အခက်​အခဲ​တွေကြုံလာတိုင်း ပြုံးလိုက်​ပါ ညီမ​​လေး

in #hope6 years ago

အခက်​အခဲ​တွေကြုံလာတိုင်း ပြုံးလိုက်​ပါ ညီမ​​လေး
✒✒✒✒✒✒✒✒✒✒✒✒✒✒✒
image
ဘဝပုစ္စာ​တွေ​ဖြေရှင်းရတာ တစ်​ခါတစ်​​လေမှာသိပ်​ကိုခက်​ခဲလွန်းပါတယ်
စိတ်​ဓာတ်​ကျလွယ်​တဲ့ ညီမ​လေးအတွက်​ အဆင်​​ရော​ပြေပါ့မလား###

လွယ်​လွယ်​နဲ့အရှုံး​ပေးလိုက်​မှာ စိုးရိမ်​မိတယ်​ကွယ်
ညီမ​လေး​ရေ~~~
လေးဖြူ ဆိုထားတဲ့ "ယုံကြည်​ရာ"သီချင်း​လေး
နား​ထောင်​ဖြစ်​လား အရမ်းကို​ကောင်းပါတယ်​​နော်
နားမ​ထောင်​ဖြစ်​ရင်​ နား​ထောင်​ကြည့်​ပါ
ညီမ​လေးအတွက်​ စိတ်​ခွန်​အားဖြစ်​​စေမှာ အ​သေအချာပါ

ကိုယ်​ယုံကြည်​ရာပန်းတိုင်​ကို ​အဆုံးထိ​​ရောက်​​အောင်​လျှောက်​လှမ်းပါ​နော်
လမ်းခုလတ်​မှာပဲ ဘာအ​ကြောင်းနဲ့မှ ရပ်​တန့်​မပစ်​လိုက်​ပါနဲ့

ညီ​မ​လေး​ရေ~တစ်​ခါတစ်​ခါ စဉ်းစားကြည့်​မိရဲ့လား
လုပ်​နိုင်​မှာမဟုတ်​ပါဘူးလို့ ထင်​ထားတဲ့အရာ​တွေကို ညီမ​လေး
လုပ်​နိုင်​ခဲ့တယ်​ဆိုတာ ~~~

တကယ်​​တော့ စိုးရိမ်​စိတ်​​တွေများ​နေလို့ ကိုယ့်​အရည်​အချင်း​တွေကို
မေ့​နေတာပါ ညီမ​လေးမှာ အစွမ်းအစ​တွေကရှိပြီးသားပါ

မှားမှာမ​ကြောက်​ပါနဲ့ညီမ​လေး​ရေ~
မှားသွား​တော့ဘာဖြစ်​လဲ မမှားဘူးတဲ့သူရှိပါ့မလား
အမှား​တွေက​နေပဲ သင်​ခန်းစာ​တွေယူပြီး အမှန်​​ပြင်​ကြရတာပါပဲ

မကြီးဖတ်​မှတ်​ဖူးတာ​လေး ​ညီမ​လေးကိုပြောပြရအုံးမယ်
မှားမှာ​ကြောက်​လို့ ဘာမှမလုပ်​ရဲတဲ့သူဟာ အမှား​တော့ကင်း​ပေမယ့်
အရည်​အချင်းပါ ကင်းမဲ့သွားမယ်​တဲ့

ကဲ~ညီမ​လေး​ရော ဘယ်​လိုလုပ်​မလဲ~~~

ဝမ်းနည်းခြင်းနဲ့​ပျော်​ရွှင်​ခြင်းက ဒွန်​တွဲ​နေတာပါ ညီမ​လေး
မုန်တိုင်းပြီးရင်​ ​လေ​ပြေလာမှာမို့ အားတင်းပြီး
လျှောက်​လှမ်းပါကွယ်

မိန်းက​လေး​တော့မိန်းက​လေးပဲ
ဒါ​ပေမဲ့ ​ပျော့ညံ့တဲ့မိန်းက​လေးမဖြစ်​​စေနဲ့ညီ​မ​လေး​ရေ
ကိုယ့်​​ခြေ​ထောက်​​ပေါ်ကို ရပ်​တည်​နိုင်​​တဲ့အ​ကြောင်း
တစ်​​လောကလုံးကို သက်​​သေပြလိုက်​စမ်းပါ

ထာဝရ​ပျော်​ရွှင်ပါ​စေ ညီမ​လေး​ရေ~~~

ဇင်​မာ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60497.39
ETH 2637.52
USDT 1.00
SBD 2.56