ်တင်ပြထားကြခြင်းဖြစ်ပါသည် ။ အခြားအစိမ်းရောင်ရှိသောကျောက်များနှင့် ခြားနားကာ ဖန်သားကဲ့သို့ ကျစ်လျစ်သိပ်သည်းမှု့ထူးခြားသောကြောင့် ဘုရင်ဧကရာဇ်ကျောက်ဟုလည်း ခေါ်ကြသေးသည် ။ ကျောက်စိမ်းဖန်သားသည် ကြည်လင်တောက်ပမှု့ အားနည်းသော်လည်း အဆင့်အတန်းမြင့်သော ကျောက်စိမ်းသားမျိုး ဖြစ်၏ ။

(၃) ဖဲသား
ကျောက်စိမ်း၏ အသားသည် ပိုးဖဲ ကတ္တီပါ အသားမျိုးကဲ့သို့ နူးညံ ချောမွေ့ တောက်ပနေခြင်း ၊ ရွှန်းစိုနေခြင်း ကိုဖဲသားဟု ခေါ်ဝေါ်သမုတ်ကြသည် ။

(၄) မရမံသား
မရမံသား ဟူသည်မှာ ရှေးခေတ်မြန်မာအမျိုးသမီးများဝတ်ဆင်သော မရမံပိတ်၏ အသားမျိုးနှင့်တူခြင်းကို ဆိုကြ၏ ။

(၅) ချိတ်သား
ကျောက်စိမ်း၏ အသားသည် ချိတ်၏အသားကဲ့သို့ ညီညီညွတ်ညွတ် သိပ်သည်း ကျစ်လျစ်ခြင်း ၊ ချွဲပြစ်ခြင်း ၊ အရိပ်အယောင် အနည်းငယ်မှတစ်ပါး တစ်ဘက်မှတစ်ဘက်သို့ ကြည့်ရှု့မမြင်နိုင်အောင် ကြည်လင်တောက်ပမှု့ အားနည်းခြင်း စသည်တို့ကြောင့် ကျောက်စိမ်းချိတ်သားဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည် ။

(၆) ဖရုံအူသား
ကျောက်စိမ်း၏ အသားသည် ဖရုံအူတိုင်မှ အသားကဲ့သို့ ပွယောင်းယောင်း ၊ ဖွယ်တယ်တယ်နှင့် မသိပ်မသည်း မကျစ်မလျစ် ဖြစ်နေခြင်းကို ကျောက်စိမ်းဖရုံအူသားဟု ခေါ်ဆိုကြခြင်း ဖြစ်၏ ။

   တရုတ်လူမျိုး တို့ခေါ်ဆိုသော ကျောက်စိမ်းအသား အမည်များ

ကျောက်စိမ်းနှင့်ပတ်သက်သော အမည်များစွာကို ယူနန်တရုတ်လူမျိုးတို့က သတ်မှတ် ခေါ်ဝေါ်မှု့စတင် ခဲ့ကြသည် ။ ထို့ကြောင့် ကျောက်စိမ်းနှင့်ပတ်သက်သော ဝေါဟာရပေါင်းများစွာမှာ ယူနန်ဘာသာစကားများ ဖြစ်နေခဲ့ကြပါသည် ။
ကျောက်စိမ်းအသားများကို တရုတ်လူမျိုးတို့ ခေါ်ဝေါ်သော ဝေါဟာရ များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

(၁) မ - ခွာလုံ ပဲသား
(၂) မ - လုခွာ ပရမံသား
(၃) တွံ - ခွာလု မိုးတိမ်ခိုးသား
(၄) လန့်လုခွာ ဝက်သား ဆီသား
(၅) လန့်ခွာရွှေ ဖရုံသားများ ဖြစ်ကြပါသည် ။
FB_IMG_1501450773534.jpg
FB_IMG_1501450776427.jpg
FB_IMG_1501450783039.jpg
FB_IMG_1501450812524.jpg
FB_IMG_1501450794133.jpg
credit-Ma Myo Yadanar

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60633.78
ETH 3383.05
USDT 1.00
SBD 2.52