Rich lady and poor kid

in #inspirational7 years ago

image
Credit to google image

Zawgyi

ခ်မ္​းသာ​ေသာအမ်ိဳးသမီးနွင္​့က​ေလးငယ္​
(ဘာသာျပန္​)


အရမ္​း​ေအးလွတဲ့​ေန႔တစ္​​ေန႔မွာက​ေလးငယ္​​ေလးတစ္​​ေယာက္​ဟာ
ဖိနပ္​ဆုိင္​တစ္​ဆိုင္​ရဲ႕​အျပင္​ဘက္​မွာ​ေျခဗလာနဲ႔ရပ္​​ေနတယ္​။သူဟာအထဲကဖိနပ္​​ေတြကိုၾကည္​့ရင္​းအခ်မ္​းဒဏ္​​ေၾကာင္​့ခိုက္​ခိုက္​တုန္​​ေနတယ္​။အဲဒီအခ်ိန္​မွာပဲခ်မ္​းသာတဲ့အမ်ိဳးသမီးတစ္​​ေယာက္​ဟာ ဆိုင္​ထဲကထြက္​လာတယ္​။သူဟာကား​ေပၚတက္​မလို႔လုပ္​တုန္​းက​ေလးငယ္​ကို​ေတြ႕သြားတယ္​။ဒါနဲ႔က​ေလးငယ္​နားကိုကပ္​ၿပီး​ေမးတယ္​။
"သား...ဘာ​ေတြကိုမ်ားအဲ့​ေလာက္​စူးစိုက္​ၾကည္​့​ေနတာလဲ"
က​ေလးငယ္​က
"ကြၽန္​​ေတာ္​့မွာဖိနပ္​မရိွပါဘူး..ဒါ​ေၾကာင္​့ကြၽန္​​ေတာ္​့ကိုဖိနပ္​တစ္​ရံ​ေပးဖို႔ ဘုရားသခင္​ဆီမွာဆု​ေတာင္​း​ေနတာ"
​က​ေလးငယ္​ရဲ႕စကားနား​ေထာင္​ၿပီးတာနဲ႔အမ်ိဳးသမီးဟာ က​ေလးငယ္​ကိုဆိုင္​ထဲ​ကုိ​ေခၚသြားရင္​းအ​ေရာင္​းစာ​ေရးကို​ေရတစ္​ဖလားနဲ႔ တဘက္​တစ္​ထည္​ ရနိုင္​မလား လို႔​ေမးတယ္​။တ​ေအာင္​့အၾကာမွာပဲအမ်ိဳးသမီး​ေတာင္​းတာကိုစာ​ေရးကယူလာ​ေပးတယ္​။အဲဒီ​ေနာက္​အမ်ိဳးသမီးဟာက​ေလးငယ္​ကိုဆိုင္​အ​ေနာက္​ဘက္​​ေခၚသြားတယ္​။
ူသူ(မ)ရဲ႕လက္​အိတ္​ကိုခြၽတ္​ၿပီးဒူး​ေထာက္​လိုက္​တယ္​။အဲဒီ​ေနာက္​ က​ေလးငယ္​ရဲ႕ ​ေျခ​ေထာက္​​ေတြလက္​​ေတြကို ​ေသ​ခ်ာ​ေဆး​ေၾကာ​ေပးတယ္​။ၿပီးတာနဲ႔က​ေလးငယ္​ကိုဖိနပ္​ဆိုင္​ထဲျပန္​​ေခၚသြားရင္​း
အ​ေရာင္​းစာ​ေရးကို ဖိနပ္​တစ္​ရံနဲ႔​ေျခအိပ္​တစ္​စံုယူ​လာ​ေပးဖို႔​ေတာင္​းလိုက္​တယ္​။
စာ​ေရးက​ေျခအိတ္​နဲ႔ဖိနပ္​​ေတြယူလာၿပီးအမ်ိဳးသမီးကို​ေပးတယ္​။အဲ့ဒါ​ေတြကိုယူၿပီးအမ်ိဳးသမီးက​ေနာက္​တစ္​ခါဒူး​ေထာက္​တယ္​။​က​ေလးငယ္​ကို​ေျခအိတ္​စြပ္​​ေပးရင္​းဖိနပ္​စီးၾကည့္​ခိုင္​းတယ္​။ၿပီးတာ​ေျခအိတ္​​ေတြထပ္​ဝယ္​ၿပီးက​​ေလးငယ္​ကို​ေပးတယ္​။
အမ်ိဳးသမီးဟာက​ေလးငယ္​ရဲ႕​ေခါင္​းကိုအသာအယာပုတ္​ရင္​း​ေမးတယ္​။
"သား ...အခုပိုၿပီး​ေနလို႔​ေကာင္​းသြားၿပီလား"
သူ(မ)ျပန္​လုဆဲဆဲမွာပဲ က​ေလးငယ္​ဟာသူ႔ရဲ႕မ်က္​ဝန္​း​ေတြမွာ မ်က္​ရည္​အ႐ႊဲ သားနဲ႔​ သူ(မ) လက္​ကိုဖမ္​းဆုပ္​ကိုင္​ရင္​း​ေမးတယ္​။
"အန္​တီက ဘုရားသခင္​ရဲ႕ ဇနီး​ေလာင္​းလားဟင္​"
Danieldmyo( လက္​သစ္​ၾကယ္​)

http://moralstories26.com/tag/heart-touching-short-stories/ မွ
Rich Lady and Little Kid..!! ကိုဆီ​ေလ်ာ္​​ေအာင္​ျပန္​ဆိုသည္​။

Unicode

ချမ်းသာသောအမျိုးသမီးနှင့်ကလေးငယ်
(ဘာသာပြန်)


အရမ်းအေးလှတဲ့နေ့တစ်နေ့မှာကလေးငယ်လေးတစ်ယောက်ဟာ
ဖိနပ်ဆိုင်တစ်ဆိုင်ရဲ့အပြင်ဘက်မှာခြေဗလာနဲ့ရပ်နေတယ်။သူဟာအထဲကဖိနပ်တွေကိုကြည့်ရင်းအချမ်းဒဏ်ကြောင့်ခိုက်ခိုက်တုန်နေတယ်။အဲဒီအချိန်မှာပဲချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆိုင်ထဲကထွက်လာတယ်။သူဟာကားပေါ်တက်မလို့လုပ်တုန်းကလေးငယ်ကိုတွေ့သွားတယ်။ဒါနဲ့ကလေးငယ်နားကိုကပ်ပြီးမေးတယ်။
"သား...ဘာတွေကိုများအဲ့လောက်စူးစိုက်ကြည့်နေတာလဲ"
ကလေးငယ်က
"ကျွန်တော့်မှာဖိနပ်မရှိပါဘူး..ဒါကြောင့်ကျွန်တော့်ကိုဖိနပ်တစ်ရံပေးဖို့ ဘုရားသခင်ဆီမှာဆုတောင်းနေတာ"
ကလေးငယ်ရဲ့စကားနားထောင်ပြီးတာနဲ့အမျိုးသမီးဟာ ကလေးငယ်ကိုဆိုင်ထဲကိုခေါ်သွားရင်းအရောင်းစာရေးကိုရေတစ်ဖလားနဲ့ တဘက်တစ်ထည် ရနိုင်မလား လို့မေးတယ်။တအောင့်အကြာမှာပဲအမျိုးသမီးတောင်းတာကိုစာရေးကယူလာပေးတယ်။အဲဒီနောက်အမျိုးသမီးဟာကလေးငယ်ကိုဆိုင်အနောက်ဘက်ခေါ်သွားတယ်။
ူသူ(မ)ရဲ့လက်အိတ်ကိုချွတ်ပြီးဒူးထောက်လိုက်တယ်။အဲဒီနောက် ကလေးငယ်ရဲ့ ခြေထောက်တွေလက်တွေကို သေချာဆေးကြောပေးတယ်။ပြီးတာနဲ့ကလေးငယ်ကိုဖိနပ်ဆိုင်ထဲပြန်ခေါ်သွားရင်း
အရောင်းစာရေးကို ဖိနပ်တစ်ရံနဲ့ခြေအိပ်တစ်စုံယူလာပေးဖို့တောင်းလိုက်တယ်။
စာရေးကခြေအိတ်နဲ့ဖိနပ်တွေယူလာပြီးအမျိုးသမီးကိုပေးတယ်။အဲ့ဒါတွေကိုယူပြီးအမျိုးသမီးကနောက်တစ်ခါဒူးထောက်တယ်။ကလေးငယ်ကိုခြေအိတ်စွပ်ပေးရင်းဖိနပ်စီးကြည့်ခိုင်းတယ်။ပြီးတာခြေအိတ်တွေထပ်ဝယ်ပြီးကလေးငယ်ကိုပေးတယ်။
အမျိုးသမီးဟာကလေးငယ်ရဲ့ခေါင်းကိုအသာအယာပုတ်ရင်းမေးတယ်။
"သား ...အခုပိုပြီးနေလို့ကောင်းသွားပြီလား"
သူ(မ)ပြန်လုဆဲဆဲမှာပဲ ကလေးငယ်ဟာသူ့ရဲ့မျက်ဝန်းတွေမှာ မျက်ရည်အရွှဲ သားနဲ့ သူ(မ) လက်ကိုဖမ်းဆုပ်ကိုင်ရင်းမေးတယ်။
"အန်တီက ဘုရားသခင်ရဲ့ ဇနီးလောင်းလားဟင်"
Danieldmyo( လက်သစ်ကြယ်)

http://moralstories26.com/tag/heart-touching-short-stories/ မှ
Rich Lady and Little Kid..!! ကိုဆီလျော်အောင်ပြန်ဆိုသည်။

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 66028.29
ETH 2694.36
USDT 1.00
SBD 2.89