ညှီစို့စို့အနံ့တို့နောက်ကွယ် (၆)

in #horror6 years ago (edited)

" ညှီစို့စို့အနံ့တို့နောက်ကွယ် (၆) "
[၁၃ နှစ်အထက်သာဖတ်ရန်]


29315069_1439199916182180_4208967898816839680_n.jpg

လေအေးများက ရုတ်တရက်အခန်းထဲမှာ ဝေ့ဝဲတိုက်ခတ်လာပြီးနောက် စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာတို့က လေတိုက်ရာအတိုင်း လန်လို့သွားပြီးနောက်မှာ စာမျက်နှာလေးတစ်ခုရှိရာသို့အရောက်မှာ လေများက ရုတ်တရက်ငြိမ်သွားလေတော့သည်။ လင်းထက်ယံက စာမျက်နှာလေးရှိရာကို ငုံ့ကာကြည့်မိလိုက်တော့ လွန်ခဲ့သော နှစ်နှစ်ခန့်ကအဖြစ်အပျက်လေးတစ်ခု . . . .။
သူနဲ့ သီရိပင် ထိုအချိန်က ချစ်သူမဖြစ်ကြသေး . . . ။ လင်းထက်ယံက ဘေးမှာအသင့်ရှိနေသော ခုံလေးမှာထိုင်လိုက်ပြီးနောက် စာအုပ်လေးကို ကောက်ကိုင်လိုက်သည်။ စာမျက်နှာရဲ့ ဘယ်ဘက်အပေါ်ထိပ်မှာတော့ ရက်စွဲလေးတစ်ခု . . .။
၂၇.၇.၂၀၁၅ တဲ့ . . . . . ။
သှူုအောက်မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို စာရေးဆရာမဟုတ်သော သာမန်လူတစ်ယောက်၏ အရေးအသားဖြင့် ရေးသားလို့ထားသည်။ ရိုးရှင်းတဲ့စာသားလေးတွေက မျက်ရည်ပေါက်တို့ ပိုးပိုးပေါက်ပေါက်ကျထားသော စာရွက်လေးထက်မှာ မင်တို့ကလည်း ဟိုတစ်စ ဒီတစ်စစွန်းကာ နှင့်ဖော်ပြလို့ထားသည်။ စာအုပ်လေးထဲက ဖြစ်ရပ်မှန်ခံစားချက်လေးကတော့ အောက်ပါအတိုင်းပင်ဖြစ်တော့သည် . . .။
× × × × × × × × ×
27.7.2015
ဒီကနေ့ဆိုရင် ကျွန်မ မှုခင်းဆိုင်ရာ ကွန်ပျူတာနည်းပညာရုံးမှာ နည်းပညာရှင်မလေး သီရိအဖြစ်နဲ့တာဝန်ထမ်းဆောင်တာ ၂ နှစ်တိတိပြည့်တဲ့နေ့ပါ . . .။ ကျွန်မတို့အဖွဲ့ဟာ အွန်လိုင်း အင်တာနက်နဲ့ပတ်သတ်တဲ့ အရှုပ်အထွေးပြဿနာမှန်သမျှ အားလုံးကို ဆူဆူပူပူမဖြစ်အောင် နောက်ကွယ်ကနေ တိတ်တဆိတ်ဖြေရှင်းပေးရတာပေါ့။ ကျွန်မတာဝန်ဟာ SS 7 (Signalling System 7) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းအော်ပရေတာများရဲ့ ဆစ်ဂနယ်ပြသမှုများဆိုင်ရာထိန်းချုပ်မှု ကွန်ရက်စနစ်ကြီးတစ်ခုလုံးကို ကိုင်တွယ်ထားရတာပါ။ မြန်မာပြည်တွင်းက MPT, Telenor, Ooredoo စတာတွေအပြင် ကမ္ဘာ့အော်ပရေတာကြီးတွေဖြစ်တဲ့ Verizon, DTAC, True, Viettel အစရှိတဲ့ မိုဘိုင်းအော်ပရေတာတွေအားလုံးရဲ့ ပို့သမျှ SMS အားလုံးလိုလိုဟာ SS-7 မှတစ်ဆင့်ဖြတ်သန်းရတဲ့အတွက် SS-7 ကနေတစ်ဆင့်ပဲ ကျွန်မတို့ဟာ လူတွေပို့ကြတဲ့ မသင်္ကာဖွယ်ရာ SMS တွေကိုစုံစမ်းစစ်ဆေးကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ထူးထူးဆန်းဆန်းဖုန်းနံပါတ်တစ်ခုက နောက်ထပ်ထူးထူးဆန်းဆန်းဖုန်းနံပါတ်တစ်ခုကနေ အခြားနံပါတ်တစ်ခုကို ပို့ထားတဲ့ ထူးဆန်းတဲ့ Message တစ်စောင်ကို ရှာတွေ့မိခဲ့ရပါတော့တယ်။
ပို့လာတဲ့ နံပါတ်က +999999999 ဖြစ်ပြီး လက်ခံတဲ့နံပါတ်ကတော့ +888888888 ပဲဖြစ်ပါတယ်။ နံပါတ်တွေထူးဆန်းနေသလို ပို့လာတဲ့ message စာသားက ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ပို့လာတဲ့ message မှာတော့
"ဝိဇ္ဇာတို့ဌာနီ အလုံပြည် ဖူးစာပန်းများပွင့်တော့မည်
၁၀ မိနစ်အတွင်း အော်ပရေတာဖွင့် ဖူးစာရှင်ကိုနားစွင့်စွင့်"
ဆိုသောစာလေးကို တွေ့မိလိုက်တယ်။ ဒီလိုနံပါတ်မျိုးမမြင်ဖူးတာကြောင့် မေးကြည့်မိတော့ ကောလဟလတွေအရ +999999999 ဖုန်းနံပါတ်ဟာ ဝိဇ္ဇာတို့ဌာနီ အလုံပြည်ရဲ့ လျှို့ဝှက်အဆက်သွယ်နံပါတ်ဆိုတာ သိခဲ့ရပြီး သတ်မှတ်ထားတဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ခဏပွင့်ချိန်မှာ အလုံပြည် call center ကိုဆက်တဲ့အခါ ထူးခြားတာတွေဖြစ်တတ်တယ်လို့ ကောလဟလတွေရှိဖူးတဲ့အတွက် အလုံပြည် Call Center ဖုန်းနံပါတ်ဆိုတဲ့ +999888 ကိုဆက်လိုက်မိတယ်။ အရမ်းစိတ်လှုပ်ရှားနေမိသလို ဖုန်းမဝင်ဘူးလို့ထင်ထားမိပေမယ့် တကယ်တမ်းမှာတော့ ဖုန်းဝင်သွားပြီး ကျွန်မဘာမှမပြောခင်မှာပဲ ဖုန်းထဲကနေ ကျွန်မကို ဖြေကြားခဲ့တယ်။
"မင်္ဂလာပါရှင် . . ဝိဇ္ဇာတို့ဌာနီအလုံပြည်မှ ကြိုဆိုပါတယ်ရှင့် . . လူကြီမင်းခေါ်ဆိုသောနိုင်ငံမှာ မြန်မာနိုင်ငံမှဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပင်မ ဘာသာစကားဖြစ်တဲ့ မြန်မာစကားနဲ့ပဲ ပြန်လည်ဖြေကြားပါ့မယ် .
လူကြီးမင်း၏ ဖူးစာရှင်အမည်မှာ လင်း . .ထက် . . ယံ ဖြစ်ပါတယ်ရှင် . . ထပ်ပြောပါမယ် . . လူကြီးမင်း၏ ဖူးစာရှင်အမည်မှာ လင်း . . ထက် . . ယံ ဖြစ်ပါတယ်ရှင် . . . မကြာမီ လင်းထက်ယံမှ လူကြီးမင်းဆီ ဖုန်းဆက်လာမှာဖြစ်ပါတယ်ရှင် . . ကျေးဇူးတင်ပါတယ်ရှင်"
တကယ် ဟုတ် မဟုတ် မသိပေမယ့် ကျွန်မ ခဏတာလောက် ဆွံ့အသွားပြီး ကတုန်ကယင်နဲ့ပဲ ဖုန်းကို ပြန်ကောက်ကြည့်လိုက်မိတယ် . . .ကျွန်မခေါ်တဲ့တဲ့ဖုန်းက အလုံပြည်က ဖုန်းနံပါတ်ဟုတ်မဟုတ်ဆိုတာကိုပေါ့ . . နောက်ပြီး ဖူးစာရှင်ဆိုသူ ဖုန်းဆက်လာမလားဆိုပြီး ဖုန်းမျက်နှာပြင်မပိတ်သေးသည်အထိ စောင့်ကြည့်နေခဲ့မိတယ်။ ခဏနေတော့ ဖုန်းနံပါတ်စိမ်းတစ်ခုက ချက်ချင်းပဲ ကျွန်မဖုန်းကို ဝင်လာခဲ့တယ် . . အဲ့ဒီနံပါတ်က 09 5****** ဆိုတဲ့နံပါတ်။ ပုံမှန်ဆို ဖုန်းအစိမ်းတွေကိုင်လေ့မရှိတဲ့ ကျွန်မ ဒီဖုန်းလေးကို ကိုင်လိုက်မိတယ် . . .။
"ဟယ်လို . . ဟုတ်ကဲ့ အမိန့်ရှိပါ . ."
"ဟယ်လို . . မယ်ရီလား . . ကိုယ် . .ကိုယ်လေ . . လင်းထက်ယံပါ . . "
တစ်ဖက်က လင်းထက်ယံဆိုတဲ့နာမည်ကြောင့် ကျွန်မအံ့အားသင့်သွားခဲ့တယ်။ မယ်ရီလားဆိုတဲ့ အမေးကြောင့် သူဖုန်းမှားဆက်တာကို သိလိုက်ရပေမယ့် မမြင်ဖူးရသေးတဲ့ အနာဂတ်ဖူးစာရှင်နဲ့ဖုန်းပြောရတယ်ဆိုတဲ့ ခံစားချက်က ကျွန်မ ခန္ဓာကိုယ်ထဲကရှိသမျှအရာအားလုံးကို မှော်ဆန်သွားစေခဲ့တယ်။ ဖုန်းမှားဆက်တာဖြစ်ပေမယ့် သူ့အသံက မေတ္တာသံအပြည့်နဲ့ ချိုမြိန်နေတာကြောင့် ကျွန်မ မျက်စိကလေးမှိတ် ခဏလောက်ပြုံးပြီး "အော် . . . ဒါ ငါ့ချစ်သူရဲ့အသံပါလား" ဆိုတာကို မိန်းမောခံစားပြီးနောက်မှာမှ ကျွန်မ သတိပြန်ဝင်လာပြီး ဖုန်းမှားဝင်ကြောင်း သူ့ကိုပြန်ပြောပြီးဖုန်းချလိုက်မိတယ်။
မယ်ရီဆိုတာ ဘယ်သူပါလိမ့် . . . ။ သူနဲ့ ဘယ်လိုပတ်သတ်နေတာလဲ . . ။ တစ်ခုခုသာဖြစ်နေမယ်ဆိုရင် ကျွန်မ ရင်ကျိုးရမှာလေ . . ။ အသံကလည်း ချိုသာနေလိုက်တာဆိုတော့ သူတို့က ချစ်သူတွေများလား . . . ။ သူဖုန်းမှားဆက်တာဆိုတော့ သူ မယ်ရီ့ဖုန်းနံပါတ် အမှန်ကို ပြန်ဆက်မှာပဲ . . ။ ဖုန်းနံပါတ် အမှန်ကို စုံစမ်းကြည့်ရမလား . .။
ခေါင်းထဲမှာ ပဟေဠိပေါင်းများစွာနဲ့ ချာချာလည်လာပြီးနောက်မှာ စူးစမ်းလိုစိတ်က ငယ်ထိပ်ထိရောက်လာခဲ့တယ်။ ကျွန်မရှေ့ကွန်ပျူတာက SS-7 စနစ်ဖွင့်ထားတဲ့ Linux Window ကို တစ်ချက်ကြည့်မိလိုက်တယ်။ ကျွန်မ သူ့ဖုန်းနံပါတ်ကို ခိုးဝင်ပြီး ခိုးနားထောင်ရင်ကောင်းမလားတွေးမိတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်က ပေးထားတဲ့အခွင့်အရေးကို အလွဲသုံးစားလုပ်ရာများကျနေမလားဆိုပြီး သံသယပြန်ဝင်မိပြန်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ SS-7 ထဲကို သူ့ဖုန်းနံပါတ်ပါတဲ့ Command ကို ရိုက်ထည့်လိုက်တော့ သူ့ဖုန်းက အခု On Call ဖြစ်နေတာကို တွေ့တာကြောင့် နားကြပ်ကို နားမှာသေချာတပ်ပြီးနားထောင်ကြည့်လိုက်မိတယ်။
"မယ်ရီ . . ခုန ကိုယ် အခြားသူဆီဖုန်းမှားဆက်မိတာကွ . . . ကိုယ်ဒီမှာ မယ်ရီ့ကို အရမ်းသတိရနေတယ်ကွာ . .အခုအားလား . . . တွေ့ရအောင်လေ . ."
"အို . . ကိုကလည်း တွေ့ပြီးရင် အမြဲတမ်း . . အဟင်းဟင်း . . ကဲ. . ပြော . . ဘာလိုချင်လဲ . .BDSM လား Hard Core လား . .ဘာ position နဲ့လုပ်ချင်လဲ . ."
"အဟား . . အဲ့ဒါကြောင့် ကိုယ်ကမယ်ရီလေးကို ချစ်နေရတာကွ . . ကိုယ်အခု Public Sex (လူထူထပ်ရာနေရာမှာလိင်ဆက်ဆံခြင်း) လုပ်ချင်နေတာကွ . . အရင်ဆုံး လုပ်နေကျအတိုင်း ကိုယ့်ကိုမှုတ်ပေးလေ . . ပြီးတော့မှ feel လာတဲ့အတိုင်းလုပ်ကျတာပေါ့ . . ."
"ကိုကလည်း . . အပြင်နေရာမှာ sex ဖြစ်ကြမယ်ဆိုတော့ အဟင်းဟင်း . . အရည်တွေတောင်ရွှဲနေပြီ . .ဒီမှာ . . မြန်မြန်လာတော့ . . တွေ့မယ့် လိပ်စာ message ကနေပို့ပေးလိုက်မယ် . . ဒါပဲ . .ဟွန်း"
ဖုန်းခေါ်ဆိုမှုက ဒီမှာတင်ပြီးသွားပေမယ့် ကျွန်မခံစားချက်တွေက မပြီးနိုင်သေးပါဘူး။ ကျွန်မနှလုံးတွေအောင့်တက်လာသလို နှလုံးအောင့်တာနဲ့အတူ မျက်ရည်တွေလည်းဝဲလာမိတယ်. . ဟင့်အင်း . . ကျွန်မအချစ်ရေးက ဒီလို ဘယ်တော့မှမဖြစ်ရဘူး . . သူတို့ဘယ်အဆင့်ထိရောက်နေပြီလဲ . . ရူးကြောင်ကြောင်နိုင်ပေမယ့် ကျွန်မ ရအောင်တားမှရမယ် . . .။ ကိုယ်ချစ်တဲ့သူက အခြားသူနဲ့ လိင်ကိစ္စကြည်နူးနေတာ အသံကြားရတာတောင်ရင်မှာနာမိပါတယ်။ အပြင်မှာဆိုရင်ကော ဟင့်အင်း . . အဖြစ်မခံနိုင်ဘူး။ ကျွန်မ SS-7 ကနေပြီး သူတို့ပို့တဲ့ Message ထဲက လိပ်စာကို ယူလိုက်ကာ ရုံးထဲမှလူများကို ခွင့်ပန်ပြီးချက်ချင်းပဲ ထွက်လာခဲ့လိုက်ပါတော့တယ်။
တစ်လမ်းလုံး ကျွန်မနှုတ်ကနေ တဖွဖွဆုတောင်းမိနေတာကတော့ သူတို့ဘာမှမလုပ်ဖြစ်ကြပါစေနဲ့ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ . .။ ကျွန်မခေါင်းထဲမှာလည်း ရုတ်တရက်ပဟေဠိတွေနဲ့ . .။
လင်းထက်ယံက ဘယ်လိုပုံလဲ . . ။
ဘယ်လိုစရိုက်လဲ . . ။
ကျွန်မဖူးစာရှင်ဘယ်လိုဖြစ်လာနိုင်မှာလဲ . .။

အပိုင်း(၇)ဆက်ရန်

Own Feeling @ 2018 by
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine

Sort:  

You got a 6.94% upvote from @upmewhale courtesy of @aurokarshine!

Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63510.21
ETH 3068.27
USDT 1.00
SBD 3.81