You are viewing a single comment's thread from:

RE: Introducing myself

Myanmar Steemit Community မှကြိုဆိုပါတယ် ဆရာကြီးခင်ဗျား ။ ကျွန်တော်ဆရာကြီးကို ငတောငလုံး နဲ့ သိခဲ့ရသူပါ။ ကိုယ်တိုင်ကလည်း ငယ်ငယ်က ဖားရှာ ငါးရှာ ဝါသနာပါခဲ့သူမို့ ဆရာကြီး စာများဟာ ကျွန်တော့ အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသူ ပမာပေါ့။ Myanmar Steemit Community အနေနဲ့ အစပိုင်းမှာတော့ မြန်မာလူငယ်များအား Steemit Platform ပေါ်မှ အကျိုးအမြတ်ရရှိစေရန်သာ ရည်ရွယ်ထားသော်လည်း ဆရာတင်လှိုင်ဦး ၏ လမ်းညွန်မှုဖြင့် Facebook အသုံးအနှုန်းများကြောင့် ပျက်စီးစ ပြုနေတဲ့ မြန်မာစာပေ အရေးအသားများကို ပြန်လည် မြှင့်တင်လို ရင်းလည်း ဖြစ်ပါတယ် ဆရာ။ Myanmar Steemit Community အပေါ်ဆရာ့ ရဲ့ အကြံပြုစကားလည်း ကြားလိုပါတယ် ဆရာ။ ကျေးဇူးတင်ပါတယ်။

Sort:  

ဆရာတင်​လှိုင်​ဦး၊ဆရာကချင်​ဟင်​နရီအပါအဝင်​မြန်​မာစတီးမစ်​အဖွဲ့၏ရည်​ရွယ်​ချက်​ကိုသိရှိရ၍အထူးဝမ်းသာကြည်​နူး​ကျေးဇူးတင်​ပါသည်​။မြန်​မာစာ​ပေ​လောကဖွံ့ဖြိုး​ရေး၊မြန်​မာ့စာ​ပေဂုဏ်​သိက္ခာဆက်​လက်​ထိန်းသိန်းနိုင်​​ရေး၊မြန်​မာ့ယဉ်​​ကျေးမှုအစဉ်​အလာ​ကောင်းများဆက်​လက်​ထွန်းကားပျံ့နှံ့ပြန့်​ပွား​ရေးအတွက်​သီးခံစိတ်​ရှည်​ကာအမျိုးသား​ရေးတာဝန်​တစ်​ရပ်​အဖြစ်​ဆက်​လက်​လုပ်​​ဆောင်​​ပေး​စေလိုပါသည်​။ကျေးဇူးတင်​ပါသည်​။ကျန်းမာချမ်းသာကြပါ​စေ။

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58635.35
ETH 3152.96
USDT 1.00
SBD 2.44