Wednesday Lady Part-8

in #jerrybarnfield7 years ago

The bus, sitting in wooden shadow အိမ်ကလေးရဲ့ ဟိုဟို. The usual Gwaycho selling fruit on sticks, Toffee, Even the ice water is not come yet. Anyway, the two toffee non idea who would buy and eat. But what is not yet. He sat for about half an hour. Darn, I still the same person. Fading kyat walk suddenly kissed her two children. Adaptive လိုက်ရင်း kyat. As usual, Twenty leaves kyat.
Pm "regime, Because to say "
"... ..." That's it. Tailor's all it is. But his show, I tremble What will. Never ever do this once. Similarly, twenty in the morning Sometimes
It offers about thirty left. What to do then is known. What should I say too. Odd block. black breeze
Wait, What will. I no longer find the internet café to his head. Currently a piece of bread, I'm keen to get raised. His hands darn fading will kyat still leaves twenty children, but not his money.
But turn their hand to use for a while. Willingly, he must repay At the end of his money. Access to the store not far from the children read broth bread arrived. Without fried, stuffed The idea would throw game footage. So at his home seven pieces now.
image
ကားဂိတ် သစ်သားအိမ်ကလေးရဲ့ အရိပ်မှာထိုင်ရင်းက ဟိုဟိုသည်သည် ကြည့်တယ်။ ခါတိုင်း ကားကြီးတွေပေါ်မှာ တက်ရောင်းတဲ့ ဂွေးချိုသီး တုတ်ထိုးသည်၊ ဆီးတော်ဖီသည်၊ ရေခဲရေသည်တွေတောင် မလာသေးဘူး။ ဘာပဲဖြစ်ဖြစ် တော်ဖီပြားလေး နှစ်ပြားကို တစ်ကျပ်နဲ့ ဝယ်စားမယ်လို့ သူ စိတ်ကူးတယ်။ ဒါပေမယ့် ဘာသည်မှ မရောက်သေးတာ။ သူ နာရီဝက်လောက် ဆက်ထိုင်နေတယ်။ အဲသည်တုန်းမှာပဲ သူ့ဘေးကို လူတစ်ယောက် ရောက်လာတယ်။ ကျပ်တန်နွမ်းနမ်းလေးတွေ နှစ်ထပ် သူ့ကို ရုတ်တရက် လှမ်းပေးတယ်။ သူက အလိုက်သင့်ယူလိုက်ရင်း ကျပ်တန်တွေကို ထည့်တယ်။ ခါတိုင်းလိုပါပဲ၊ ကျပ်တန် အရွက်နှစ်ဆယ်ပါပဲ။
“ညနေကျ ကျွန်တော့်ကိုစောင့်Uီး၊ ပြောစရာရှိလို့”
“အေး… အေး…” ဒါပဲ။ ပြောသွားတဲ့စကားက ဒါပါပဲ။ ဒါပေမယ့် သူ့ရင်တွေ တုန်လိုက်တာ၊ ဘာပါလိမ့်။ ခါတိုင်း တစ်ခါမှ ဒီလိုမပြောဖူးဘူး။ မနက်ဘက် ဒီလိုပဲ ငွေနှစ်ဆယ်၊ တစ်ခါတစ်ခါ
သုံးဆယ်လောက် ပေးထားပြီးရင် ထွက်သွားတာပဲ။ ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာ သူ သိပြီးသားပဲ။ ဘာတွေပြောရမလဲ ဆိုတာလည်း သူ သိနေသားပဲ။ အထူးအဆန်း လုပ်လို့။ ညနေကျ
စောင့်ဦးတဲ့၊ ဘာပါလိမ့်။ သူ့ခေါင်းထဲ အဲဒီအတွေးတွေ ခဏနေတော့ မရှိတော့ပြန်ဘူး။ လောလောဆယ် မုန့်ကလေး တစ်ဖဲ့စားရဖို့ပဲ အာသီသပြင်းနေတယ်။ သူ့လက်ထဲမှာ အဲသည်လူပေးသွားတဲ့ ကျပ်တန်အနွမ်းကလေး ရွက်နှစ်ဆယ် ရှိနေပေမယ့် သူ့ပိုက်ဆံမဟုတ်ဘူး။
ဒါပေမယ့် လက်လှည့်ကလေး ခဏတစ်ဖြုတ် သုံးမယ်ဆိုရင်တော့ သုံးင်ပါတယ်။ အဲဒါလည်း သူပဲ ဆပ်ရမှာပဲ၊ သူ့ပိုက်ဆံထဲက ကုန်မှာပဲ။ မနီးမဝေး ဆိုင်တန်းတွေဆီ မုန့်ဟင်းခါးဟင်းရည်သည် ကလေးရောက်လာတော့ သူ ထလိုက်တယ်။ အကြော်မပါရင် သုံးကျပ်၊ တစ်ပွဲတလေတော့ စားပစ်လိုက်မယ်လို့ သူစိတ်ကူးတယ်။ ဒါဆို ညနေကျ သူအိမ်ပြန်ရင် ခုနစ်ကျပ်ပဲရတော့မယ်။

Sort:  

This post has received a 0.52 % upvote from @drotto thanks to: @banjo.

ကောင်းပါတယ်ဗျ ကိုပိုင် fighting.

အ​ရေးအသာ​တွေ သင်​​ပေးပါဦး

ဘာသာပြန်သုံးထားရင်ပြန်စစ်နော်

လက်​တက်​လာတယ်

ြုက်တယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 62228.71
ETH 2419.51
USDT 1.00
SBD 2.57