အနိစ္စတရားကိုလက်​​တွေ့သိမြင်​ခြင်း( Practically encountering instability)

in #in7 years ago (edited)

ကျွန်​မတို့ဗုဒ္ဓမြတ်​စွာဘုရားက အရာရာတိုင်းသည်​ တည်​မြဲခြင်းမရှိ။ မမြဲပါဟု​ဟော​တော်​မူခဲ့ပါသည်​။ ထိုအရာကို ဘုန်​ကြီးရဟန်းသံဃာများ၏ တရား​တော်​များအား နာကြားခြင်း၊ တရားစာ​ပေများဖတ်​ခြင်း​ဖြင့်​သာ
ကြားဖူးခဲ့ပါသည်​။လက်​​တွေ့တွင်​မူတိတိကျ မ​တွေကြုံဖူးခဲ့ပါ။ ကျွန်​မအတွက်​ ဗုဒ္ဓမြတ်​စွာ​ဟောကြားခဲ့​သော အနိစ္စတရားကိုလက်​​တွေ့ကျကျ ​တွေ့မြင်​ခဲ့ခြင်းမှာ၂၀၀၈ခုနှစ်​၊​ဧပြီလ၁၃ရက်​​နေ့တွင်​ဖြစ်​ပါသည်​။
ကျွန်​မတို့မိသားစုတွင်​ မိသားစုဝင်​၄​ယောက်​ရှိပါသည်​။ အ​ဖေ၊ အ​မေ၊ကျွန်​မနှင်​​မောင်​​လေးဖြစ်​ပါသည်​။၂၀၀၈ခုနှစ်​ဧပြီလ၁၃ရက်​​နေ့ကား ကျွန်​မတို့မိသားစုအတွက်​ ပြင်းထန်​​သောကံဆိုးမိုး​မှောင်​ကျခဲ့​သော​နေ့တစ်​​နေ့ပင်​ဖြစ်​ပါသည်​။ထို​နေ့က သင်္ကြန်​ အကြို​နေ့ဖြစ်​၍ အ​ဖေ့ရုံးပိတ်​ရက်​လည်းဖြစ်​ရာ မိသားစုစုံစုံလင်​လင်​ဖြစ်​​နေပါသည်​။ပျော်​​ပျော်​ပါးပါးရယ်​စရာ​မောစရာများ​ပြောလိုက်​၊မုန့်​လုပ်​စားလိုက်​ဖြင့်​​အပန်း​ဖြေ​နေကြပါသည်​။ ည​နေ ၆နာရီ​လောက်​တွင်​ ကျွန်​မအ​မေ​နောက်​​ဖေးမီးဖို​ချောင်​သို့ ဝင်​သွားရာ ရုတ်​တရပ်​လဲကျသွားပါသည်​။ကျွန်​မတို့ကိုလည်း အ​မေ့ဆီ​ပြေးသွားပြီးကြည့်​ရာသတိလစ်​​နေသည်​ကို​တွေရပါသည်​။ အချိန်​မီအ​မေ့ကိုကားဖြင့်​​ဆေးရုံသို့ကားဖြင့်​ပို့ခဲ့​သော်​လည်း လမ်းတွင်​ပင်​အသက်​ထွက်​သွားခဲ့ပါသည်​။ ဆရာဝန်​၏​စစ်​​ဆေးချက်​အရ ဦး​နှောက်​​သွေး​​ကြောပျက်​ ခြင်းလို့​ဆေးစစ်​ချက်​ရပါသည်​။ ဤသည်​ကားကျွန်​မဘဝတွင်​ ဘုရား ရှင်​​ဟောကြားခဲ့​သောအနိစ္စတရားကို လက်​​တွေ့ကျကျသိမြင်​ကြုံ​တွေ့ခဲ့ခြင်းပင်​ ဖြစ်​ပါသည်​။ ကျွန်​မတို့မိသားစုက​လေး မနက်​ပိုင်းအချိန်​က​ပျော်​​ပျော်​ပါးပါး​နေကြသည်​။ ည​နေပိုင်းတွင်​ မိသားစုဝင်​တစ်​​ယောက်​​လောကကြီးမှ ထွက်​ခွာခဲ့၍ ဝမ်းနည်းပူ​ဆွေးခဲ့ရသည်​။ သို့ဖြစ်​၍ မြတ်​စွာဘုရားက အရာအားလုံးသည်​ အနိစ္စတရား၊ မမြဲ​သောတရားသာဖြစ်​သည်​ဟု​ဟော်​​တော်​မူခဲ့ခြင်းဖြစ်​သည်​။ ထို့​ကြောင့်​ကျွန်​မတို့သည်​ရခဲလှ​သောလူ့ဘဝ၌ မမြဲ​သော အနိစ္စတရားကို နှလုံးသွင်း၍ ကုသိုလ်​တရားလက်​ကိုင်​ထားကာကြိုးစားအားထုတ်​သင့်​ပါ​ကြောင်း​ရေးသားတင်​ပြလိုက်​ရပါသည်​ရှင်​။

image

Buddha preached that everying is not stable and is degenerating.I had study and read instability from religional books and Buddhist monks'lectures.But practically I had not encountered this.The time of the experiencing instability which was preached by Buddha was April;13;1998.There were four members in my family and they were my father; my mother; my little brother and myself.That date was the day which was unfortunate badly for my family.That day was the starting day of Thingyun festival and my father's holidays.So  all family members had been home.We took a rest with cooking and eating and were happy. My mother went into the kitchen and suddenly fell down at 6pm. We ran to her and saw that she had been slipping mind.Although we instantly sent her to the hospital by car;  she was died on the way.We knew that her death was blocking blood veins in her brain with doctor's medical check-up.This situation was that I encounterd  practically  instability which was preached by Buddha.My family was very pleasant in the morning.But one of the family members was passed away in the evening and we grieved.

So Buddha preached that everything is not stable.Finally I think that I should try to increase the merits in human life which is difficultly attained.
@eieikhing
MSC No. 173

Sort:  

အမိအဘသေဆုံးခြင်း၊ သားသမီးသေဆုံးခြင်း ၊မိတ်ဆွေများချစ်ခင်သူများ သေဆုံးခြင်းသာမက မိမိကိုယ်တိုင်းလည်း မလွဲမသွေ သေဆုံးရမည်သာဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် အနိစ္စသဘောကို မိမိကိုယ်တိုင်တွေ့မြင်ခြင်းဆိုသည်မှာ မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်မှူကြောင့် ခန္ဓာပေါ်တွင် ဖြစ်ခြင်းပျက်ခြင်းသဘောကို သိ မြင်လာခြင်းကိုဆိုလိုပါသည် ၊ ဘာသာခြားသူတို့မှ မင်းတို့ဘာသာတစ်ခုသာ အနိစ္စကို သိတာမဟုတ် ငါတို့မိဘတွေသေလို့ ဒါတွေသိမြင်ပြီးသားဟု ယူဆသွားနိုင်သောကြောင့် ရှင်းပြရခြင်းဖြစ်ပါသည်

အခုလို​ပြောပြ​ပေးတာ​ကျေးဇူးတင်​ပါတယ်​ရှင်​ 

Congratulations @eieikhing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58239.61
ETH 2287.71
USDT 1.00
SBD 2.50