အမှတ်တရ တစ်ခါက (၄)

in #kachin6 years ago (edited)

မင်္ဂလာပါ မိတ်ဆွေများ ခင်ဗျား ပို့စ်မတင်ဖြစ်တာလည်း တော်တော်ကြာသွားပါပြီ ။ တာပိန်မှာ နေခဲ့ရစဉ် အတွေ့အကြုံတွေကို ရေးခဲ့တာမှာ စစ်ဖြစ်တဲ့ အကြောင်းအရာများ ဖြစ်လို့ တစ်ဖက် စွန်းမရောက်အောင် ကျတော် ထိန်းထိနိးသိမ်းသိမ်း ရေးခဲ့ပါကြောင်း နှင့် ရေးသားခဲ့တာများ နှင့် ပတ်သက်၍ မိတ်ဆွေတို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ပါက ကျတော့်ရဲ့ အားနည်း ချက်သာ ဖြစ်ပါကြောင်းဦးစွာ ပန့်ကြားအပ်ပါတယ်။

တာပိန်အကြောင်း ပြောရမယ်ဆိုရင် တရုတ်မကြီးကို မေ့ထားလို့မရပါဘူး။
တရုတ်မကြီးဆိုတာက ဖြူးဖြူးဖွေးဖွေး နှုတ်ခမ်းနီနီ လေးနဲ့ အမွှေးစုတ်ဖွား ခွေးမလေး တစ်ကောင်ပေါ့ဗျာ ။ ဟိုအရင် သူ့သခင် တွေဖြစ်တဲ့ တရုတ်တွေလည်း တရုတ်ပြည်ပြန်သွားကုန်ကြတော့ တရုတ်မကြီးက ကျနော်တို့ မြန်မာ ဝန်ထမ်းတွေရှိတဲ့နေရာ ရောက်လာပါ လေရော ။ ဒုက္ခရောက်နေကြတဲ့ သူတွေ အချင်းချင်း ဆိုပြီး ကျနော်တို့လည်း ခေါ်ပြီးကျွေးမွေးထားတာပေါ့လေ။ ကျနော် တို့ဘယ်သွားသွား သူကအမြဲ တမ်း တကောက်ကောက်လိုက်တတ် တယ် ။ တော်တော်လေးကို ခင်တွယ်နေ ပြီပေါ့ဗျာ ။ နောက်တော့ တရုပ်မကြီးက တဖြည်းဖြည်းဝလာပါလားပေါ့ ထင်နေ တာပေါ့ ။ဘယ်ဟုတ်မလဲ ကိုယ်ဝန်ရှိနေတာဗျ။
အဲဒီလိုနဲ့နေလာရင်းကနေ စစ်ပွဲစ ဖြစ်တာလည်း ၂ လလောက်ရှိသွားပါ ပြီ။ ကြည့်ရတာ တရုတ်တွေလည်း ထင်ပါလိမ့်မယ် ။ စစ်ပွဲတွေက သိပ်ကြာ မှာ မဟုတ်ဘူးဆိုပြီး ။ ဘာလို့လဲဆို တော့ သူတို့ပြန်သာသွားတယ် ။ သူတို့ တွေရဲ့ ပစ္စည်း အတော်များများကို မယူ သွားပဲ ချန်ထားခဲ့ကြပါတယ်။ ကျနော်တို့လည်း အဲလိုပဲ မကြာလောက် ဘူး အလွန်ဆုံး ၃ လပေါ့ ထင်ထားခဲ့တာ ပါ။ ပြီးရင် အရင်လိုပဲ ငြိမ်းချမ်းရေး ပြန် ရပေါ့ဗျာ။ တိုက်ပွဲဖြစ်တဲ့သတင်းတွေ လည်း ခပ်ကျဲကျဲပဲ ကြားရတော့တယ်။ အဲဒီအချိန် ထုံးဘိုကိုလည်း တပ်မတော် ကသိမ်းပြီးလို့ တာပိန်နယ်မြေမှာ စစ်ဗျူ ဟာမှူး ဦးစီးတစ်ဗျူဟာ လာထိုင်နေပါ ပြီ။
တစ်ရက်ကျတော့ တရုတ်တွေက သူတို့ ပြန်ဝင်လာတော့မယ်ဆိုပြီး သတင်းပို့လာပါတယ်။ အဲဒီအချိန် ကျနော်တို့လည်း ပျော်တာပေါ့လေ။ လူတွေကလည်း ရိက္ခာတွေ ပြတ်နေကြပြီ ။ စားရသောက်ရတာ လည်း အခြောက်အခြမ်းတွေပဲဆိုတော့
ရိက္ခာကတော့ ပါလာမှာပဲဆိုပြီး မျှော်နေ ကြတာပေါ့ဗျာ ။ မျှော်နေရင်းနဲ့ပဲ သူတို့တွေ ရောက်လာတော့ စားရေး သောက်ရေး အဆင်ပြေသွားတာပေါ့ လေ။ သူတို့ကလည်း အခြေအနေလာ ကြည့်တာပါ။ အခြေအနေကောင်းရင်
စက်လည်မယ်ပေါ့။ သူတို့တွေနေတုန်း အခိုက် ဗန်းမော်ကနေ ဈေးဝယ်မယ် ပြီးရင် ပါလာတဲ့ စားဖိုမှူးက ချက်မယ်။
ဈေးဝယ်ဖို့တာဝန်ကိုတော့ ကျနော်တို့
မြန်မာ ဝန်ထမ်းတွေက ကူညီဆောင်ရွက် ပေးပေါ့ဗျာ။ ကျနော်တို့လည်း စစ်ပွဲစဖြစ်ကတည်းက တောထဲမှာပဲ တောက်လျှောက်နေလာခဲ့ရတာရယ် ပြီးတော့ စစ်တပ်ရယ် ရဲရယ် လျှပ်စစ်ရယ် ဆိုတဲ့ အဖွဲ့ ၃ ဖွဲ့ ပဲ တာပိန် မှာ ကျန်နေခဲ့တာဆိုတော့ အကုန်လုံးက ယောက်ျားတွေချည်းပဲ ။ မြို့ပေါ်တက်ရမယ်ဆိုတော့ ပျော်တာ ပေါ့ဗျာ ။ လန်းလန်းဆန်းဆန်းလေးတွေ တွေ့ရတော့မယ်လေ။ အဲဒီမှာ ကျနော် တို့ အင်ဂျင်နီယာတွေ အလှည့်ကျ တာဝန်ယူဈေး ဝယ်ထွက်ပေါ့ဗျာ။ တစ်ပတ်လောက်ကတော့ ဟုတ်နေတာပဲ ။ လမ်းမှာလည်း ဘာအတားအဆီးမှ မတွေ့ရဘူး။
တရုပ်တွေလည်း စက်တွေကို စစ်ဆေးကြပေါ့လေ။ စက်ရုံ ထိန်းချုပ်ခန်းထဲက Aircon တစ်လုံးက
ပျက်နေတော့ အဲဒီ Aircon ကိုတော့ ပြင်မှ ရမယ်ပေါ့လေ။ အရေးကြီးတဲ့နေ ရာဆိုတော့ ။ အဲဒါနဲ့ ဗန်းမော်က အဲကွန်း ပြင်ဆိုင်ကို စုံစမ်းကြည့်တော့ သူတို့က တာပိန်ကို လာပြင်ရမယ်ဆို တော့ အင်တင်တင်ဗျ။ ဒါပေမယ့် အဲဒါတွေ ပြင်ပြီးသွားရင် စက်လည်မယ် ။ စက်လည်ပြီဆိုရင် ဗန်းမော်ဒေသလည်း မီးအားမှန်မှန် ရမယ်ဆိုတော့ သူတို့ကလည်း ငွေးရေး ကြေးရေး က အဓိက မဟုတ်ဘူးပေါ့ ။
ဗန်းမော်မီးရမယ်ဆိုရင် လာပြင်ပေးမယ်ဆိုပြီး လာခဲ့ကြတာပေါ့ လေ။ သူတို့လည်း စက်ရုံကိုရောက် အဲကွန်းတွေကို စစ်ကြည့် ပြင်စရာ ရှိတာ ပြင်ပေါ့လေ။ ကောင်းသွားပြီဆိုတော့ အားလုံး ဝမ်းသာကြတာပေါ့ဗျာ ။ စက်လည်ပြီး မီးလည်း ထုတ်တော့မယ် ပေါ့ဗျာ ။ အားလုံးရင်ထဲမှာလည်း မျှော် လင့်ချက်တွေနဲ့ တစ်ဖြေးဖြေးနဲ့နေရ ထိုင်ရတာလည်း အဆင်ပြေလာတော့ မယ်ပေါ့ဗျာ။ သူတို့အဲကွန်းပြင်ပြီးသွား တော့ ပြန်ကြမယ်ဆိုပြီး လုပ်တော့ ညနေ ၄ နာရီလောက်တော့ရှိပါပြီ။ တာဝန်ရှိသူ တွေကတော့ မပြန်စေချင်ဘူး။ နောက် တစ်ရက် အစောပိုင်းကျမှ ပြန်စေချင် ကြတယ်။ ဒါပေမဲ့ သူတို့မိသားစု တွေက လည်း စိတ်ပူနေကြမှာ စိုးတာနဲ့
သူတို့ကလည်း ပြန်ချင်ကြတယ်။
လတ်တလော အခြေအနေအရ တိုက်ပွဲတွေလည်း မကြားရတော့ ဘူး။ ငြိမ်းချမ်းရေးစကား ပြောနေတဲ့ သတင်း တွေလည်း ကြားနေရပြီဆိုတော့ ။ ကာယကံရှင်တွေကလည်း ပြန်ချင်နေ ကြတာဆိုတော့ ပြန်ခွင့်ပေးလိုက်တယ် ပေါ့ဗျာ။ ကျနော်ကိုယ်တိုင်လည်း စိတ်ထဲမှာ သူတို့ နဲ့ အတူ မြို့ပေါ်လိုက်ချင်ပေမယ့် ကျနော် သွားထားတာလည်း လေး ငါး ရက်လောက်ပဲရှိသေးတယ် ပြီးတော့ အချိန်အနေအထား အားဖြင့်လည်း ညနေစောင်းနေပြီဆိုတော့ ။ ကျနော်တို့ အဖွဲ့ ထဲက ဘယ်သူမှ မပါလိုက်ပါဘူး။
ည ၇ နာရီလောက်မှာ ၁၇ မိုင် ဂွယ်ကထောင် ဂိတ်ကို စစ်တပ် အချင်း ချင်း မေးကြည့်တော့ ကားတစ်စီးမှ လာတာမရှိသေးဘူးဆိုပြီး အကြောင်း ပြန်ပါတယ်။ တာဝန်ရှိသူတွေ ကတော့ စိတ်ပူစပြုလာပြီပေါ့ဗျာ ။ ကျနော်တို့က ထင်တာက လမ်းမှာ ကားများပျက်နေလား ဒါမှမဟုတ် ကြာနေတာလား တစ်ခုခုပဲ ဖြစ်မှာပါဆို ပြီး ထင်တာပေါ့ဗျာ။ ဗျူဟာမှူးကတော့ ချက်ချင်းပဲ ၁၇ မိုင်က စခန်းကို လှည့်ကင်း စစ်ကြောင်း တစ်ကြောင်း ထွက်ခိုင်းပြီး လမ်းတစ်လျှောက် ရှာခိုင်းခဲ့ပါတယ် ။
မကြာဘူး ၁၇ မိုင်စခန်းက သတင်းပို့ လာတာက သူတို့ဆီကို သေနတ် ဒဏ်ရာ တွေနဲ့ လူ ၂ ယောက်ပြေးလာတယ်ပေါ့ ။ တစ်ယောက်ကတော့ သွေးလွန်ပြီး အခြေအနေမကောင်းဘူး ။ တစ်ယောက်ကတော့ ကောင်းတယ်ဆို ပြီး ပြောလာပါတယ်။ နောက် ၁ နာရီလောက်ကြာတော့ လှည့်ကင်း စစ်ကြောင်းကနေ သတင်းပို့ လာခဲ့ပါတယ်။ ၁၇ မိုင်နဲ့
ဆန်ခါ ကြား ၁၉ မိုင်မှာ ကားတစီး ပစ်ခံ ထားရပြီး အသက်ရှင်သူ မရှိ ဆိုပြီး အကြောင်းကြား လာပါတယ်။ အားလုံး
လည်း တော်တော် တုန်လှုပ်သွားကြပြီး စိတ်ဓာတ်တွေလည်း ကျဆင်း ကုန်ပါတော့တယ်။ နေ့လယ်ကမှ ပျော်ပျော် ပါးပါး ထမင်းအတူ စားပြီး စနောက်နေခဲ့ကြသူတွေ ညကျတော့
အပစ်ခံလိုက် ရတယ် ဆိုတာ ယုံကြည် ဖို့ခက်ပါတယ်။ ၂၀၁၂ / ၈ လပိုင်းလောက်က သတင်းစာ ဖတ်တဲ့ လူတွေဆို သတိထားမိမှာပါ။ ( ဘယ်သူတွေ ပါသွား တယ်ဆိုတာတော့ အတိအကျ မရေး လိုတော့ပါ)
မှတ်မှတ် ရရ အဲဒီနောက်ပိုင်းက စပြီး ကချင်ပြည်နယ် စစ်ရှိန်တက်လာ တာ အခုထိပါပဲ။ တိုက်ဆိုင်တာလား မပြောတတ် နောက်တစ်ရက်မှာပဲ တရုတ်မကြီးက ကလေးတွေမွေးလိုက် တာ ဖြစ်စဉ်ထဲမှာ ပါသွားတဲ့ အရေအတွက် အတိုင်းပါပဲ ။ ဖြူဖြူဖွေး ဖွေး အထီးလေး တစ်ကောင်ကိုတော့ တရုတ်ကြီးလို့  ကျနော် တို့ နာမည်ပေး ထားခဲ့ပါတယ်။ တော်တော်လေး ချစ်စရာကောင်းတဲ့ ခွေးလေးပါ။ လူတွေ မှာလည်း ခင်တွယ်စရာဆိုလို့ သူတို့ပဲ ရှိတော့တာဆိုတော့။ ကျနော်တို့ အဖွဲ့အနေနဲ့ကလည်း အားလုံးပေါင်း ၁၅ ယောက်လောက်ရှိပါ တယ်။ ဒီအတိုင်းပဲ စက်ရုံထဲမှာ နေ နေကြ ရမယ်ဆိုရင် မိသားစုတွေနဲ့ ဘယ်အချိန်မှ တွေ့ရမယ်ဆိုတာ မသိနိုင် ပါဘူး။ အဲဒါနဲ့ပဲ ၂ ဖွဲ့ခွဲပြီး အလှည့်ကျ တစ်ဖွဲ့က အိမ်ပြန် တစ်ဖွဲ့ က စက်ရုံမှာ
ဂျူတီစောင့်ပေါ့လေ ။ အလျဉ်းသင့် သလို ၂ လ တစ်ကြိမ် ဒါမှမဟုတ် ၃ လ တစ်ကြိမ် တပ်မတော် ရိက္ခာပေး လမ်း ကြောင်းတွေနဲ့ အသွားအပြန် လုပ်ခဲ့ကြ ပါတယ်။ အများအားဖြင့် ခြေကျင် တောတိုးသွားရတာများပါတယ်။ တစ်ခါ တစ်လေ ကိုယ့် ၃ လစာ ရိက္ခာ ကိုယ်ထမ်း မိုင် ၃၀ လောက် တောတိုး လျှောက်ခဲ့ရ ပါတယ်။ ကျနော်တို့ အဖွဲ့
မြို့ပေါ်တက်ရမယ့် အလှည့် ရောက် တော့ တရုတ်ကြီးကို ခေါ်သွားခဲ့တာ
မြို့ပေါ်လည်း ရောက်ရော အမျိုးသမီး လုံးဝမတွေ့ဖူးတဲ့ မောင်တရုတ်ကြီး
တွေ့သမျှ မိန်းမတိုင်း လိုက်ဟောင်ပါ လေရောဗျာ။တောထဲမှာ အကြာကြီးနေ ပြီး လမ်းတစ်လျှောက်စိတ်တထင့်ထင့်နဲ့ ရောက် လာရတဲ့ ကျနော်တို့လည်း ဘေးမသီ ရန်မခ
မြို့ပေါ် ရောက်ပြီဆိုတော့ ပင်ပန်းလာ တာတွေ လုံးဝမရှိတော့ ဝမ်းသာခဲ့ရပါ တယ်။ တောထဲကနေ ထွက်လာပြီ ဆိုရင် ဆန်ခါ အကျော် ၁၉ မိုင်မှာ
ပစ်ခံထားရတဲ့ ကားကို တွေ့ရတဲ့ အချိန်တိုင်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ Tar Paing Hydro Power0.jpg

ရေးသားသူ thettinaung
MSC No 105

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.031
BTC 67633.45
ETH 3775.76
USDT 1.00
SBD 3.70