How to richsteemCreated with Sketch.

in #how7 years ago

ကျနော် အခုတလော အလုပ်တွေ ၁ခုပြီး ၁ခု လုပ်တာမြင်တော့ သူငယ်ချင်းတွေက အံ့သြကြတယ်။ ထင်ကြေးအမျိုးမျိုးနဲ့ စကြ နောက်ကြတာပေါ့။ (တကယ်တော့ ကျနော် စိတ်ပြောင်းသွားတာ မဟုတ်ဘူး။ ခံယူချက်ပြောင်းသွားလို့ပါ။)
.
ခင်များတို့ စဉ်းစားကြည့်ဖူးလား?
ကျနော်တို့နဲ့ သိတဲ့လူကောင်းတွေ အများစုက ဘာဖြစ်လို့ မချမ်းသာကြတာလဲ ??
.
အပြင်လောကမှာပဲဖြစ်စေ ၊ ရုပ်ရှင်ထဲကပဲဖြစ်စေ စိတ်ကောင်းရှိတဲ့ လူကောင်းတွေ ၉၇% လောက်က ဘာဖြစ်လို့ မချမ်းသာကြတာလဲ ??
.
ဆင်းရဲတဲ့ လူဆိုးက လူငှားပြီးတော့ လူမသတ်နိုင်ပါဘူး။ ဆင်းရဲသော လူဆိုးက ကွန်တိန်နာလိုက် မူးယစ်ဆေးဝါး ကုန်မကူးနိုင်ပါဘူး။
ဒါပေမဲ့ ချမ်းသာတဲ့ လူဆိုးက ဒီထက်ကို ပိုဆိုးတဲ့ အရာကိုတောင် လုပ်နိုင်ပါတယ်။
.
ထိုနည်းတူ...
ဆင်းရဲတဲ့ လူကောင်းမှာ ဆုံးဖြတ်ချက်ကြီးကြီးမားမားချပိုင်ခွင့်မရှိဘူး။
ဆင်းရဲတဲ့ လူကောင်းက သူကူညီချင်သလောက် မကူညီနိုင်ဘူး။
.
ဒါပေမဲ့ ချမ်းသာတဲ့ လူကောင်းက ပတ်ဝန်းကျင်ကို သူကူညီချင်သလောက် ကူညီပေးလို့ရပါတယ်။
(ဥပမာ - ခင်ဗျားက မတရားတဲ့အမှုတစ်ခုကို ကူညီချင်တယ် ခင်ဗျားဘာလုပ်နိုင်ပေးမှာလဲ?? ဓာတ်ပုံရိုက်မယ်။ Facebook ပေါ်တင်မယ် ?? ခင်ဗျား အဲ့ဒီ အမှု မတရားဘူးလို့ ဘယ်လောက်ပဲအော်အော် ဘာကိုပြောင်းလဲနိုင်မှာလဲ?? တည့်တည့်ပြောတာပါ)
.
ဒါပေမဲ့ ခင်ဗျားသာ နာမည်ရှိပြီး ချမ်းသာတဲ့လူကောင်းတစ်ယောက်ဆိုရင် ခင်ဗျားပိုပြီး ကူညီပေးနိုင်မှာပါ။
.
ဒါဆိုရင် ခုနက မေးခွန်းလေးအကြောင်းပြန်ဆက်ပါရစေ။ ဘာဖြစ်လို့ လူကောင်းအများစုက မချမ်းသာကြတာလဲ ??
ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ထဲမှာ ငွေကိုလက်မခံချင်ကြလို့ပါ။
ငွေများများ သူတို့လက်ထဲရောက်ရင် သူတို့စိတ်ထဲမှာ မှားနေသလိုမျိုး ခံစားရကြရတယ်။
သူတို့ကျ ငွေများများဝင်ပြီး တခြားလူတွေ ဆင်းဆင်းရဲရဲ တွေ့တဲ့အခာ စိတ်ထဲက လက်မခံနိုင်တဲ့ အတွက်ကြောင့်ပါ။
.
ဒါကြောင့် နည်းအမျိုးမျိုးသုံးပြီး အဲ့ဒီငွေကို ကိုယ့်ဆီကနေ မထွက်ထွက်အောင် လုပ်ကြပါတယ်။ ဒါမှမဟုတ် ကိုယ့်ဆီဝင်လာမည့် ငွေကို ငြင်းဆန်ကြပါတယ်။
(ကျွန်တော်အဲ့လိုပြောတာ လက်ခံနိုင်တဲ့သူရှိသလို လက်မခံနိုင်တဲ့သူလည်း ရှိလိမ့်မယ်။ ဒါပေမဲ့ ဒီထက်ပို အခြေခံကျတဲ့ အကြောင်းပြချက် မရှိတော့ပါဘူး။)
.
ဆိုတော့.. အဲ့ဒီ လူကောင်းတွေရဲ့ ခံယူချက်က မှားပါတယ်။
.
ဒီနေ့ ပိုက်ဆံဆိုတာ သေနတ် ၁လက် လိုပါပဲ ။
လူကောင်းတွေ လက်ထဲရောက်ရင် ကျွန်တော်တို့အားလုံးကိုအန္တရာယ်ကနေ ကာကွယ်မှာပါ ။
လူဆိုးတွေ လက်ထဲရောက်ရင် ကျွန်တော်တို့ကို အဲ့ဒီသေနတ်နဲ့ ချိမ်းခြောက်မှာပါ ။
.
ဒါကြောင့် ဒီနေ့ခင်ဗျား သာ လူကောင်းတစ်ယောက်ဆိုရင် အောင်မြင်အောင်ကြိုးစားပါ။ ချမ်းသာအောင်ကြိုးစားပါ။
.
မှတ်ထားပါ ..
ခင်ဗျားလို လူကောင်းက ချမ်းသာမှ ခင်များမိသားစု၊ ခင်များပတ်ဝန်းကျင်။ ကိုယ့်မြို့၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ ပိုပြီးတော့ သာယာအေးချမ်းနိုင်ပါလိမ့်မယ်။
ခင်ဗျား ချမ်းသာမှ ခင်ဗျားမှာ ပြောပိုင်ခွင့် ၊ လုပ်ပိုင်ခွင့်ရှိပါတယ်။
.
ဒါကြောင့်နောက်ဆုံးစကား..
“လူကောင်းတွေက ချမ်းသာအောင် ကြိုးစားသင့်တယ်”

#blackbin
#beblackbintobeflashlightforpeopleFB_IMG_1499346296818.jpg

Sort:  

Congratulations @bonemyatthway! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60185.13
ETH 3290.40
USDT 1.00
SBD 2.44