Intro...post

in #introduce8 years ago (edited)

Hello, မင်္ဂလာပါ Steemitရေ...

ဒီ စာလေးဟာ missရဲ့ ပထမဆုံး မိတ်ဆက်စာလေး ဖြစ်ပါတယ်။ missရဲ့ မြို့လေးကတော့ ကားသံလူသံတွေ ထူထပ်လှတဲ့ မြို့ဟောင်းမြို့လေးကပါ။ လူနေသိပ်သည်း ထူထပ်သလောက် တိုးတက်မှုနှေးကွေးပေမဲ့ ကူညီရိုင်းပင်းတဲ့ စိတ်နဲ့ ချီတက်နေတဲ့ မြို့လေးပါ။ Missတို့ မြို့မှာ ရောင်စုံပန်းခင်းအစား ပန်းရောင်စုံတွေ ခင်းကျင်းထားတဲ့ ပန်းဈေးတွေရှိတယ်။

missတို့ မြို့မှာ သားငါးတွေ မလက်ဆက်ပေမဲ့ သားငါးမျိုးစုံရှိတယ်။ ဓာတုဗေဒဆေးရည်စိမ်ထားတဲ့ သစ်သီးတွေရှိတယ်။ အမြင်အားဖြင့် လှပပြီးစားချင်စဖွယ် ဖွံ့ဖြိုးတဲ့ ရာသီသီးနှံတွေရှိတယ်။ missတို့ မြို့မှာ မြန်မာယဉ်ကျေးမှု ထိန်းသိမ်းမထားပေမဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေ ဖုံးလွှမ်းနေတဲ့ နိုင်ငံပေါင်းစုံ ဖက်ရှင်တွေ တွေ့နိုင်တယ်။

ဟုတ်ကဲ့ မိတ်ဆက်စာလေးဖြစ်လို့ missတို့ မြို့ အကြောင်းနောက်မှ ဆက်ကျမယ်လေနော်။ Missက ရန်ကုန်သူလို့ ပြောလို့ရတဲ့ တောသူတပိုင်း ရန်ကုန်သူ တစ်ပိုင်းပါ။ ငယ်တုန်းကတော့ တောမှာမွေးပြီး ကြီးလာတော့ မြို့ကို ရောက်လာပါတယ်။ ဒါကြောင့် အကောင့် nameကို miss lonemalayလို့ ပေးထားပါတယ်။ အားလုံးကို ခင်မင်ခွင့်ရချင်သလို Steemဆိုတဲ့ လမ်းမှာ စမ်းတဝါးဝါးလေး လျှောက်ပါရစေရှင်။

MissIMG_20180725_160634.png
credit google image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 66288.21
ETH 1934.08
USDT 1.00
SBD 0.38