အိုးပုတ်စပယ်
ဖြူဖွေးဖွေး အလှပဂေးလေးတွေကို
တင်ပြချင်ပါတယ်။
သူမတို့က ရုပ်ရည် ဖြူလွှသလောက် ရနံ့လည်း သင်းပျံ့မွှေး
လှတဲ့သူလေးတွေပါ။
မြင်သူဘဝင် ကြည်လင်ရသလို ရှူသူနှလုံး လန်းဆန်းစေတာပေါ့။
သူမတို့ရဲ့ နာမည်လေးက စပယ်အိုးပုတ်
တဲ့ဗျ။
သူမတို့ကို စိုက်ပျိုးထားတာ မကြာသေးပါဘူး။
ဒီလမှာတော့ သူမတို့ စဖူးငုံကာ ပွင့်လာကြလေပြီပေါ့ဗျာ။
ပထမပုံလေးက နောက်မှ ရိုက်ယူထားတာပါ။
ငွားငွားစွင့်စွင့် ပွင့်လာတဲ့ အချိန်မှာပေါ့။ ထားမယ်ဆို
ဒီထက်မက ပွင့်အာကြဦးမှာပါ။
အပွင့် အတော်ကြီးတဲ့ စပယ်မျိုးပါပဲ။ ပွင့်ချပ်လွှာတွေ
ပေါများပြီး ရနံ့သင်းထုံလှပေါ့။
ဒုတိယပုံက အပေါ်ပုံ မရိုက်ခင် အရင်ရက်က ရိုက်ယူ
ထားရတာပါ။
အငုံအဆင်းလေးလည်း လှပေတာမို့ပါ။
ဒီလိုမှလည်း ပို့စ်တစ်ပို့စ် နှစ်ပုံ တင်ဖြစ်တော့တာပါပဲ။
ကဲ မိတ်ဆွေတို့ရေ
စပယ် အလှ ရှုစားရင်း ဘဝအမောတွေ ပြေနိုင်ကြပါစေ။