Introducing myself
မင်္ဂလာပါ steemit ညီအစ်ကိုမောင်နှများခင်ဗျာ
ကျွန်တော်ကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မှာ နေထိုင်ပါတယ်
ကျွန်တော့်မှာ အစ်ကိုတစ်ယာက်နဲ့ ညီလေးတစ်ယောက်လည်းရှိပါတယ်။ယခုတော့ကိုရီးယားဘာသာစကားသင်တန်းတက်နေပါတ်။
ဘောလုံးကန် ခြင်းခတ်ဝါသနာပါတဲ့သူင်ချင်းတွေကြားမှာ စာဖတ်ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော့် မိဘတွေက မိရိုးဖလာတောင်
သူပဲ လုပ်ကြပါတယ်။ နေပူထဲဆင်းရဲပင်
ပန်းစွာ လုပ်ကိုင်ပြီး အသက်မွေးကြရတဲ့
ဘဝပါ။ မရှက်တမ်းပြောရရင် ကျွန်တော်
ငယ်ငယ်က ကျွန်တော်တို့မိသားစုအရမ်း
ဆင်းရဲခဲ့ပါတယ်။ ဆင်းရဲမှုဒဏ်တွေကို
အသက်ငယ်ငယ်နဲ့ ကျွန်တော်နဲ့ အစ်ကို
ကြီးတွေ့ကြုံ ခဲ့ရပါတယ်။
မိုးတွေရွာပြီဆိုလျှင် ကျွန်တော်တို့ ညီအစ်
ကို ၂ ယောက် ဖျာလိပ်အောက် ဝင်ပုန်း
ကြစမြဲ။ တဲခေါင်မိုးက မိုးရေတွေယိုကျတတ်လို့ပါ။
အခြားသောကလေးတွေ မိဘတွေနဲ့
ပျော်ရွှင်နေချိန်မှာ ကျနော်ကတော့
တဲအောက်မှာ ပုန်းနေတတ်ပါတယ်။
ပြီးရင် ဝါးကြမ်းခင်းကြားက ရန်ဖြစ်နေကြ
တဲ့ အဖေနဲ့အမေကို ချောင်းကြည့်ရင်း
အဖေ အမေ့ကို ဘာလုပ်လိုက်မှာလဲ
စိုးရိမ်စိတ်နဲ့ မျက်ရည်ဝိုင်းနေတတ်သလို
အမေနဲ့စကားများရန်ဖြစ်ပြီး ကြိုးဆွဲချသေမယ်ပြောပြီးလက်ကကြိုးကိုင်ပြီးထွက်သွားတဲ့အဖေကိုကြည့်ရင်းညအမှောင်မှာ မျက်ရည်တွေနဲ့ အိပ်မပျော်တဲ့ကလေးတစ်ယောက်ဘဝက ခါးသီးလှပါတယ်။
သူငယ်ချင်းတွေ သူတို့ မိဘနဲ့ ပျော်နေ
ချိန်မှာ အမေငိုနေတာပဲ မြင်ခဲ့ကြားခဲ့ရတဲ့
နေ့တွေကို ကျွန်တော်မမေ့နိုင်ပါဘူး။
ကျွနော့်အဖေက စစ်မှုထမ်းဟောင်းတစ်
ဦးဖြစ်ပြီး စိတ်မြန်ဒေါသကြီးပါတယ်။
အဖေခေါပြီဆိုလျှင် ၁၂၃ ဆိုတာနဲ့ ကျွန်
တော်တို့ အရောက်ပြေးရပါတယ်။ ပြေးမလာလျှင် ရိုက်ခံရပါတယ်။ ကျွန်တော့်အစ်ကိုရှစ်တန်းကျောင်းသားအရွယ်က အဖေခေါချိန်မှာ ပုဆိုးဝတ်နေတာကြောင့် ပုဆိုးချွတ်ပြီး လူတွေရှေ့မှာပြေးလာရပါတယ်။ ကလေးဘဝမှာရတဲ့ စိတ်ဒဏ်ရာများ
က မနည်းလှပါဘူး။ အဖေ့ကို ကျွန်တော်
တို့ အပြစ်မတင်ကြပါ။အသိဥာဏ်ကိုသာ
အရိုးထိအောင် မုန်းကြပါသည်။
နွေရာသီကျောင်းပိတ်ရက်များရောက်ပြီဆိုလျှင် နွားကျောင်းရပါသည်။နွားကျောင်းရင်း မွေပွေးများကိုမကြာခဏတွေ့ရသည်မှာ ကျွန်တော်တို့လိုတောင်သူသားသမီးများအတွက်အထူးဆန်းမဟုတ်တော့ပါ။မွေပွေးကိုက်ခံရပြီဆိုလျှင် သေသွားကြသည်က များပါသည်။ထိုအချိန်က ကျေးလက်ကျန်းမာရေးဆေးခန်းသည်လည်း ဆေးဝါးများစုံစုံလင်လင်မရှိသေးသည့်အချိန်ပါ။နေပူမိုးရွာထဲပင်ပန်းစွာအလုပ်လုပ်ရရုံသာမက ပေါများလှသောမွေပွေးများကြောင့် တောင်သူလယ်ယာလုပ်ကိုင်သူများမှာ အသက်နဲ့ရင်းပြီးလုပ်ကိုင်စားသောက်ကြရပါသည်။
ထို့ကြောင့်
ကျွန်တော်တို့ကို ပညာတတ်ကြီးဖြစ်စေချင်သည်မှာ အဖေ့ရည်ရွယ်ချက်တစ်ခုပါ။
ကျွန်တော်တို့နွားကျောင်းသွားပြီဆိုလျှင်မီးနင်းစာအုပ်ကိုယူသွားရပါသည်။ညနေနေဝင်ချိန်ရောက်၍ နွားများသွင်းပြီးလျှင်အမေ့ကို နွားကျောင်းရင်းကျက်လာသောအင်္ဂလိပ်စာမီးနင်းတစ်မျက်နှာကိုအလွတ်ဆိုပြရပါသည်။အဖေသည်လေးတန်းနှင့်ကျောင်းထွက်ပြီး မိသားစုကိုလုပ်ကိုင်ကျွေးခဲ့ရသောကြောင့် အင်္ဂလိပ်စာနားမလည်သော်လည်း ဆယ်တန်းအောင်သောအမေ့ကို စာမေးခိုင်းပါသည်။စာမရလျှင် ကျွန်တော်တို့ကို ထမင်းမကျွေးဘူးဟုပြောပါသည်။ယခုပြန်စဉ်းစားကြည့်မှ
အဖေ့ရဲ့ မေတ္တာကို နားလည်မိပါတော့သည်။
ကျောင်းတက်တဲ့အချိန်တွေမှာလည်း
လှလှပပနဲ့ သန့်ရှင်းနေတဲ့ အကျီင်္ဖြူ ဖြူ နဲ့
ကျောင်းစိမ်း ပုဆိုးလေး ဝတ်ရဖို့ဆိုတာ
နေ့တိုင်း ကျွန်တော်တို့ညီအစ်ကို မက်ခဲ့ရတဲ့အိပ်မက်လေးပါ။ အကြောင်းကတော့
ကျွန်တော်၎တန်း ကိုကြီး၆ တန်းမှာ
၂ ယောက်ပေါင်းမှ ပုဆိုး၃ ကွင်းပဲရှိလို့ပါ။
ရေချိုးရင် တစ်ယောက်ပြီးမှ တစ်ယောက်ချိုးရပါတယ်။
ကျောင်းတက်ရတဲ့ နေ့ရက်တွေမှာ ကျွန်တော်မပျော်ပါဘူး။ အစွန်းထင်း အကွက်
တွေနဲ့ တွန့်ကြေနေတဲ့ ပုဆိုးကိုဝတ်ပြီး
ကျောင်းကိုသွားရတာ ရှက်ပါတယ်။ကျောင်းကပြန်လာပြီးထမင်းစားလျှင်ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထမင်းဝိုင်းမှာ အဖေနဲ့အမေမပါဝင်ပါ။သူငယ်ချင်းများသူတို့မိဘများကိုဆိုးနွဲ့ကြပူဆာကြသည်ကို တွေ့လျှင် ဆိုးခွင့် နွဲ့ခွင့်မရသောမိမိ
ဘဝကို အားငယ်ရပါသည်။မိဘများနှင့်ကလေးတိုင်းထမင်းတူတူစားချင်သည်ကိုအမေနှင့်အဖေမသိလေသလားဟုစိတ်ဆိုးချင်သော်လည်း ကြက်ဥပြု တ်တစ်ခြမ်းကို နှစ်ယောက်ခွဲစားပြီးပင်ပင်ပန်းပန်းအလုပ်လုပ်နေရသောသူတို့ကိုအပြစ်မတင်ရက်ပါ။
ဒီလိုအခြေအနေတွေကို ဖြတ်သန်းခဲ့ရတဲ့
ကျွန်တော်ဟာ စာအုပ်တွေများစွာကို ဖတ်ခဲ့ပါတော့တယ်။ သူငယ်ချင်များဘော
လုံးကန်နေကြချိန် တအုပ်၂၀၀ ပဲပေးရတဲ့
ဈေးချို တဲ့ ဆရာကြီး ပီမိုးနင်းရဲ့ စာအုပ်
တွေက ကျနော့်ရဲ့ အမြဲတမ်းသူငယ်ချင်း
တွေပါ။
"လူတွေဆင်းရဲခြင်းသည် ငွေကြေးနှင့်
အသိဥာဏ်ပညာ နည်းပါးခြင်းကြောင့်
ဖြစ်သည်" ဆိုတာကို ကျွန်တော်သိမြင်ပြီးနောက်စာဖတ်ဝါသနာမှာကျနော့်အတွက် ဖြစ်လာခဲ့ပါတော့သည်။
"အလှဆုံး နှလုံးသားတစ်ခုကို ရှာဖွေခြင်း"
စာအုပ်တွေဖတ်ရင်း နှလုံးသားလှကြသူ
တွေအကြောင်း အမြဲသိချင်နေခဲ့ပါတယ်။
ကျွနော်ဖတ်မှတ်သောစာအုပ်များထဲမှအကြောင်းအရာလေးများကိုအဖအမေတို့ကိုပြန်ပြောလေ့ရှိပါသည်။
တစ်ရက်မှာတော့ အဖေဆံပင်ညှပ်ဖို့
တောကို ကျွန်တော်ဆိုင်ကယ်နဲ့သွားခေါ
ပြီး မြို့ ထဲဆံပင်ညှပ်ဆိုင်ကို လိုက်ပို့ပါ
တယ်။ပျဉ်ထောင်အိမ်လေးကိုအုတ်နံရံတက်ဖို့က အဖေ့ရဲ့ အိပ်မက်လေးဆိုတာ
အမေပြောပြလို့ ကျွန်တော်သိပါတယ်။ဆိုင်ကယ်စီးရင်း လမ်းမှာ အဖေ့ကို "အဖေသားတို့ RCတိုက်တစ်လုံးလောက်ဆောက်နိုင်ဖို့ကြိုးစားရအောင်"လို့ ပြောလိုက်ပါတယ်။သမားရိုးကျတောင်သူတစ်ဦးအတွက်တော့ မိုးလေဝါသ သီးနှံဈေး ပိုးမွှားရန် အမျိုးမျိုးအဆင်ပြေမှ အကြွေးမတင်ရုံ လုပ်ငန်းလည်ပတ်နိုင်တာပါ။မျှော်လင့်ချက်တွေမရှိတော့ရင် အိပ်မက်တွေသေဆုံးသွားတတ်တာကိုသိလို့ အဖေ့
ကို ရှင်သန်စေချင်လို့ ပြောလိုက်တာပါ။
အဖေက "မဖြစ်နိုင်ပါဘူးသားရယ်"တဲ့။
ထိုအချိန်မှစပြီးကျွန်တော်ကတိတစ်ခုကို ကိုယ့်ကိုယ်ကိုပေးခဲ့ပါတော့တယ်။
လမ်းမှာ အဖေက"ဟာ ငါတာယာ
ဖိနပ်(ကားဖိနပ်)ကြီးနဲ့ကွာ"တဲ့။ တောထဲ
မှာ ဆူးညှောင့်ခလုတ်နဲ့ တွေ့ရများသော
ကြောင့် ကားဖိနပ်ကို စီးကြပါသည်။
တချက်တွေသွားပြီးနောက် "ဘာမှတော့
မဖြစ်ပါဘူး"ဆိုတဲ့ အဖေ့လေသံက မထူး
တော့ပါဘူးကွာ ဆိုတဲ့ အားမာန်လျှော့
လိုက်တဲ့အသံ။ ဆံပင်ညှပ်ဆိုင်မှာရွယ်တူ
လူကြီးတွေရဲ့ ကတ္တီပါ ဖိနပ်ကိုကြည့်ကာ
ကားဖိနပ်လေးကို အဖေ တချက်ငုံ့ကြည့်
ပြီး အဝေးတစ်နေရာသို့ အကြည့်လွှဲလိုက်
တဲ့ အဖေ့ကိုကြည့်ရင်း ကျွန်တော်မျက်ရည်ဝိုင်းလာတော့သည်။
အဖေက တောမှာပဲ အနေများပြီး သာရေးနာရေးရှိမှ အိမ်သို့ပြန်လာတတ်စမြဲ။
ရွာထဲရောက်ပြီး မိတ်ဆွေအပေါင်းအသင်းများနှင့် စကားပြောလျှင် လက်သည်း
ရှည်များကြောင့် မလုံမလဲအရိပ်အရောင်
များက အဖေပြောနေတဲ့ ဝါကျကြောင်း
တိုင်းမှာ။
ကျွန်တော်တစ်ဘဝလုံး ကျေးဇူးဆပ်လျှင်
ပင် အဖေ့ချွေးတစ်စက်ဖိုးကျေမည်မထင်ပါ။
နောက်ရက်အနည်းငယ်မှာလည်း ကျွန်
တော့်အစ်ကိုဆံပင်ညှပ်ဖို့ ပြန်လာခဲ့ပါတယ်။ ဆယ်တန်းတစ်နှစ်ကျပြီး ငွေကြေး
မတတ်နိုင်သောကြောင့် အဖေနှင့်တောင်
သူ ကူလုပ်ခဲ့ရပါသည်။ ဆယ်တန်းဖြေပြီး
နောက်ရက်မှာပဲ နေ့နေ့ညည နေပူမိုးရွာ
ထဲ အလုပ်ကြမ်းလုပ်ရသောကြောင့် ညို မွဲသော အသားအရေ ခြောက်သွေ့သည့်
ဆံပင် နေလောင်ထားသည့် မျက်နှာနှင့်။
အိမ်ပေါတက်လာပြီး မှန်ကိုကြည့် မျက်လွှာချလိုက်ပြီး တိုးတိုးလေးသက်ပြင်း
ချလိုက်တဲ့ ကိုကြီးကို ကျွန်တော်မမြင်ချင်
ယောင်ဆောင်လိုက်ပါတယ်။ သို့ပေမယ့်
လှပတဲ့ မျက်နှာသွင်ပြင်လေးတစ်ခုကို
မျှော်လင့်ချက်ထားချင်သော်လည်း လက်တွေ့ဘဝမှာ မဖြစ်နိုင်တော့ပါဘူးဆိုတဲ့
စိတ်ပျက်အားလျော့လိုက်တာကို ကျွန်တော်ခံစားမိတိုင်း ဝမ်းနည်းမိတော့သည်။
အသန့်အပြန့်အလှအပကြိုက်တတ်တဲ့ကိုကြီးကကျွန်တော့်အတွက်သူ့အနာဂတ်ကိုစတေးခဲ့တယ်ဆိုတာပြန်တွေးမိတိုင်း အစ်ကိုတစ်ယောက်ရဲ့ ချစ်ခြင်းကိုအံ့သြမှင်သက်ရပါသည်။သို့ကြောင့်လည်းအစ်ကိုကြီးအဖအရာဟု ဆိုခဲ့ကြခြင်းဖြစ်မည်ထင်သည်။
နံနက်အိပ်ယာနိုးလျှင် နိုးချင်းမထသေးပဲ
ကွေးနေတတ်တာ ကျွန်တော့်အကျင့်တစ်
ခု။ တနေ့တော့ မျက်နှာသစ်ဖို့ အိပ်ယာ
ထလာတော့ မျက်နှာသစ်နေတဲ့ အမေ့ကို
ကျွန်တော်ကြည့်လိုက်တယ်။ အသားဖြူ
မျက်နှာသစ်ဆပ်ပြာ pondနဲ့ပေါ့။
အမေ့ကိုကြည့်ရင်း 'အမေလည်း မိန်းမသားတစ်ဦးပဲ လှချင်မှာပေါ့'လို့တွေးရင်း
နေပူထဲမှာ နေ့တိုင်း ပင်ပင်ပန်းပန်းလုပ်ရ
တဲ့ အမေ့ရဲ့ နေလောင်တဲ့ မျက်နှာကို
ငေးကြည့်နေမိပါတယ်။
သျှောင်နောက် ဆံထုံးပါ ဆိုသကဲ့သို့
အဖေနှင့်လက်ထပ်ပြီး တောင်သူဘဝထဲ
ရောက်လာတဲ့ အမေဟာလည်း အခက်
အခဲများစွာ ရင်ဆိုင်ခဲ့ရပါတယ်။
ကျွန်တော် အမေနှင့်ထမင်းစားချိန်များမှာ
အမေက တချိန်က ရွာမှာ ကွမ်းတောင်
ကိုင်ဖြစ်ခဲ့တဲ့အကြောင်း အိမ်မှာ အငယ်
ဆုံးဖြစ်သောကြောင့် အလုပ်လဲမလုပ်ပဲ
နေခဲ့ရသည်များ ပြောပြတတ်ပါသည်။
အဖေနှင့်ရပြီး တောင်သူလုပ်ငန်းများ
လုပ်ရချိန်တွင်"ငါ့ဘဝက နုနေလို့မဖြစ်ပါ
ဘူး ငါကောအလုပ်လုပ်မှ ငါ့သားလေး
တွေကို ပြည့်ပြည့်စုံစုံထားနိုင်မှာဆိုပြီး
ဖိနပ်မပါပဲ တောထဲမှာ တလလောက်
ဖိနပ်မပါပဲ လမ်းလျှောက်လိုက်တယ်"လို့
နုနေတဲ့ခြေဖဝါးများကို ကြမ်းတမ်းအောင်
လုပ်ယူခဲ့ရပုံတွေကို ပြောလိုက်တိုင်း အမေ့မျက်ဝန်းမှာ မျက်ရည်တွေ စို့လာပါတော့တယ်။
ဘဝကို အရှုံးမပေးဘူးဆိုတဲ့ ပြတ်သားတဲ့
ဆုံးဖြတ်ချက် ရဲရင့်တဲ့အားမာန်နောက်မှာ
ဝမ်းနည်းမှုတွေ ပုန်းခိုနေလေမလား!!!
ကျွန်တော့်ကိုတော့အရမ်းချစ်ကြပါသည်
ကျွန်တော်ဖြစ်လာဖို့ သူတို့ရဲ့ ခြေထောက် များအသားမာတည်ခဲ့ ကွဲခဲ့ရပါတယ်။
ကျွန်တော်ပြုံးဖို့ သူတို့တွေငိုခဲ့ရပါတယ်။
သူတို့ရဲ့ လက်တွေက ကြမ်းသော်လည်း
ကျွန်တော့်ကို နွေးထွေးစေခဲ့ပါသည်။
ပေးဆပ်ခြင်းနဲ့
နွေးထွေးသော
လက်တစ်စုံ ပိုင်ရှင်ဟာ
နှလုံးသား လှသူတွေပါ
သူတည်းတစ်ယောက်
ကောင်းမှုရောက်ဖို့
သူတစမယောက်မှာ ပျက်လငါ့ကာသာ
ဓမ္မတာတည်း
ကျွန်တော်လွန်စွာ ဝမ်းမြောက်မိသည်မှာ
နွေးထွေးသောကမ်းလက်များကိုsteemit
တွင် ထပ်မံတွေ့ခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော် steemitကို ရောက်လာသည်
မှာ နွေးထွေးသော လက်တစ်စုံက ကူညီ
ပေးခဲ့ခြင်းကြောင့်သာဖြစ်သည်။ steemit
newbiesများကို ကူညီပေးနေသော
စီနီယာ အစ်ကိုကြီးများရှိနေသည်ကိုသိရ
သောအခါ အလွန်ပင် အားတက်ပျော်ရွှင်
မိပါသည်။
ယခု ကျွန်တော်၏ မိတ်ဆက်စာပင်လျှင်
ထိုလှပသော နှလုံးသားပိုင်ရှင်များ၏
နွေးထွေးသော ကမ်းလက်များဖြင့် တည်
ဆောက်ထားသော steemit myanmar
တံတားပေါမှ ခြေတစ်လှမ်းမဟုတ်ပါလား။
Writer @nainghtetlin
Msc 219
Welcome bro.fighting.အောင်မြင်ပါစေ
ဟုတ် ကြိုးစားရမှာပေါ့ ကျေးဇူးပါ
ဟုတ် ကျေးဇူးပါ
Nice bro
ဟုတ်ကဲ့ bro pyaesone ကျေးဇူးအထူးတင်ပါတယ်ဗျ
ကျေးဇူးပါ bro
Welcome
ဟုတ် ကျေးဇူးပါဗျ
fighting bro ဘဝတူတွေပါ
ဟုတ်
welcome
ဟုတ်ကဲ့ပါ
Congratulations @nainghtetlin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
welcomeပါ
ဟုတ် ကျေးဇူးတင်ပါတယ်ဗျ
အရမ်းကောင်းတဲ့မိတ်ဆက်စာပါ။အားတင်းထားပါbro။steemit မှကြိုဆိုပါတယ်။
ဟုတ်ကဲ့ပါ ငျေးဇူးတင်ပါတဟ်ဗျ
မိတ်ဆက်စာကို ဒီလောက်ရေးနိုင်တယ်၊တော်တယ်ဗျာ၊ အားပေးတယ်
ဟုတ်ကဲ့ bro ကျေးဇူးတင်ပါတဟ်
Welcome
ဟုတ် အစ်ကို စောမြတ်ထွန်း ကျေးဇူးတင်ပါတဟ်