My chicken soup

in #inspiration7 years ago

မနေ့က ကလေးနှစ်ယောက် ခေါင်းအုံးရိုက်ပွဲ
ဗွီဒီယိုဖိုင်လေး တက်လာတာ မြင်ရတယ်…
တချို့ကလည်း အကြိမ်ကြိမ် လဲကျနေတဲ့ မိန်းကလေးက
နောက်ဆုံး နိုင်သွားတာကို
အရမ်းသဘောကျ နေကြတယ်…
ဘဝအတွက် အားအင်တွေ
ရကြတယ်တဲ့…

အော်… ဘဝ ဆိုတာ
လက်ထဲက ခေါင်းအုံး ပြုတ်ကျသွားလို့
ပြန်ကောက်ပေးမယ့်သူတွေ
ဘေးမှာ ရှိနေမလား…

ကိုယ် ခြေချော်ကျတိုင်း ပြန်လည်တည့်မတ်ပြီး
ဝါးလုံးပေါ် ပြန်တင်ပေးမယ့်
လူတွေချည်း ရှိနေမလား…

ထိုးနှက်နေတဲ့ လောကဓံကို
ခဏလေး မရိုက်ပါနဲ့ဦးလို့
လာတားပေးတဲ့ သူတွေ ရှိနေမလား…
image

ကိုယ် မနိုင်မချင်း အထောက်အပံ့ မျိုးစုံပေးပြီး
ယှဉ်ပြိုင်ခွင့် ပေးမယ့် ပတ်ဝန်းကျင်ကောင်းများ ရှိနေမလား…

ပြိုင်ဘက်က အားသာနေလို့ဆိုပြီး
ကိုယ့်ဘက်က ကူပေးမယ့်
ဒိုင်တွေများ ရှိနေမလား…

ကိုယ်ကတော့ ရယ်စရာ ဗီဒီယိုဖိုင်လေး
ကြည့်လိုက်ရတာက လွဲရင်
ဘဝအတွက် ဘာ အားအင်မှ မရလိုက်ပါဘူး…
ဘဝက ဒီလောက်မှ မလွယ်ဘဲလေ… =D =D =D image

Sort:  

This post has received a 0.10 % upvote from @drotto thanks to: @banjo.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67638.45
ETH 2614.27
USDT 1.00
SBD 2.67