To Sagaing From InnWa

in WORLD OF XPILAR4 years ago

မင်္ဂလာပါ

မယ်နုအုတ်ကျောင်း တစ်ပတ်ပတ်ကြည့်ရင်း ဧရာဝတီမြစ်
ကမ်းဘေး ရောက်ခဲ့ပါသေးတယ်။
ဧရာဝတီမြစ်ကမ်းဘေး ရောက်ခဲ့တော့ စစ်ကိုင်းမြို့
ဘက်ခြမ်းကို လှမ်းမြင်ရပါတယ်။

ဒါနဲ့ပဲ ဖုန်းကင်မရာလေး ဖွင့်ကာ မှတ်တမ်းတင်ရတော့ပါပဲ။

IMG_20200719_175502.jpg

ပထမဆုံး စစ်ကိုင်းတောင်ရိုး ကို နောက်ခံ ထားပြီး
အင်းဝတံတား (စစ်ကိုင်း) နှင့် ရတနာပုံတံတားကြီး
နှစ်စင်းလုံးကို မြင်နေရပါတယ်။

IMG_20200719_175523.jpg

အဲသည်မှ ဘယ်ဘေးသို့ လှည့်လိုက်တော့ စစ်ကိုင်းမြို့
အတွင်းမှ ထူပါရုံစေတီတော် နှင့် တာဝါတိုင်ကြီးကို
မြင်နေရပါတယ်။

အင်းဝဘက်ကမ်း မြစ်ရေစပ်မှာတော့ ငှက်ပျောခြံကို
တွေ့မြင်ရပါတယ်။ ရေတတ်ရေကြီးနေလေတော့ ငှက်ပျော
ပင်တွေ ရေဝိုင်းခံနေရပြီပေါ့ဗျာ။

ထိုသို့ ခဏတာ လေညင်းခံ လှည့်ပတ်ကြည့်ပြီးမှပဲ
မယ်နုအုတ်ကျောင်းဘက် လှည့်ကာ ပြန်ခဲ့ပါတော့တယ်။

နောက်ထပ် အခြားနေရာတွေ သွားစရာ ရှိသေးတာမို့
ခတ်သုတ်သုတ်ပဲ ထွက်ခဲ့ပါတော့တယ်ဗျာ။

မိတ်ဆွေများ စိတ် ငြိမ်းအေး သာယာ ကြပါစေ။

@golden.future

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56160.19
ETH 2367.48
USDT 1.00
SBD 2.31