ဂျေကေရိုလင်းရဲ့ ကျရှုံးမှုမှ အောင်မြင်မှုသို့ ပြောင်းလဲနည်း

in #inspirational7 years ago (edited)

ဂျေကေရိုလင်းရဲ့ ကျရှုံးမှုမှ အောင်မြင်မှုသို့ ပြောင်းလဲနည်း

စာရေးဆရာမ ဂျေကေရိုလင်းဆိုရင် ဟယ်ရီပေါတာရေးတဲ့စာရေးဆရာအဖြစ် လူသိများကြပါတယ်။ ဂျေကေရိုလင်းဟာ ကမ္ဘာ့အချမ်း သာဆုံးစာရေးဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းကြီးရဲ့ သြဇာအရှိဆုံးမိန်းမစာရင်းမှာလည်း နံပါတ် ၆၁ ချိတ်ထားပါတယ်။ အဲဒီလို မအောင်မြင်ခင်က ရိုလင်းဟာ အလုပ်လက်မဲ့တစ်ယောက်၊ ကွာရှင်းပြတ်စဲထားတဲ့ တစ်လင်ကွာကလေးအမေတစ်ယောက်ပါ။

ဘယ်ပုံစံနဲ့ပဲ တိုင်းတိုင်း ကျွန်မဟာ ကျွန်မသိထားသမျှထဲမှာ အကြီးမားဆုံးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါပဲ
လို့ ရိုလင်းက ဆိုတယ်။


ဟားဗက်တက္ကသိုလ်မှာ ဟောပြောခဲ့တုန်းက ရိုလင်းက ပြောကြားခဲ့ဖူးပါတယ်။ ရိုလင်းက သူရဲ့ ဘ၀ကနဦးက အခက်အခဲတွေ၊ ဒုက္ခတွေဟာ တကယ်တော့ နာကျင်စရာကနေ ပေးတဲ့ ဆုလာဘ်တွေ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့တယ်။ အခက်အခဲတွေ။ ဒုက္ခတွေကနေ တစ်ဆင့် ရိုလင်းဟာ သူရဲ့ အိမ်ထောင်ရေး၊ သူ့ဘ၀နဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့အသိတရားတွေ ရရှိခဲ့တယ်။ ဘ၀ရဲ့ ဆင်းရဲဒုက္ဓတွေကို တည့် တည့်တိုးတိုးရင်ဆိုင်ပြီးကာမှ အောင်မြင်မှုပန်းကို ဆွတ်ခူးနိုင်ခဲ့တယ်။

ရိုလင်းလိုပဲ ဆင်းရဲဒုက္ခတွေ ကြုံ့ခဲ့ရတဲ့သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ ရိုလင်းလိုတော့ အောင်မြင်ကျော်ကြားချမ်းသာမှု မရှိ ခဲ့ကြဘူး။ ကျွန်မတို့အားလုံးဟာ အောင်မြင်ချမ်းသာဖို့ ဆန္ဒရှိကြပေမယ့်လည်း ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ကြရတယ်။

ဒါပေမဲ့ ကျွန်မတို့မှာ ကျရှုံးမှုတွေကနေ ရလာတဲ့ အတွေ့အကြုံ့တွေကို အခွင့်အရေးအဖြစ် ဖန်တီးနိုင်လို့ ရတယ်။ အောင်မြင်မှုရဲ့ လှေခါးထစ်အဖြစ် အသုံးပြုလို့ ရတယ်။ ဂျေကေရိုလင်းရဲ့ ဘ၀ရဲ့ ဆင်းရဲဒုက္ဓတွေကနေ အောင်မြင်မှုသုခတွေကို ဘယ်လိုချီတက်ခဲ့သလဲဆိုတာ ကြည့်လိုက်ကြ
ရအောင် ..

အကြောင်းရင်း
စိတ်ဆင်းရဲစရာဒုက္ဓအပေါင်းနဲ့ သင်ဟာ ခြံရံနေတယ်ဆိုပါစို့။ အလုပ်ကလည်း အဆင်မပြေ၊ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ကလည်း ရန် တွေဖြစ်၊ အရာအားလုံးဟာ သင့်အတွက် အနှုတ်လက္ဓဏာပြနေတယ်ဆိုပါစို့ ... ။
ဒါပေမဲ့ သင့်မှာ ရွေးချယ်စရာ လမ်းမရှိဘူး။ ရှေ့ဆက်ပြီး ကြိုးစားဖို့ပဲ ရှိ
တယ်။ မကြိုးစားဘဲ အချိန်ဆွဲနေမယ်ဆိုရင်တော့ သင်ဟာ ကျရှုံးမှုသံသရာထဲမှာပဲ သံသရာလည်နေလိမ့်မယ်။

ရိုလင်းအတွက်ကတော့ ဘ၀ရဲ့ ဆင်းရဲ့ဒုက္ဓတွေကနေ လွတ်မြောက်ဖို့အတွက် အဓိကအကြောင်းရင်းက သူ့ရဲ့ သမီးလေးပါပဲ။ သူ့ အနေနဲ့ ဘ၀ရဲ့ အောင်မြင်လာမယ့်အချိန်ကို မိုးရွာမယ့်အချိန်လို ထိုင်မစောင့်နေချင်ဘူး။ ကံကောင်းခြင်းဟာ သူ့အတွက် မျက်စိလည်လမ်းမှား ပြီး ရောက်မယ့်အချိန်ကို မစောင့်ချင်ဘူး။ ဒါကြောင့် ရိုလင်းဟာ ဆင်းရဲဒုက္ဓတွေကြားကနေ ဘ၀ရဲ့ အောင်မြင်မှုကို ရှာတယ်။ ဟယ်ရီပေါ်တာ စာမူကို ရေးပြီး
ထုတ်ဝေသူတွေကို လိုက်ပြတယ်။ ဒါပေမဲ့ ထုတ်ဝေသူတိုင်းက သူ့စာမူကို
ငြင်းခဲ့ကြတာချည်းပဲ။ အယောက်ပေါင်း ဒါဇင်နဲ့ချီ ပြီး တော့ သူ့စာမူကို ငြင်းခဲ့ကြတယ်။

ဘ၀မှာ ကျရှုံးမှုတွေဟာ သင့်အတွက် ရှိကို ရှိနေပါလိမ့်မယ်။ ဘ၀မှာ ကျရှုံးမှုတွေ ရင်ဆိုင်လာရတဲ့အခါ တစ်ချက်ပြန်စဉ်းစားပါ။ သင့်မှာ ရွေးချယ်မှုတွေ ရှိပါတယ်။ ကိုယ်ကြိုးစားနေတာကို ရပ်တန့်လိုက်မလား၊ ဒါမှမဟုတ် ရှေ့ဆက်ချီတက်ရုန်းကန်မလား။ သင့်အတွက် လက်ရှိဆင်းရဲဒုက္ဓတွေက
နေ ရုန်းထွက်ချင်တယ်ဆိုရင်တော့ ရှေ့ဆက်ရုန်းကန်ရမှာပဲ ဖြစ်ပါတယ်။
ရိုလင်းကတော့ ရှေ့ဆက်ကြိုးစားခဲ့တယ်။

ယုံကြည်မှု
စတိဗ်ဂျော့ဟာ သူတွဲဖက်တည်ထောင်ခဲ့တဲ့ကုမ္မဏီမှာ အမှားလုပ်မိလို့ အလုပ်ကနေ ထုတ်ပစ်ခံခဲ့ရဖူးသေးတယ်။ ယုံကြည်မှုတွေ ပျောက် ဆုံးသွားရမယ့်အစား သူဟာ ယုံကြည်မှုအသစ်တွေကို ထပ်မံပျိုးထောင်ရင်း နည်းပညာနယ်ပယ်တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တယ်။ အလုပ်၊ တာဝန်မှာ တစ်ခုခု ကျရှုံးသွားလို့ပဲ ဖြစ်ဖြစ် သင်ဟာ သင့်ကိုယ်သင် အရှုံးသမားတစ်ယောက်လို ခံစားရကောင်း ခံစားရလိမ့်မယ်။ ဒါပေမဲ့ ဒီ ကျရှုံးကြောင့် သင့်ကိုယ်သင် တန်ဖိုးမဖြတ်လိုက်ပါနဲ့။

ရိုလင်းဟာ သူ့ဘ၀ရဲ့ အနိမ့်ပါးဆုံးအချိန်မှာတောင် ]ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုအရှိဆုံး လူသားတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မလုပ်နိုင်တာတစ်ခုတော့ ရှိတယ်လို့ ယုံကြည်ထားတယ်။ ကျွန်မ ၀တ္ဘုတွေ ရေးနိုင်တယ်လို့ ယုံတယ်} ဒီယုံကြည်ချက် နဲ့ သူဟာ ရှေ့ဆက်ချီတက်ခဲ့ပါတယ်။

နိုး...နိုး
]ကလေးတွေဟာ စုန်းတွေ၊ မှော်တွေကို စိတ်မ၀င်စားလာတော့ဘူး}့

လို့ ထုတ်ဝေရေးအမှုဆောင်တစ်ယောက်က ဂျေကေရိုလင်းကို ၁၉၉၆ခုနှစ်မှာ ပြောကြားခဲ့တယ်။ သင့်ဘ၀မှာ သင်လုပ်ချင်တဲ့အလုပ် တစ်ခုကို မကောင်းဘူး၊ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောကြားမယ့်သူတွေ ရှိကောင်း ရှိလိမ့်မယ်။ ]မဖြစ်နိုင်ဘူး} ဆိုတဲ့ စကားလုံးတစ်လုံးကို ချေဖျက်ဖို့က သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ဘ၀မှာ အောင်မြင်ဖို့ သင့်အတွက်မှော်တံမြက်စည်းတစ်လက်တောင် ရှိဖို့ မလိုအပ်ပါဘူး။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64724.35
ETH 3436.21
USDT 1.00
SBD 2.55