''ညီမလေး နော်ပုလဲဖေါ''

''ညီမလေး နော်ပုလဲဖေါ''


ညီမလေး နော်ပုလဲဖေါရေ . . .
နံနက်ခင်းလေးထားခဲ့ရမှာ စိုးရိမ်တယ် ။

💝💝💝💝💝💝💝💝

ဒီကမ္ဘာရဲ့ တစ်ထောင့်တစ်နေရာလေးမှာ
ကောင်းကင်ကို မော့မော့ကြည့်ရင်း
ငါ့ရဲ့မျှော်လင့်နေဆဲ အိပ်မက်တွေလေ ။
မင်းသိမှသိရဲ့လား ညီမလေးရယ် . . .
အကြိမ်ကြိမ် တည်ဆောက်နေတဲ့
ငါ့ အိမ်ငယ်လေးထဲ
မင်းမရှိတဲ့ ငါ့အပြုံးဟာ
ဘယ်အတိုင်းအတာတွေနဲ့
ပြီးပြည့်စုံနိုင်ပါ့မလဲ . . .။

သီချင်းလေးတွေ တိုးတိုးငြီးရင်း
တိတ်တိတ်ဆိတ်ဆိတ်ပါပဲ . . .။

💟💟💟💟💟💟💟💟

အလင်း မြင်ခွင့်မရှိတဲ့
နေသားကျ အမှောင်ရဲ့
ဒီဘဝ စကားလုံးတိုင်းဟာ
''အလွမ်းနဲ့ပဲ ထိုက်တန်တဲ့ကောင်'' ။
ဟုတ်တယ် . . .
တစ်ကယ်တော့ ငါဟာ
အလွမ်းနဲ့ပဲ ထိုက်တန်တဲ့ကောင်ပါ ။
တိတ်ဆိတ်တဲ့ ညတွေမှာတောင်
ရင်ထဲကလရောင်ဟာ ဆူညံနေတယ် ။

❤❤❤❤❤❤❤❤

ဆံပင်တွေ တဖြည်းဖြည်းရှည်လာသလောက်
ငါ့ အလွမ်းတွေ နုနယ်နေတုန်းပဲလေ . . .။

💛💛💛💛💛💛💛💛

လက်ဖဝါးပေါ် တင်ကြည့်ခဲ့တဲ့
လိုအပ်ချက် သုညတစ်လုံးထဲက
ဝေးကွာလွင့်ပါးနေတဲ့
မင်းကိုချစ်တဲ့ သက္ကရာဇ်တစ်ခုဟာ ငါပေါ့ ။
ရင်ခုန်သံဟာ
ဥပေက္ခာ နံရံမှန်ပြီး
ပဲ့တင် ပြန်လာတယ် ။
ဝမ်းနည်း တမ်းတမှုဆိုတာ
ရင်ထဲမှာ သွန်ချပစ်လိုက်တဲ့
ဝေးကွာခြင်းရဲ့ မျက်ရည်စတွေ . . .။

💚💚💚💚💚💚💚💚

အချစ်တွေ မှားခဲ့ကြတာလား
လေလိုလွင့်ရင်း မင်ဆီရောက်မယ်ထင်ခဲ့တာပေါ့ ။

💙💙💙💙💙💙💙💙

တစ်ကယ်တော့ . . .
ညီမလေး နော်ပုလဲဖေါ ရယ်
မင်း နဲ့ ငါ ကြားက
သံသရာ တည့်တည့်မှာ
ကံကြမ္မာဟာ ပြတ်ရွှေ့ကြောနဲ့ . . .။ ။

ကလောင် နာမည် ငြိမ်းစစ်

Sort:  

@nilarhtun, I gave you an upvote on your first post! Please give me a follow and I will give you a follow in return!

Please also take a moment to read this post regarding bad behavior on Steemit.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61372.42
ETH 2928.56
USDT 1.00
SBD 3.66