ဘောလိဝုဒ် ဇာတ်ကားတေ

in #introducemyself6 years ago

အိန္ဒိယကားလို့ လူသိများကြတဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေဟာ မြန်မာပရိသတ်တွေကြိုက်နှစ်သက်စွာကြည့်ရှုကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ခုဖြစ်ပါတယ်။
image
ဘောလိဝုဒ်ဇာတ်ကားတွေဟာ ဇာတ်လမ်း၊ သရုပ်ဆောင်ပိုင်းတွေအရလည်း ကောင်းမွန်သလို အလှ၊ ကပြတင်ဆက်မှုတွေနဲ့လည်း ကြည့်ရှုသူတွေကို ဆွဲဆောင်ကြလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်းစိတ်ဝင်တစားကြည့်ရှုကြတဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေထဲ အမြဲပါလေ့ရှိတဲ့ အိန္ဒိယနိုင်ငံက အထင်ကရနေရာတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။၁။ Sukna Reserve Forestအိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါမှာရှိတဲ့ ဒီနေရာဟာ အိန္ဒိယနာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Kyon သီချင်းရိုက်ကူးရာ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ရုပ်ရှင်ရိုက်ကူးမှုအများအပြားပြုလုပ်လေ့ရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အနီးအနားမှာရှိတဲ့ Mahananda Wildlife Sanctuary ကလည်း အနုပညာလောကသားတွေ အခြေချရာနေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
၂။ Hadimba Devi Temple
အိန္ဒိယနိုင်ငံ၊ မနာလီတောင်ပေါ်မှာရှိတဲ့ Hadimba Devi ဘုရားကျောင်းကလည်း ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေမှာ အမြဲပါလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ အချစ်ဇာတ်လမ်းတွေနဲ့ ဘာသာရေးဆိုင်ရာဇာတ်ကားတွေ ရိုက်ကူးရာနေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
၃။ Doraha Sarai Fort
Doraha Sarai ခံတပ်ကတော့ ကျော်ကြားတဲ့ခံတပ်တစ်ခုဖြစ်ပါတယ်။ နံပါတ် (၁) အမျိုးသားအဝေးပြေးလမ်းမကြီးကနေ ၁ ကီလိုမီတာပဲ ကွာဝေးတယ်လို့ သိရပါတယ်။ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်ကားတွေမှာ မပါမဖြစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
၎။ Dhuandhar Falls
Dhuandhar ရေတံခွန်ကတော့ Raat Ka Nasha ဇာတ်ကားထဲမှာ မင်းသမီး Kareena Kapoor ကတဲ့ ဇာတ်ဝင်ခန်းရိုက်ကူးရာနေရာဖြစ်ပါတယ်။ ဒီရေတံခွန်က Narmada မြစ်ပေါ်မှာ တည်ရှိပြီး ဘောလိဝုဒ်ရုပ်ရှင်လောကသားတွေအတွက် ရိုက်ကွင်းနေရာတစ်ခုလည်းဖြစ်ပါတယ်။
၅။ Fatehpur Sikhri
ဒီရှေးဟောင်းအဆောက်အအုံကတော့ ဘောလိဝုဒ်ရုပ်ရှင်လောကသားတွေရဲ့ ဖေးဘရိတ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။အင်ဒို-အစ္စလမ်မစ်ဗိသုကာလက်ရာအဆောက်အအုံတစ်ခုဖြစ်ပြီး ဒီအဆောက်အအုံနောက်ခံနဲ့ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတွေကို ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားအများအပြားမှာ တွေ့မြင်ရလေ့ရှိပါတယ်။

Sort:  

Very nice post

This post has received a $33.33 % upvote from @siditech thanks to: @zintunmoe.
Here's a banana! banana-small.png

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60122.55
ETH 3199.29
USDT 1.00
SBD 2.43