စိတ်ကူးထဲကနိုင်ငံတော်

in #knowladge7 years ago

စိတ်ကူးထဲကနိုင်ငံတော်

အပိုင်း ( ၈ )

ထိုကဲ့သို့ လူတဦးခြင်းစီတို့၏အရည်အချင်းများကိုမြင့်တင်
ပြီးနောက်လူသားတီထွင်ထားသော စံနစ်များလည်း
ဖြစ်တည်နေချိန်တွင် ထိုစံနစ်များကိုလည်ပါတ်အောင်
ထိမ်းကျောင်းမောင်းနှင်ပေးရန်အတွက် လူသား၏ကဏ္ဍ
ပါဝင်လာရပြန်သည်။

ဤကဏ္ဍဝင် တို့မှာ နိုင်ငံရေးပါတီဝင်များမှအစ
တရားဝင်အစိုးရအဖွဲ့အဆုံး အားလုံးတို့ဖြစ်ကြပေသည်။

သို့ဖြစ်ရာ သမတlဝန်ကြီးချုပ်မှအစအတိုက်အခံနှင့်
လက်ရှိအာဏာရပါတီမှနိုင်ငံရေးပါဝင်လှုပ်ရှားကြသူများမှ
အစ လက်ရှိအာဏာကိုရှိထားသောပါတီနှင့် ၎င်းပါတီဝင်တဦးခြင်းစီတို့သည်လူတဦးခြင်းစီတို့၏ပူးပေါင်း
နေထိုင်ခြင်း၏မူလအစရည်မှန်းချက်ဖြစ်သောတဦးခြင်းစီတို
လုံခြုံစိတ်ချစွာဖြင့်လူ့ အခွင့်အရေးများခံစားရနိုင်စေရေး ဟူသော ရည်မှန်းချက် ကို ပေါက်မြောက်အောင် အလုပ်
အကြွေးပြုသူများသာဖြစ်သည်။

သူတို့သည်အရှင်သခင်များမဟုတ်ကြသလို သူတို့၏ကောင်းမွန်သောဆောင်ရွက်ချက် တခုကို
(မူရင်းသဘောအရဆိုလျင်)ပြည်သူကကျေးဇူးတင်ရန်
တာဝန်မရှိသော်လည်းသူတို့၏မှားယွင်းလုပ်ဆောင်မှု့
အတွက်မူ သူတို့တာဝန်ခံရပေမည်။

၎င်းနိုင်ငံရေးပါတီများတို့သည်
မိမိတို့က ပြည်သူတဦးခြင်းစီတို့အကျိုးနှင့်နိုင်ငံတော်အကျိုး
ကိုမည်သို့မည်ပုံထမ်းရွက်ကြပါမည်ဟူသော ဂတိများ
ပေးကာမိမိတို့ထံနိုင်ငံတော်အာဏာကိုလွှဲအပ်ပါရန်
ပြည်သူတို့ကိုရှင်းလင်းတင်ပြပြီးတောင်းဆိုကြသည်။

တနည်းပြောရလျင်ဤသည်မှာ၎င်းတို့က ပြည်သူကိုအလုပ်
အကြွေးပြုလိုသဖြင့် အလုပ်အကြွေးပြုခွင့်တောင်းခံ
ခြင်းဖြစ်သည်။

သူတို့အားပြည်သူကိုအုပ်ချုပ်ရသည့် သခင်များအဖြစ်
ရွေးချယ်ဘိဿိတ် မြောက်လိုက်ခြင်းမဟုတ်ပါချေ။

ဤသို့ရွေးချယ်ခံရသည်နှင့် ပြည်သူတို့၏မူလအခွင့်အရေး
များကိုအာမခံပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအလုပ်များ
လုပ်ဆောင်နိုင်ရန်အထောက်အကူအဖြစ်အသုံးချရန်
အလို့ငှာ၎င်း တို့ကို
အာဏာကြီး ၃ ရပ်အားအပ်နှင်းလိုက်ပေသည်။

တရားဥပဒေဆိုင်ရာအာဏာကိုမူ၎င်း အာဏာရှိသူများ
အပါအဝင် ပြည်သူတဦးခြင်းတို့၏နေ့စဉ်ပြုမူဆောင်ရွက်မှု့
တို့ကိုထိမ်းကျောင်းရန်အတွက် သီးခြားလွတ်လပ်စွာ
ထားရှိပေသည်။

               ဆက်ရန်

ဆမားညီညီ စိတ်ကူးထဲကနိုင်ငံတော်

အပိုင်း ( ၉ )

ဤသို့အာဏာ ၃ ရပ်ကိုချုပ်ကိုင်ထားနိုင်သူ တို့သည်
လူ့သဘာဝအရဖေါက်လွဲ ဖေါက်ပြန်မှု့များစတင်ပြုလုပ်
လိုလာကြသောအခါ သူတို့သည် သူတို့ကိုနှေက်ယှက် ဟန့်တား ချုပ်ကိုင်ထားသော တရားဥပဒေကို ချုပ်ကိုင်
ချယ်လှယ်မှု့ပြုလာကြသည်။

သူတို့ကိုဝေဖန်ပြောဆို ဆန့်ကျင်သူများကို ၎င်းတရားဥပဒေ
နှင့်ပင်ကန့်သပ် ချုပ်ကိုင်မှု့များလုပ်lထောင်သွင်းအကျဉ်းချမှု့
နှင့် တရားစီရင်သတ်ဖြတ်မှု့များပြုလေ့ရှိကြသည်။

ဤလုပ်ငန်းစဉ်များချောမွေ့စွာလုပ်ကိုင်နိုင်စေရန် သူတို့အလိုကျ တရားသူကြီးများနှင့်တရားရေးဝန်ထမ်းများ
ခန့်အပ်လေ့ရှိကြသည်။

၎င်းတို့စိတ်ကြိုက်ဝန်ထမ်းများတို့သည်လည်းဥပဒေကိုသစ္စာစောင့်သိပြီးပြည်သူကိုအလုပ်အကြွေးပြုရမည့်အစား အာဏာရှင်ကိုသစ္စာခံလိုက်ရသည်။

နောက်ဆက်တွဲဆိုးကျိုးအဖြစ် တရားရေးစံနစ်ပါပျက်စီး
သွားပြီးနိုင်ငံတော်အတွင်းမတရားမှု့များပြည့်နှက်
သွားတော့သည်။

ဤတရားရေးစံနစ်အတွင်းယိမ်းရိုင်မှု့များကိုထောက်ပြရန်မှာ အတိုက်အခံပါတီနှင့်သတင်းမီဒီယာတို့၏တာဝန်
ဖြစ်ပေသည်။

ထိုအတွက်အာဏာရှင်တို့ကအတိုက်အခံတဦးခြင်းစီတို့ကို
ကန့်သပ်အခွင့်အရေးများပေးခြင်းlခါးပိုက်ဆောင်မီဒီယာများ
တည်ထောင်ခြင်းတို့ကိုလုပ်ဆောင်လေ့ရှိကြသည်။

ဤသည်အားလုံးတို့၏အရင်းအမြစ်မှာ လွတ်လပ်သောတရားစီရင်ရေးစံနစ်ချုပ်ငြိမ်းသွားခြင်း
ကြောင့်ဖြစ်ပေသည်။

ထို့ကြောင့် လွတ်လပ်သောတရားစီရင်မှု့စံနစ်တရပ်ဖွံ့ဖြိုး
ရန်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု့ကိုလိုလားသော
ပြည်သူတရပ်လုံး၏မူလတာဝန်ဖြစ်ပါသည်။

ဤနိုင်ငံရေးပါတီတို့ကိုပြည်သူကရွေးချယ်ပေးလိုက်သည်မှာ
ကာလအကန့်အသပ်မဲ့မဟုတ်ပါချေ။

သတ်မှတ်ကာလ ဥပမာ ၄ နှစ် ၅နှစ်တို့အတွက်သာ
ဖြစ်ပါသည်။
မဲဆန္ဒရှင် ( ပြည်သူ)၏အကျိုးစီပွားကိုမဖေါ်ဆောင်နိုင်သူတို့
အား ပြည်သူက နောက်တကြိမ်ရွေးကောက်ပွဲတွင်
မဲမပေးဘဲနှင့် အာဏာ လက်မဲ့ဖြစ်စေနိုင်ပါသည်။

မှန်ကန်စွာဖြင့် နောက်ထပ်သက်တမ်းအတွက်
အရွေးချယ်ခံရသော နိုင်ငံရေးပါတီဟူသမျှတို့သည်
တရားဥပဒေဆိုင်ရာအာဏာပိုင်တို့အားသီးခြားလွတ်လပ်ခွင့်
ကို(အတိုင်းအတာတရပ်အထိသင့်တင့်လျောက်ပါတ်စွာ) ပေးထားကြောင်းတွေ့ရှိရပေသည်။

ဆက်လက်ဆွေးနွေးပါမည်

ဆက်ရန်FB_IMG_1506999861718.jpg

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.034
BTC 63935.74
ETH 2749.19
USDT 1.00
SBD 2.65